ဟိုပုံး- ပင်လုံ လမ်းပိုင်းတိုင်းရင်းသား လက်နက်ကိုင်များလှုပ်ရှားမှုရှိ

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့ နှင့် ပင်လုံမြို့ကို ဆက်သွယ်ထားသော လမ်းမကြီး တစ်လျှောက်တွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားမှု ရှိနေကြောင်း သတင်းသိရသည်။

လက်ရှိတွင် အဆိုပါ လမ်းကြောင်းရှိ ပွန်ချောင်း မရောက်ခင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့မှ နေရာယူပြီး ၊ ထိုအနီးဝန်းကျင်တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ သွားလာလှုပ်ရှားနေကြောင်း ဒေသခံများထံမှ သိရသည်။

“PNO/PNA ရဲ့ စစ်ဆေးရေးဂိတ်ရှိတဲ့ နေရာဟောင်းနဲ့ နီးတယ်၊ အခုအဲ့အနားမှာ SSPP/SSA တပ်ဖွဲ့က တပ်စွဲ သွား လာလှုပ်ရှားနေတယ်၊ သူတို့နဲ့ သိပ်မဝေးတဲ့ ဟိုဘက်ရွာမှာကျတော့ PNO/PNA နဲ့ RCSS/SSA တို့ကရှိနေတယ်” ဟု အသက် ၃၀ ဝန်းကျင် ကျောက်တန်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ကျောက်တန်းစစ်ဆေးရေးဂိတ်

အဆိုပါ အနီးပတ်ဝန်းကျင်သည် PNO/PNA တပ်ဖွဲ့တို့၏ စစ်ဆေးရေးဂိတ် နှင့် သွားလာလှုပ်ရှားသည့် နယ်မြေ ဟောင်းဖြစ်သည့်အပြင် SSPP/SSA တပ်ဖွဲ့တို့မှ အင်အားဖြည့်တင်းနေရာ ယူမှုရှိလာပြီးသည့်နောက် ပွန်ချောင်း၏ အနောက်ဘက်ရှိ ယွုတ်ကျေးရွာဘက်သို့ ပြောင်းရွှေ့နေရာယူထားကြောင်းလည်း သိရသည်။

ထို့အပြင် ကျောက်တန်းအုပ်စု ဟွေးလုံရွာ၊ ဟိုဟွေးရွာတို့တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/ SSA) တပ်ဖွဲ့ ရှိပြီး ထိုရွာအနီးရှိ ယွုတ်ရွာတို့တွင် PNO/PNA တပ်ဖွဲ့များက နေရာယူထားကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

“တစ်ဖွဲ့နဲ့ တစ်ဖွဲ့နေရာယူထားတာ အရမ်းကို နီးပါတယ်၊ လမ်းလျှောက်ရင်တောင် နှစ်နာရီကျော်လောက်ပဲ ကြာ မယ့်နေရာတွေပေါ့၊ အခုမှာ ဘာမှ မဖြစ်ပေမဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ဆိုတော့လည်း ကျနော်တို့က စိုးရိမ်ရတယ်၊ ကြောက်ရတယ်ပေါ့” ဟု အထက်ပါ အမျိုးသားက ဆက်လက်ပြောဆိုထားသည်။

ယင်းကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း နီးကပ်စွာ နေရာယူထားခြင်းနှင့် ပတ်သက်ပြီး PNO / PNA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဇော်ပျံကို ဆက်သွယ်မေးမြန်းရာ နယ်မြေအတွင်း ပဋိပက္ခ မဖြစ်ပွားရေး အတွက် ထိန်းသိမ်းထားနေကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တိုက်ပွဲဖြစ်တာမကောင်းဘူးလေ၊ လက်နက်ကိုင်တပ်ဖွဲ့တွေ များလာတဲ့အခါတော့ ထိတွေ့မှုမဖြစ်အောင် ကြည့်ထိန်းတယ်၊ အခုထိလည်း နယ်မြေအတွင်းမှာက အေးဆေးပါပဲ၊ ဒါပေမယ့် သျှမ်းတပ်ဖွဲ့နှစ်ဖွဲ့က ဒီနယ်မြေ ဒီဒေသအတွင်းမှာ ဘယ်လိုလှုပ်ရှားမှုရှိမယ်၊ အင်အားဘယ်လောက်ဝင်လာတယ်ဆိုတာတော့ ကျနော်တို့ မသိရဘူး” ဟု ဗိုလ်မှူးကြီးဇော်ပျံ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဖြစ်စဥ်ကိစ္စရပ်များနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန်အတွက် သျှမ်းတပ်ဖွဲ့နှစ်ဖွဲ့မှ တာဝန်ရှိသူများ နှင့် အကြိမ်ကြိမ်ကြိုးစားဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...