Tuesday, January 27, 2026

ပင်လုံမြို့တွင် ဈေးများကို အချိန်ကန့်သတ်ပြီး ဖွင့်ခွင့်ပေးသွားမည်

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင်ရှိဈေးများကို အချိန်ကန့်သတ်ပြီး ဖွင့်ခွင့်ပြုသွားမည် ဟု စုံစမ်းသိရှိရသည်။

Credit to Khun Kyaw Thein – ပင်လုံဘုရားရှေ့စျေးအား မြို့သစ်လမ်းမဘေးသို့ပြောင်းရွှေ့ရောင်းချ

လွိုင်လင်မြို့နယ်တွင်  ကိုဗစ် ၁၉ ပိုးတွေ့လူနာ တွေ့ရှိလာပြီး ပင်လုံမြို့သားများပါ ထိတွေ့သူ ရှိလာနိုင်သဖြင့် ဈေးကို အကန့်အသတ်ဖြင့် ဖွင့်ခွင့်ပြုတော့ မည်ဖြစ်ကြောင်းသိရသည်။

“ လွိုင်လင်မြို့မှာလဲ ကိုဗစ် ပိုးတွေ့လာပြီ။ သူတို့ဖက်ကနေလဲ ထိတွေ့သူတွေက ပင်လုံမြို့ကို လာတာရှိတယ်။ ဒါကြောင့် ဈေးကို အကန့်သတ်နဲ့ဖွင့်ခိုင်းလိုက်တာပါ” ကိုဗစ် ၁၉ ကာကွယ်ရေးကော်မတီ ကိုမိုးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

  ပင်လုံမြို့ မြို့မဈေးတွင် စားသောက်ကုန်၊ စားသောက်ဆိုင်နှင့် ဆေးပစ္စည်းတို့ကို ရောင်းချခွင့်ပြုပြီး ဘုရားရှေ့ဈေးကို မြို့သစ်လမ်းမဘေးသို့ ပြောင်းရွှေ့ရောင်းချစေသည် ဟု ကိုမိုးက ပြောသည်။

“မြို့မဈေးကို မနက် ၅ နာရီကနေပြီးတော့ နေ့လည် ၁၂ ထိရောင်းချခွင့်ဘဲပြုတော့မယ်။ အဲမှာက စားသောက်ကုန်နဲ့ ဆေးတွေပေါ့ အဓိကရောင်းရမှာကတော့  မြို့သစ်ဈေးကိုတော့ ဟင်းသီးဟင်းရွက်နဲ့ ကုန်စိမ်းတွေကိုပေါ့” ဟု ကိုမိုးက ပြောသည်။

Credit to Khun Kyaw Thein – ပင်လုံစျေး

ထိုသို့ မြို့မဈေး  ပိတ်လိုက်ရသဖြင့် ဈေးဘေး  စားသောက်ဆိုင်ဖွင့်ထားသည့် စျေးသည်တစ်ချို့  စားဝတ်နေရေးအတွက် အခက်အခဲများစွာ ရှိနေကြောင်းသိရသည်။

ဈေးဘေး စားသောက်ဆိုင်ပိုင်ရှင် ပါအောင်က “ ၁၂ နာရီထိဘဲဖွင့်ရတယ်ဆိုတော့ ဆိုင်ပိတ်ထားရသလိုဘဲ။ ဘာမှလဲမရောင်းရသေးဘူး။ စားဝတ်နေရေးအတွက်တော့ အခက်ခဲအများကြီးဘဲ” ဟု ပြောသည်။

 လွိုင်လင်မြို့နယ်တွင် ကိုဗစ် ၁၉ အတည်ပြုလူနာ ၁၄ ယောက်အထိ ရှိလာသဖြင့် ကိုမိုးက “ ပြည်သူတွေ အပြင်ထွက်ရင် mask တပ်ပေးပါ။ လက်ကို မကြာခဏဆေးပေးပါ။ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန တို့က ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်ကို လိုက်နာပေးပါ” ဟု ထက်လောက်ပြောသည်။

ပင်လုံမြို့မဈေးတွေကို မနေ့ က ဒီဇင်ဘာ ၁၅ ရက်ကစပြီး ၁၅ ရက်ကြာ ပိတ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လွိုင်လင်၊ ပင်လုံနှင့် မိုင်းပွန်တွင် ရွေးကောက်ပွဲ ဆန္ဒမဲပေးသူနည်းပါး၊ လူထုစိတ်မဝင်စား

0
သျှမ်းပြည် လွိုင်လင်မြို့နယ်ရှိ လွိုင်လင်၊ ပင်လုံနှင့် မိုင်းပွန်မြို့များတွင် စစ်ကော်မရှင် ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးသူ နည်းပါးကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင် စတင်ကျင်းပသည့် ရွေးကောက်ပွဲ ပထမပိုင်းတွင် လွိုင်လင်မြို့နယ်လည်း ပါဝင်ပြီး လွိုင်လင်မြို့၊ ပင်လုံမြို့၊ မိုင်းပွန်မြို့နှင့်...

ပြည်ထောင်စု ပြဿနာ နိဂုံးချုပ်သင့်ပြီ။

0
ဆောင်းရောက်လေပြီ။ အေးမြသည့် ဆောင်းရာသီနှင့်အတူ သျှမ်းပြည်မြောက်ပိုင်း၌ သေနတ်သံများ တိတ်ဆိတ်နေပြီ ဖြစ်သည်။ မရေရာမှုများစွာ ဖြစ်ပေါ်နေဆဲ ဆိုပေမယ့် ငြိမ်းချမ်းတော့မည်လော၊ သို့တည်းမဟုတ် နိုင်ငံရေးအရ ပိုမိုရှုပ်ထွေးပြီး ပို၍ ပြင်းထန်သည့် အနာဂတ် တိုက်ပွဲများအတွက် ပြင်ဆင်နေကြပြီလော။ ဒုတိယ ကမ္ဘာစစ် မဖြစ်ပွားမီ စစ်ကြိုကာလက အစပြုခဲ့သည့် ခေတ်သစ်...

ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်သူ ၇ထောင်ကျော်အထိရှိလာ

0
ယခုရက်ပိုင်း ထိုင်းနိုင်ငံတွင်း ကိုဗစ် ၁၉ကူးစက်ခံရသူ (၇၀၀၀)ကျော်ထိရှိလာပြီး တစ်ဉီးသေဆုံးခဲ့ကြောင်း မေ (၉)ရက် ထိုင်းနိုင်ငံ​ရောဂါထိန်းချုပ်ရေး ဌာန DDC က ထုတ်ပြန်လိုက်သည်။ ကိုဗစ်-၁၉ ကူးစက်ခံရသူ (၇၀၁၃)ဦးရှိပြီး ထိုထဲမှ တစ်ဉီးသည် သေဆုံးခဲ့ကြောင်း၊ ထိုစာရင်းများသည် မေလ ၄ရက်မှ မေလ ၈ ရက်အထိ...

တောင်ကြီး – ပင်လုံကြား ကျောက်တန်းလမ်း လက်နက်ကိုင် စစ်ဆေးရေးဂိတ်များလာ

0
သျှမ်းပြည် တောင်ကြီး - ပင်လုံကြား ရှိ ကျောက်တန်းလမ်းတွင် လက်နက်ကိုင် စစ်ဆေးရေးဂိတ်များလာကြောင်း စုံစမ်းသိရသည်။ လွိုင်လင် နှင့် မိုင်းပွန်ကြားတွင် မကြာခဏ တောင်ပြိုမှုကြောင့် ကားသမားများက ကျောက်တန်းလမ်းကို အသုံးပြုသွားလာနေရကြောင်း ပြီးခဲ့သည့် စက်တင်ဘာလမှစ၍ လက်နက်ကိုင် စစ်ဆေးရေး ဂိတ်များ လာကြောင်း အသက် ၄၀...

ပင်လုံတွင် PNO စစ်သားစုဆောင်းလို့ လူငယ်များထွက်ပြေးနေရ 

0
သျှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင် ပင်လုံ(အရှေ့) ကျေးရွာများတွင် ပအိုဝ်းပြည်သူ့စစ် (PNO) မှ စစ်သားစုဆောင်းနေတာကြောင့် လူငယ်များ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၀) ရက်တွင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို တရားဝင်ပြဌာန်းခဲ့ပြီးနောက် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့မှ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်း၊ ရပ်ရွာအလိုက် မဲနှိပ်ကာ တပ်သား စုဆောင်းခြင်းများ...