Sunday, May 5, 2024

ဗုံးပေါက်ကွဲမှု

မူဆယ် လောင်းကစားရုံ ဗုံး ၂ လုံး ရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲ

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့နယ် စွမ်စော်ရပ်ကွက် (၁) လမ်းတွင် ဖွင့်လှစ်နေသော လောင်းကစားရုံ တစ်ခု၌ ဗုံး ၂ လုံး ရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲခဲ့ကြောင်း စုံစမ်း သိရှိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၉) ရက် ည ၇ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့ စွမ်စော်...

သိန္နီမြို့နယ် အိမ်ဝန်းအတွင်း ဗုံးတစ်လုံးပေါက်ကွဲ မိသားစုလိုက် ထိခိုက်ဒဏ်ရာရ၊ ၂ဦးသေဆုံး

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာတွင် နေအိမ်ဝန်းအတွင်း ဗုံးပေါက်ကွဲမှုကြောင့် မိသားစုလိုက် ထိခိုက်ဒဏ်ရာရရှိပြီး ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၈ ) ရက် နံနက်ပိုင်းအချိန် သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာသို့ ဆိုင်ကယ် စီးလာသည့် အမည်မသိ အမျိုးသား နှစ်ဦးသည် လက်ပစ်ဗုံးကို...

မူဆယ်မြို့တွင်း ပြည်သူသွားလာသည့်နေရာအနီး ဗုံးမဖောက်ရန် တောင်းဆို

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PSDF သည် ပြည်သူ့စစ်ပိုင်သည့် မိုတယ်ကို တိုက်ခိုက်ရာ အရပ်သား ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ပြည်သူများ အိမ်ပြင်ထွက်ရန် စိုးရိမ်ထိတ်လန့်နေကြကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်တွင် မူဆယ်မြို့ ကောင်းမူးတုံရပ်ကွက် မင်္ဂလာမူဆယ်...

ကျောက်မဲမြို့ ခရိုင်ရုံးအတွင် ဗုံးပေါက်ကွဲမှုဖြစ်ပြီး လုံခြုံရေးတိုးမြင့်ထား

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် ခရိုင်ရုံးအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲပြီး စစ်ကောင်စီ ရဲတပ်ဖွဲ့များက လုံခြုံရေးတိုးမြင့်ထားကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (အောက်တိုဘာ ၅) ည ၉ နာရီ ဝန်းကျင်တွင် ခရိုင်ရုံးအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လျှပ်စစ်မီးများကို ဖြတ်တောက်ထားကာ စစ်ကောင်စီက လုံခြုံရေးတိုးမြင့်ပြီး စစ်ဆေးနေကြောင်း သိရသည်။ “ မနေ့ညက ဗုံးပေါက်ကွဲပြီးတော့...

မူဆယ်မြို့ စာသင်ကျောင်းဗုံးပေါက်ပြီးနောက် စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ယမန့်နေ ဇူလိုင် (၁၃) ရက်၌ အမှတ် ၂ အထက်တန်းကျောင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီမှ စစ်အင်အားအပြည့်ဖြင့် ကျောင်းတိုင်းကို လုံခြုံရေးတိုးမြှင့်ထားကြောင်း စုံစမ်းသိရသည်။ ယနေ့ ဇူလိုင် (၁၄) ရက် မူဆယ်မြို့ စာသင်ကျောင်းတိုင်းတွင် လုံခြုံရေး အရ...

မူဆယ် အမှတ် (၂) အထက်တန်းကျောင်း ဗုံးပေါက်ကွဲ

သျှမ်ပြည်မြောက်ပိုင်း မူဆယ်မြို့ ဟိုမွန်ရပ်ကွက် အမှတ် (၂) အထက်တန်းကျောင်းတွင် ယနေ့ (ဇူလိုင် ၁၃) ရက် နံနက် ၈ နာရီခွဲဝန်းကျင်၌ ဗုံးတစ်လုံးပေါက်ကွဲခဲ့ကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့ ဟိုမွန်ရပ်ကွက် အထက အမှတ် (၂) အထက်တန်းကျောင်းတွင်ရှိသည့် ဘောလုံးကွင်းထဲ၌ ဗုံး (၃)...

တောင်ကြီးမြို့ ဗုံးပေါက်ကွဲပြီးနောက် မှတ်ပုံတင်မပါလျှင် မြို့ထဲဝင်ခွင့်မပေး

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ မြို့မဈေး မီးပွိုင့်အနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဒေသခံပြည်သူများအပါအဝင် ခရီးသွားပြည်သူများ မှတ်ပုံတင်မပါရှိလျှင် မြို့ထဲသို့ ဝင်ခွင့်မပေးကြောင်း၊ တင်းကြပ်စွာ စစ်ဆေးမှု ပြုလုပ်နေသည်ဟု စုံစမ်းသိရှိရသည်။ အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် တောင်ကြီးမြို့အဝင်၊အထွက် စစ်ဆေးမှု တင်းကြပ်ခဲ့ပြီး၊ မှတ်ပုံတင်မပါရှိပါက တောင်ကြီးမြို့တွင်းသို့ ဝင်ခွင့်မပေးကြောင်း တောင်ကြီးမြို့...

တောင်ကြီးမြို့လယ် မီးပွိုင့်အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွား

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့လယ် မီးပွိုင့်အနီး ယနေ့ ဇွန် ၂၄ ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် ဗုံးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ထိုအနီးနားတွင် ရှုပ်ယှက်ခတ်မှုဖြစ်သွားပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။ “ အသံအကျယ်ကြီးကြားရတာ။ လူထိခိုက်မှုတော့ မရှိဘူးတဲ့။...

တာချီလိတ် ဗုံးပေါက်ကွဲမှုပါ၀င်သူဟု စွပ်စွဲခံရသည့် လူငယ်တစ်ဦး မသေမချင်းကြိုးမိန့်ပေးခံရ

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့လယ် ဗုံးပေါက်ကွဲမှုတွင် ပါဝင်သည်ဟု စွပ်စွဲခံရသည့် လူငယ်တစ်ဦး မသေမချင်း ကြိုးမိန့်ပေးခံလိုက်ရကြောင်း သတင်းသိရသည်။ယမန်နေ့ ဇွန်လ ၁ ရက်နေ့တွင် တာချီလိတ်ခရိုင် တရားသူကြီးမှ အမိန့်ချ လိုက်ခြင်းဖြစ်ပြီး အမိန့်မချခင်ကာလမှာ  စစ်ကြောရေးအတွင်း ပြင်းထန်စွာ ရိုက်နှက်စစ်ဆေးခံထားရကြောင်းလည်း တာချီလိတ်မြို့မှ ဥပဒေ ပညာရှင်...

နောင်ချိုမြို့နယ် ပညာရေးမှူးရုံး ဗုံးပေါက် ကျောင်းအုပ်ဆရာမကြီး တစ်ဦးသေဆုံး

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ပညာရေးမှူးရုံးတွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုကြောင့် မူလတန်း ကျောင်းအုပ်ဆရာမကြီး တစ်ဦးသေဆုံးခဲ့ကြောင်းလည်း သတင်းသိရသည်။ ယမန်နေ့ (မေလ ၃၁) ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုကြောင့် ကျောင်းအုပ် ဆရာမကြီး တစ်ဦး သေဆုံးခဲ့ရပြီး ဆရာ/ဆရာမ စုစုပေါင်း ၉...

Latest news