ပင်လုံမြို့ တည်းခိုခန်းတွင် မှတ်ပုံတင်အတုဖြင့် လာရောက်တည်းပြီး ပိုင်ရှင်ဖုန်းလုယူသွား

သျှမ်းပြည် လွိုင်လင်ခရိုင် ပင်လုံမြို့ ရပ်ကွက် ၄ အတွင်း တည်းခိုခန်းတစ်ခုတွင် လာရောက်တည်းခိုခဲ့သူ (၂) ဦးသည် အခန်းခကို မရှင်းသည့်အပြင် ပိုင်ရှင်၏ ဖုန်းကိုပါ ခိုးယူသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ပင်လုံမြို့

ယနေ့ (ဖေဖော်ဝါရီ ၂၂) ရက် နေ့လည် ၁၂ နာရီခွဲဝန်းကျင်တွင် အခန်းခ ရှင်းရန်ဟုဆိုကာ တည်းခိုခန်း ပိုင်ရှင်၏ ဖုန်းခဏငှားဆက်ပြီး လုယူသွားခဲ့ကြောင်း ပင်လုံမြို့ ဒေသခံတစ်ဦးကပြောသည်။

“ သူတို့ ၂ ယောက်လာတာ။ အခန်းခ ရှင်းမယ်ဆိုပြီးတော့ ဖုန်းခန ငှားဆက်မယ်တဲ့။ သူများWave money ကနေ ပိုက်ဆံလွဲလာပေးမယ်ဆိုပြီးတော့ ငှားဆက်တာ။ ပိုင်ရှင်ကလည်း ဖုန်းပေးလိုက်ပြီးတော့ အခန်းထဲမှာ ကလေးခနပဲ သွားကြည့်တာ။ ပြန်ထွက်လာတော့ မရှိတော့ဘူး။ ဖုန်းလည်း ခိုးသွားတယ်။ အခန်းခလည်း မရှင်းသွားဘူး” ဟု ပင်လုံမြို့ ဒေသခံ တစ်ဦးက ပြောသည်။

လုယူသွားသည့် ဖုန်းသည် Oppo ဖုန်းဖြစ်ပြီး တန်းဖိုငွေ ၃ သိန်း ၇ သောင်းရှိသည့်အပြင် လာရောက် တည်းခိုခဲ့သည့်သူ (၂) ဦးသည် အမျိုးသမီးတစ်ဦး နှင့် အမျိုးသားတစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။

လာရောက်တည်းခိုခဲ့သည့်သူသည် မှတ်ပုံတင်အတွင်း လွိုင်ကော်ဟု ရေးသားထားပြီး မှတ်ပုံတင်ပုံ နှင့် အပြင်မျက်နှာတို့ မတူကြောင်း တည်းခိုခန်း ပိုင်ရှင် နှင့် နီးစပ်သူက ပြောသည်။

“ သူတို့က မှတ်ပုံတင် အတုနဲ့လာတာလား မသိဘူး။ မှတ်ပုံတင် မျက်နှာ နဲ့ အပြင်က မျက်နှာ လုံးဝမတူဘူး။ မှတ်ပုံတင်ထဲမှာ လွိုင်ကော်လို့တော့ ရေးထားတယ်။ သျှမ်း ၊ ဓနုလို့တော့ ပြောတယ်။ မြန်မာပြည် ကလာတဲ့သူတွေနဲ့ တူတယ်” ဟု ၎င်းက ပြောသည်။

စစ်တပ် အာဏာသိမ်း ၂ နှစ်ကာလအတွင်း သျှမ်းပြည်အတွင်း ခိုးယူလုယက်မှု ၊ ဓားပြတိုက်မှု ၊ လောင်းကစား ၊ မူးယစ်ဆေးဝါး နေ့စဉ်ဖြစ်ပွားနေလျက်ရှိသည်။

ပင်လုံမြို့သည်လည်း လက်ရှိအချိန်ထိ မြို့အုပ်ချုပ်ရေးမှူး ဦးရာဇာအောင်က ဦးဆောင်ပြီး လောင်းကစားဝိုင်းများ ကို ဖွင့်လှစ်ထားပေးကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...