Wednesday, January 28, 2026

ပင်လုံ

ပင်လုံမြို့ တည်းခိုခန်းတွင် မှတ်ပုံတင်အတုဖြင့် လာရောက်တည်းပြီး ပိုင်ရှင်ဖုန်းလုယူသွား

သျှမ်းပြည် လွိုင်လင်ခရိုင် ပင်လုံမြို့ ရပ်ကွက် ၄ အတွင်း တည်းခိုခန်းတစ်ခုတွင် လာရောက်တည်းခိုခဲ့သူ (၂) ဦးသည် အခန်းခကို မရှင်းသည့်အပြင် ပိုင်ရှင်၏ ဖုန်းကိုပါ ခိုးယူသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (ဖေဖော်ဝါရီ ၂၂) ရက် နေ့လည် ၁၂ နာရီခွဲဝန်းကျင်တွင် အခန်းခ ရှင်းရန်ဟုဆိုကာ...

ပင်လုံ PDF နာမည်ဖြင့် Viber မှတဆင့်ငွေ လိမ်လည်တောင်း

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နာမည်ဖြင့် ပြည်သူ့ များ၏ Viber မှတဆင့် ငွေလိမ်လည်တောင်းမှုများ ရှိနေကြောင်း စုံစမ်းသိရသည်။ ပင်လုံတွင် ပြီးခဲ့သည့် အောက်တိုဘာလ ၃၁ ရက်တွင် ဒေါ်ညို ပြန်ပေးဆွဲခံရပြီး သေနတ်ပစ်သတ်ခံရသည့်နောက် ယခုလ (နိုဝင်ဘာလ) အတွင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF...

နောင်လိုင် ကျေးရွာ ၂ လ အတွင်း နေအိမ် ၄ လုံး ဖောက်ထွင်းခံရ

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ရှိ နောင်လိုင်ကျေးရွာအုပ်စုထဲတွင် စက်တင်ဘာ နှင့် အောက်တိုဘာ ၂ လ အတွင်း နေအိမ် ၄ လုံးထက် မနည်းဖောက်ထွင်းခံရပြီး ငွေကျပ် ၁၀ သိန်း နီးပါး ဆုံးရှုံးမှုရှိကြောင်း သိရသည်။ အဆိုပါ ကျေးရွာသည် လဲချားမြို့ နှင့် ပင်လုံမြို့ကြား...

ပင်လုံမြို့အတွင်း အမျိုးသမီး (၂) ဦး ဓားပြတိုက်ခံရ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့ နောင်ဟူးကျေးရွာအနီးတွင် အမျိုးသမီး ၂ ဦး ဓားပြတိုက်ခံရကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၁ ရက် နေ့လည်ပိုင်းအချိန်တွင် နောင်ဟူးကျေးရွာ သို့ အမျိုးသမီး (၂) ဦး ဆိုင်ကယ်ဖြင့် သွားလည်ရာ လမ်းတဝက်တွင် ပုံရိုက်ရန်ပြုလုပ်ချိန်...

သစ်တောတွေ ပြုန်းတီးမှုကြောင့် သျှမ်းပြည်တွင်း ယခင်နှစ်ထက် ရေကြီးမှုပိုမိုဖြစ်ပွား

ယခုနှစ် မိုးရာသီကာလတွင် ရာသီဥတုပြောင်းလဲမှု နှင့် သစ်တောတွေ ပြုန်းတီးမှုကြောင့် သျှမ်းပြည်အတွင်း ယခင်နှစ်ထက် ရေကြီးမှုပိုမိုဖြစ်လာကြောင်း သျှမ်းပြည်တွင်း သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့များထံ စုံစမ်းသိရှိရသည်။ ယခုနှစ်တွင် သျှမ်းပြည်အတွင်းရှိ မြို့နယ်အများစုတွင် ရေကြီးမှုဖြစ်ပြီး ပြည်သူများ သေဆုံးမှုထိရှိကြောင်း၊ ယခင်နှစ်က ရေမကြီးသည့် ဒေသတွင်လည်း ရေကြီးမှုဖြစ်လာကြောင်း...

ပင်လုံမြို့မြောက်ဘက်တွင် တိုက်ပွဲဖြစ်

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ စန့်ကျန်းကျေးရွာတွင် စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့နှင့် တိုင်းရင်း သား လက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့( သြဂုတ်လ ၁ )ရက်တွင် ပင်လုံမြို့ နှင့် လေးမိုင်ခန့်ကွာဝေးသည့် စန့်ကျန်းရွာ တွင် နယ်မြေလှည့်လာသည့် စစ်ကောင်စီနှင့် ပအိုဝ့်ပြည်သူ့စစ် PNA တို့နှင့် ဒေသအတွင်းရှိနေသည့်...

ဟိုပုံး- ပင်လုံ လမ်းပိုင်းတိုင်းရင်းသား လက်နက်ကိုင်များလှုပ်ရှားမှုရှိ

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့ နှင့် ပင်လုံမြို့ကို ဆက်သွယ်ထားသော လမ်းမကြီး တစ်လျှောက်တွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားမှု ရှိနေကြောင်း သတင်းသိရသည်။ လက်ရှိတွင် အဆိုပါ လမ်းကြောင်းရှိ ပွန်ချောင်း မရောက်ခင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့မှ နေရာယူပြီး ၊ ထိုအနီးဝန်းကျင်တွင်...

ပင်လုံမြို့နယ်အတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ရောက်ရှိဆိုသည့် သတင်းမှားကြောင့် ပြည်သူများထွက်ပြေးနေရ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ ဆနင်းကျေးရွာအုပ်စုတွင် မြောက်ပိုင်းမဟာမိတ်များ ရောက်ရှိလာသည့် သတင်းကြောင့် ဒေသခံများထိတ်လန့်ပြီး ကျေးရွာမှ ထွက်ပြေးနေကြကြောင်း စုံစမ်းသိရှိရသည်။ ဇန်နဝါရီလ နှောင်းပိုင်းတွင် မြောက်ပိုင်းမဟာမိတ်များသည် ပင်လုံမြို့ဘက်သို့ ရောက်ရှိနေသည်ဟု လူမှုကွန်ရက်ပေါ်တွင် သတင်းပျံ့နှံ့ခဲ့သဖြင့် ဒေသခံများက စိုးရိမ်ပြီး ထွက်ပြေးနေလျက်ရှိကြောင်း သိရသည်။ “မြောက်ပိုင်းကလာတယ်ဆိုတာက သတင်းအမှားဖြစ်တယ်။ သတင်းအတုဖြစ်တာ။ အခုက...

ပင်လုံမြို့ သာယာလှပရေးအတွက် ပြည်သူများစုပေါင်းပြီး သန့်ရှင်းရေးလုပ်

သျှမ်းပြည် တောင်ပိုင်းရှိ သမိုင်းဝင် မြို့တစ်မြို့ ဖြစ်သည့် ပင်လုံမြို့အဝင်အထွက် ဆိုင်းဘုတ်အနီးရှိ အမှိုက်ပုံ များကို မြို့သာယာလှပ ရေးအတွက် အများပြည်သူ  စုပေါင်းပြီး သန့်ရှင်းရေး ပြုလုပ်ကြောင်း သိရသည်။ ပြီးခဲ့သည့် သြဂုတ်လ ၉ ရက်နေ့မှ ယနေ့ ၁၁ ရက်နေ့ထိ ၃ ရက်တိုင်တိုင်...

ပင်လုံမြို့တွင် ဈေးများကို အချိန်ကန့်သတ်ပြီး ဖွင့်ခွင့်ပေးသွားမည်

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင်ရှိဈေးများကို အချိန်ကန့်သတ်ပြီး ဖွင့်ခွင့်ပြုသွားမည် ဟု စုံစမ်းသိရှိရသည်။ လွိုင်လင်မြို့နယ်တွင်  ကိုဗစ် ၁၉ ပိုးတွေ့လူနာ တွေ့ရှိလာပြီး ပင်လုံမြို့သားများပါ ထိတွေ့သူ ရှိလာနိုင်သဖြင့် ဈေးကို အကန့်အသတ်ဖြင့် ဖွင့်ခွင့်ပြုတော့ မည်ဖြစ်ကြောင်းသိရသည်။ “ လွိုင်လင်မြို့မှာလဲ ကိုဗစ် ပိုးတွေ့လာပြီ။ သူတို့ဖက်ကနေလဲ ထိတွေ့သူတွေက ပင်လုံမြို့ကို လာတာရှိတယ်။...

Latest news