ပင်လုံမြို့နယ်အတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ရောက်ရှိဆိုသည့် သတင်းမှားကြောင့် ပြည်သူများထွက်ပြေးနေရ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ ဆနင်းကျေးရွာအုပ်စုတွင် မြောက်ပိုင်းမဟာမိတ်များ ရောက်ရှိလာသည့် သတင်းကြောင့် ဒေသခံများထိတ်လန့်ပြီး ကျေးရွာမှ ထွက်ပြေးနေကြကြောင်း စုံစမ်းသိရှိရသည်။

ဇန်နဝါရီလ နှောင်းပိုင်းတွင် မြောက်ပိုင်းမဟာမိတ်များသည် ပင်လုံမြို့ဘက်သို့ ရောက်ရှိနေသည်ဟု လူမှုကွန်ရက်ပေါ်တွင် သတင်းပျံ့နှံ့ခဲ့သဖြင့် ဒေသခံများက စိုးရိမ်ပြီး ထွက်ပြေးနေလျက်ရှိကြောင်း သိရသည်။

“မြောက်ပိုင်းကလာတယ်ဆိုတာက သတင်းအမှားဖြစ်တယ်။ သတင်းအတုဖြစ်တာ။ အခုက အေးဆေးပါပဲ။ သတင်းမှားကြောင့် ပြည်သူတွေ ထွက်ပြေးနေတာ။ တကယ် ထွက်ပြေးနေပါတယ်။ မြောက်ပိုင်းက လာတယ်ဆို‌တဲ့ သတင်းကြောင့် ပြည်သူတွေစိုးရိမ်နေတာပါ” ဟု ဆနင်းကျေးရွာတွင် နေထိုင်သည့် လူငယ်အမျိုးသားတဦးက ပြောသည်။

ထို့အပြင် ပြည်သူများသည် စစ်ကောင်စီ ကားများနှင့် UWSA ကားတို့က ပင်လုံမြို့တွင်းသို့ ရောက်ရှိလာသည့် သတင်းများကြောင့်လည်း ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

သို့သော် ပင်လုံမြို့ အနီးတစ်ဝိုက်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိကြောင်း၊ ပြည်သူများက သတင်းမှားကြောင့် စိုးရိမ်နေကြောင်း သိရသည်။

“တိုက်ပွဲမဖြစ်ဘူး။ သတင်းအတု အမှားကြောင့်ပဲ ထွက်ပြေးကြတာ။ သူတို့ကြားနေတာက ဝ ကော၊ စစ်ကောင်စီကားတွေကော အကုန်ရောက်လာတာ။ ဘယ်ကားမှ ကျနော်တို့ရွာဘက် မရောက်လာဘူး။ စစ်ကောင်စီကားက ပင်လုံမြို့ ပန်မုန်ဘက်မှာ ပတ်သွားတာပဲ ရှိတယ်” ဟု ပင်လုံဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ပင်လုံမြို့ တစ်ကြောရှိ ကျေးရွာဒေသခံများတချို့သည် ပင်လုံမြို့ပေါ်သို့ ပြောင်းရွှေ့ထွက်ပြေးလာလျက်ရှိကြောင်း သိရသည်။

“ရွာကလူတွေ အခုထွက်ပြေးလာတာတွေ့တယ်။ ကျမတို့ဘေးကအိမ်ဆို ဆနင်းကလူပဲလေ။ သူတို့ အခု ရွာကနေ ပြန်လာနေကြတာ။ စစ်ပွဲဖြစ်တော့မယ်ပြောလို့ ထွက်ပြေးလာကြတာတဲ့” ဟု ပင်လုံမြို့ ဒေသခံ လူငယ် အမျိုးသမီး တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပင်လုံမြို့ ဆနင်းတောင်ပေါ်တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တပ်ရှိထားသည့် နေရာဒေသတခုဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...