မိုင်းကိုင်မြို့နယ် အမျိုးသားတစ်ဦးကို SSPP/SSA တပ်ဖွဲ့က ပစ်သတ်ခဲ့ပြီး လျော်ကြေးငွေပေး

သျှမ်းပြည် လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် လွယ်ယန်းကျေးရွာ ဒေသခံအမျိုးသားတစ်ဦးကို SSPP/SSA က သတ်ဖြတ်ခဲ့ပြီး လျော်ကြေးငွေ ပေးဆောင်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်း

ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့တွင် လွယ်ယန်းကျေးရွာ နေထိုင်သည့် အသက် (၅၀) အရွယ် ဦးပေါ်ထွေး တောထဲ ကျွဲသွားကျောင်းစဥ် SSPP/SSA တပ်သားများ နှင့် တွေ့ဆုံခဲ့ပြီး ထွက်ပြေးသွားသည့်အတွက်ကြောင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ကျည်ထိမှန် သေဆုံးသွားခဲ့ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော် SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး သီဟရာဇာက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဖြစ်စဉ်က သူသွားလာနေတဲ့ နေရာမှာ ဗုံးပေါက်ကွဲတယ်။ ဗုံးပေါက်ကွဲတော့ ကျနော်တို့ လူတွေလည်း စစ်ဆေးရေးလုပ်တယ်။ ဖြစ်ချင်တော့ သူ့ကို သွားတွေ့တယ်။ သူက သေနတ်ပါတယ်။ ရပ်ခိုင်းတာမရပ်ဘဲ ထွက်ပြေးသွားတော့ ကျနော်တို့လည်း RCSS ကလူတွေ ဗုံးလာထောင်တာဆိုပြီး ပစ်လိုက်တာ။ အဲ့နားမှာပဲ သေသွားတာပါ” ဟု ဗိုလ်ကြီး သီဟရာဇာက ပြောသည်။

အဆိုပါ ပစ်သတ်ခဲ့ပြီးနောက် ကျေးရွာတွင်း မိဘ ပြည်သူများ နှင့် တွေ့ဆုံပြီး လျော်ကြေးငွေ ပြန်ပေးခဲ့ကြောင်း သိရသည်။

“ကျနော်တို့လည်း မိဘ ပြည်သူတွေနဲ့ ပြန်တွေ့ဆုံတယ်။ ပြီးတော့ လျော်ကြေးငွေတွေ ဘာတွေ ညာတွေ ပြန်ပေးလိုက်တယ်။ ဘယ်လောက်ပေးတယ်။ ဘာတွေ လုပ်လဲတော့ ကျနော်လည်း အတိကျ မသိဘူး။ ကျနော်လည်း အထက်ကို ပြန်မေးမှရမယ်။ မိဘပြည်သူတွေနဲ့ တွေ့ဆုံတဲ့အချိန် ကျနော်က မရှိနေဘူး” ဟု ဗိုလ်ကြီး သီဟရာဇာက ဆိုသည်။

သို့သော် ‌ရွှေဖီမြေသတင်းဌာနတွင် SSPP/SSA တပ်ဖွဲ့က ပစ်သတ်ခံခဲ့ရသည့် မိသားစုဝင်ကို ငွေ ၅ သိန်းဖြင့် ကျေအေးပေးခဲ့ကြောင်း ရေးသားထားသည်။

မိုင်းကိုင်မြို့နယ်အတွင်း တစ်ချို့ ကျေးရွာဒေသများမှာ SSPP/SSA တပ်ဖွဲ့ဝင်များကို မာရှယ်လောစနစ်ဖြင့် ထိန်းချုပ်ထားကြောင်း သိရသည်။

“ကျနော်တို့လည်း မိဘပြည်သူတွေကို မှာကြားထားတာတွေရှိပါတယ်။ လယ်ယာတွေ သွားရင် အစုလိုက်သွားဖို့၊ ကျနော်တို့ စစ်ဆေးရင်လည်း အစစ်ဆေးခံဖို့ ၊ တစ်ယောက်ထဲ မသွားဖို့ ၊ ဘယ်အချိန်တွေမှာ မသွားလာဖို့ဆိုတာ မှာကြားထားပါတယ်။  ကျနော်တို့ကို တွေ့ရင်မထွက်ပြေးဖို့ ပြောထားတယ်။ တကယ်လို့ ထွက်ပြေးတာတွေရှိရင် ပစ်သင့်ရင် ပစ်ရမှာပဲ။ မာရှယ်လောစနစ်လိုပါပဲ။ မိုင်းကိုင်မြို့နယ် တစ်ခုလုံးတော့ မဟုတ်ဘူး။ တစ်ချို့ဒေသတွေပဲ” ဟု ဗိုလ်ကြီး သီဟရာဇာက ဆက်ပြောသည်။

အလားတူ ပြီးခဲ့သည့် မေလ ၉ ရက်နေ့တွင်လည်း SSPP/SSA တပ်သားများက လဲချားမြို့နယ်တွင်း ဒေသခံတစ်ဦးကို သစ်ပင်ပေါ်ကြိုးတုတ်ပြီး မီးမြိုက်ကာ အမှုစစ်ဆေးခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...