မူဆယ်မြို့ စာသင်ကျောင်းဗုံးပေါက်ပြီးနောက် စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ယမန့်နေ ဇူလိုင် (၁၃) ရက်၌ အမှတ် ၂ အထက်တန်းကျောင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီမှ စစ်အင်အားအပြည့်ဖြင့် ကျောင်းတိုင်းကို လုံခြုံရေးတိုးမြှင့်ထားကြောင်း စုံစမ်းသိရသည်။

ယနေ့ ဇူလိုင် (၁၄) ရက် မူဆယ်မြို့ စာသင်ကျောင်းတိုင်းတွင် လုံခြုံရေး အရ ဟုဆိုပြီး စစ်ကောင်စီက စစ်အင်အား အများအပြားယူထားကြောင်း သိရသည်။

“ဒီနေ့ ကျောင်းတိုင်းမှာ စစ်အင်အားအများကြီးနဲ့ စောင့်နေတာ။ လက်နက်ပါတယ်။ ဒီနေ့ ကျနော်ဖြတ်လာတဲ့ ကျောင်းဆို ကား ၃ စီးလောက်ရှိတဲ့စစ်သားတွေက လာစောင့်နေတာ။ သူတို့လုံခြုံရေးတိုးမြှင့်ထားတာ” ဟု မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မူဆယ်မြို့ရှိ စာသင်ကျောင်းများကို ယခင်က စစ်သားများ လာရောက် စောင့်ကြည့်နေသော်လည်း ယနေ့ကဲ့သို့ စစ်အင်အား အများအပြားမရှိကြောင်း သိရသည်။

ဗုံးပေါက်ကွဲတဲ့ကျောင်း

“အရင်ကတည်းကစောင့်တာရှိပါတယ်။ ဒါမယ့် အရင်ကစောင့်ရင် တစ်ကျောင်းကို ၃ ယောက်လောက်ထိပဲစောင့်တယ်။ ဒီနေ့ အများလာစောင့်တယ်” ဟု ၎င်းအမျိုးသားက ပြောသည်။

အဆိုပါ စစ်သားများ ကျောင်းများကိုစောင့်ကြည့်နေပြီး လုံခြုံရေးယူပေးနေသည့် အပေါ် ကလေးများအတွက် လုံခြုံရေးရကြောင်း ၊ အလားတူ တစ်ဖက်တွင်လည်း မိဘများအနေဖြင့် ကလေးကို စိုးရိမ်ရကြောင်း ကျောင်းသားမိဘများက ပြောသည်။

“သူတို့ ဒီလိုမျိုးလာစောင့်တာ ကလေးတွေအတွက် လုံခြုံရေးအတွက်တော့ တစ်မျိုးကောင်းပါတယ်။ တစ်ဖက်မှာလည်း ကိုယ်ပိုင်ကျောင်းမထားနိုင်တဲ့ မိဘတွေအတွက်လည်း အဆင်ပြေတာပေါ့။ ဒါမယ့်လည်း စစ်သားက ဒီလိုမျိုးစောင့်နေတာကြောင့် မိဘတွေအတွက်တော့ စိုးရိမ်ရတာပေါ့။ ကျောင်းမထားလည်း အဆင်မပြေဘူး။ စစ်သားတွေ ဒီလိုမျိုးကျောင်းမှာလာစောင့် တာတော့ သူ့နေရာမဟုတ်ဘူးပေါ့” ဟု ကျောင်းသားမိဘက ပြောသည်။

ထိုသို့ ဗုံးပေါက်ကွဲမှုကြောင့် ယမန်နေ့ ဇူလိုင် (၁၃) ရက်တွင် မူဆယ်မြို့ရှိ စာသင်ကျောင်းများကို ပိတ်လိုက်ရကြောင်း သိရသည်။

စစ်ကောင်စီ အနေဖြင့် ကလေး သူငယ်များ၏ ပညာသင်ကြားပိုင်ခွင့် (Right to Education) ကို မျက်ကွယ်ပြုကာ နိုင်ငံရေး အကျိုးအမြတ်အတွက် အသုံးချရန် ကြိုးစားနေကြောင်း စစ်အုပ်စု ဖွင့်လှစ်မည့် စာသင်ကျောင်းများ အပေါ် အကြမ်းဖက် စစ်အုပ်စု တပ်ဖွဲ့ဝင်များ ကိုယ်တိုင် အကြမ်းဖက် တိုက်ခိုက်နိုင်သည် ဟူသည့် ဖြစ်နိုင်ချေကို ပေါ့ပေါ့တန်တန် မမှတ်ယူ အပ်ကြောင်း တော်လှန်ရေး အင်အားစုများ အနေဖြင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များကို တင်းကျပ်စွာ လေးစား လိုက်နာကြရန်အတွက် တိုက်တွန်းကြောင်း စာသင်ကျောင်းများကို တိုက်ခိုက်ခြင်းအား မည်သည့်ဘက်၊ မည်သည့်အစုအဖွဲ့က တိုက်ခိုက်သည် ဖြစ်စေ လုံးဝ လက်ခံမည် မဟုတ်ဘဲ ရှုတ်ချမည် ဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ၏ ပညာရေး ဝန်ကြီးဌာနက ဇွန်လ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

အာဏာသိမ်းလက်အောက်က ကျောင်းများ နည်းမျိုးစုံဖြင့် ငွေကြေးကောက်ခံနေ

0
စစ်အာဏာသိမ်း အစိုးရ၏ လက်အောက်တွင် ဖွင့်လှစ်ထားသည့် သျှမ်းပြည် တောင်ကြီးမြို့ရှိ ကျောင်းများတွင် ကျောင်းသားများထံ နည်းမျိုးစုံ ခေါင်းစဉ်တပ်ပြီး ငွေကြေးကောက်ခံမှုများရှိနေကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းတွင် ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာပြီး အလုပ်လက်မဲ့များလာခြင်း၊ ဝင်ငွေနှင့်ထွက်ငွေ မကိုက်မှုများဖြစ်လာသည့်ကြား ကလေးငယ်များ၏ ပညာရေး စရိတ်လည်း ကြီးလာပြီး ကျောင်းတွင် လစဉ်ပေးဆောင်နေရသည့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...