မူဆယ် အမှတ် (၂) အထက်တန်းကျောင်း ဗုံးပေါက်ကွဲ

သျှမ်ပြည်မြောက်ပိုင်း မူဆယ်မြို့ ဟိုမွန်ရပ်ကွက် အမှတ် (၂) အထက်တန်းကျောင်းတွင် ယနေ့ (ဇူလိုင် ၁၃) ရက် နံနက် ၈ နာရီခွဲဝန်းကျင်၌ ဗုံးတစ်လုံးပေါက်ကွဲခဲ့ကြောင်း စုံစမ်းသိရသည်။

ဗုံးပေါက်ကွဲတဲ့ကျောင်း

မူဆယ်မြို့ ဟိုမွန်ရပ်ကွက် အထက အမှတ် (၂) အထက်တန်းကျောင်းတွင်ရှိသည့် ဘောလုံးကွင်းထဲ၌ ဗုံး (၃) လုံးရှိရာ ထိုထဲမှ ဗုံး (၁) လုံး ပေါက်ကွဲသွားကြောင်း သိရသည်။

လူသွားလမ်း ပလက်ဖောင်း ဘောလုံးကွင်းထဲတွင် အမဲအိတ်တစ်ထုပ်ကို တွေ့ရှိကာ မသင်္ကာသဖြင့် သက်ဆိုင်ရာကို ခေါ်စစ်ဆေးစေခဲ့ပြီးနောက် ဗုံးတစ်လုံးပေါက်ကွဲသွားကြောင်း အသက် (၃၅)နှစ်အရွယ်ရှိ မူဆယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အထက အမှတ် (၂) ကျောင်းရဲ့အနောက် ဘောလုံးကွင်းထဲမှာ ပေါက်တာ ၊ လမ်းသွားလျောက်တဲ့ တစ်ယောက်က တွေ့ပြီး သူက မသင်္ကာလို့ သက်ဆိုင်ရာကို ခေါ်လိုက်တာ၊ သူတို့လုပ်ပေးပြီး ဗုံးကပေါက်သွားတာ ၊ ကျန်တဲ့ နောက်ထပ် ဗုံးနှစ်လုံးကို တော့ မသိရသေးဘူး “ဟု ၎င်းကပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူမရှိကြောင်း၊ သို့သော် ကျောင်းကို ပိတ်လိုက်ရကြောင်း သိရသည်။

“ကလေးတွေလည်း မိဘတွေပြန်လာခေါ်သွားပြီ။ ကျောင်းပိတ်လိုက်ရတယ်။ ထိခိုက်မှုကတော့ မရှိဘူး” ဟု မူဆယ်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ကျောင်းဝန်းအတွင်း ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်ပြီး မိဘများက ကလေးငယ်များကျောင်းပို့ရမည်ကို စိုးရိမ်နေကြောင်း၊ ကျောင်းစာသင်ခန်း အနီး ယခုကဲ့သို့ ပြုလုပ်သည့်အပေါ်လည်း မူဆယ်ပြည်သူများက ကန့်ကွက်ရှုတ်ချကြောင်း ပြောဆိုလိုက်သည်။

“ ကလေးတွေ စာသင်တဲ့နေရာကိုတော့ အဲ့လိုမလုပ်သင့်ဘူး။ ဘယ်အဖွဲ့ပဲလုပ်လုပ် ကျမအနေနဲ့ကတော့ ကလေးစာသင်ကျောင်းမှာတော့ မလုပ်စေချင်ဘူး။ ပြည်သူတွေသွားလာနေတဲ့နေရာတွေမလုပ်စေချင်ဘူး” ဟု ကျောင်းသားတစ်ဦး၏ မိခင် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး တနှစ်ကျော်အတွင်း ပြည်သူများ၊ ကလေးငယ်များရှိသည့်နေရာကို မရှောင်ဘဲ ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ပြုလုပ်လာကြသည်။

မူဆယ်မြို့ အမှတ်(၂) အထက်တန်းကျောင်းအနီး မည်သည့် တပ်ဖွဲ့မှ ဗုံးလာရောက်ထောင်သည်ကို မသိရှိရသေးပေ။

ဗုံးပေါက်ကွဲပြီးနောက်ပိုင်း မူဆယ်မြို့ ကံ့ကော်လမ်းတွင် ရဲနှင့်စစ်သားများ တင်းကြပ်စွာစစ်ဆေးနေပြီး မူဆယ်မြို့ရှိ ကားများနှင့် ဆိုင်ကယ်များကို လည်းစစ်ဆေးနေကြောင်းလည်း သိရသည်။

စစ်ကောင်စီ အနေဖြင့် ကလေး သူငယ်များ၏ ပညာသင်ကြားပိုင်ခွင့် (Right to Education) ကို မျက်ကွယ်ပြုကာ နိုင်ငံရေး အကျိုးအမြတ်အတွက် အသုံးချရန် ကြိုးစားနေကြောင်း စစ်အုပ်စု ဖွင့်လှစ်မည့် စာသင်ကျောင်းများ အပေါ် အကြမ်းဖက် စစ်အုပ်စု တပ်ဖွဲ့ဝင်များ ကိုယ်တိုင် အကြမ်းဖက် တိုက်ခိုက်နိုင်သည် ဟူသည့် ဖြစ်နိုင်ချေကို ပေါ့ပေါ့တန်တန် မမှတ်ယူ အပ်ကြောင်း တော်လှန်ရေး အင်အားစုများ အနေဖြင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များကို တင်းကျပ်စွာ လေးစား လိုက်နာကြရန်အတွက် တိုက်တွန်းကြောင်း စာသင်ကျောင်းများကို တိုက်ခိုက်ခြင်းအား မည်သည့်ဘက်၊ မည်သည့် အစုအဖွဲ့က တိုက်ခိုက်သည် ဖြစ်စေ လုံးဝ လက်ခံမည် မဟုတ်ဘဲ ရှုတ်ချမည် ဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ၏ ပညာရေး ဝန်ကြီးဌာနက ဇွန်လ ၃ ရက်နေ့တွင် ထုတ်ပြန်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...