သိန္နီမြို့နယ် အိမ်ဝန်းအတွင်း ဗုံးတစ်လုံးပေါက်ကွဲ မိသားစုလိုက် ထိခိုက်ဒဏ်ရာရ၊ ၂ဦးသေဆုံး

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာတွင် နေအိမ်ဝန်းအတွင်း ဗုံးပေါက်ကွဲမှုကြောင့် မိသားစုလိုက် ထိခိုက်ဒဏ်ရာရရှိပြီး ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၈ ) ရက် နံနက်ပိုင်းအချိန် သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာသို့ ဆိုင်ကယ် စီးလာသည့် အမည်မသိ အမျိုးသား နှစ်ဦးသည် လက်ပစ်ဗုံးကို နေအိမ်ထဲ ပစ်ထည့်လိုက်သဖြင့် အိမ်ရှင် မိသားစုမှ ၂ ဦးသေဆုံးပြီး ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရသွားကြောင်း သတင်းသိရသည်။

“အိမ်ရှင် အမျိုးသမီးဖြစ်တဲ့ အမေနဲ့ သူ့သားက ပွဲချင်းပြီး သေသွားတယ်၊ ပြီးတော့ အဖေဖြစ်သူနဲ့ သမီးက ဒဏ်ရာ ပြင်းပြင်း ထန်ထန်ရသွားတယ်၊ သူတို့အဖေက ခါးကျိုးသွားတာတဲ့။ မနေ့ကတည်းက လားရှိုးဆေးရုံကို ပို့ပေးရတယ်” ဟု အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ခါးကျိုးသည့် အိမ်ရှင်အမျိုးသား အဖေဖြစ်သူသည် အသက် ၅၀ ကျော် ဝန်းကျင်ရှိပြီး ဒဏ်ရာက စိုးရိမ်ရ အခြေ အနေဖြစ်ကြောင်း အထက်ပါ အမျိုးသားက ဆက်ပြောသည်။

လက်ပစ်ဗုံးဖြင့် လာရောက်ပစ်ခတ်သူ အမျိုးသားကို မည်သူမည်ဝါ ဖြစ်ကြောင်း မသိရကြောင်း နှင့် မည်သည့်အကြောင်းကြောင့် ယခုလို လုပ်ရသည်ကို မသိရကြောင်းလည်း ၎င်းက ဆက်ပြောသည်။

“အိမ်ဝန်းထဲကို လက်ပစ်ဗုံးနဲ့ လာပစ်တာဆိုတော့ ရည်ရွယ်ချက် ရှိရှိနဲ့ တိုက်ခိုက်ချင်လို့ပဲ ဖြစ်မယ်၊ ဘယ်သူ က လာလုပ်တာလဲတော့ မသိရဘူး၊ ဘာကြောင့်လုပ်တာလဲ မသိဘူး” ဟု ၎င်းက ပြောသည်။

စစ်တပ်မှ နိုင်ငံတော် သိမ်းယူပြီးနောက်ပိုင်းမှ စတင်ပြီး သိန္နီမြို့နယ်အတွင်းတွင် မူးယစ်ဆေးဝါးများ၊ လောင်း ကစားဝိုင်းများ ပေါများလာသည့်အပြင် လက်နက်ကိုင် အဖွဲ့အစည်းများလည်း ပေါများလာကြောင်း သတင်းသိရသည်။

ယင်းကဲ့သို့ လက်နက်ကိုင်များ ပေါများလာသည်နှင့် ဒေသအတွင်း လုံခြုံရေးများလည်း လျော့နည်းလာကြောင်း အမည်မဖော်လိုသူ သိန္နီမြို့ခံ အသက် ၅၀ ဝန်းကျင် အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လက်နက်ကိုင် အဖွဲ့တွေပေါလာသလို သေနတ်တွေ ဗုံးတွေလည်း ဝယ်ရလွယ်လာကြတာလို့ မြင်တယ်၊ အခုဆို လုပ်ကြံသတ်ဖြတ်တာတွေ လက်နက်ပြ ခြိမ်းခြောက်တာကလည်း များလာတယ်၊ ဘယ်လိုမှ လုံခြုံမှုမရှိတော့ဘူး၊ ဘယ်သွားသွားကြောက်နေရတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

သိန္နီမြို့နယ် အတွင်း သွားလာလှုပ်ရှားနေသည့် လက်နက်ကိုင် တပ်ဖွဲ့များ အဖြစ် စစ်ကောင်စီ တပ်ဖွဲ့နှင့် ၎င်း၏ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့၊ SSPP/SSA တပ်ဖွဲ့၊ TNLA တပ်ဖွဲ့၊ KIA တပ်ဖွဲ့နှင့် MNDAA တပ်ဖွဲ့တို့ဖြစ်ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...