Saturday, May 18, 2024

နမ့်ခမ်း

နမ့်ခမ်းမြို့နယ် စစ်ကောင်စီ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်

သျှမ်းပြည် မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်အတွင်း ယနေ့ (ဒီဇင်ဘာလ ၈ ရက်) နေ့လည်အချိန်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံ စုံစမ်း သိရသည်။ ယနေ့ (ဒီဇင်ဘာလ ၈ ရက်) နေ့လယ်ပိုင်း ၁ နာရီဝန်းကျင်တွင် နမ့်ခမ်းမြို့နယ် နောင်စန့်ရပ်ကွက် အတွင်း စစ်ကောင်စီမှ...

စစ်ကောင်စီ လေကြောင်းဗုံးကြဲ အရပ်သား ၃ဦး ထိခိုက် နေအိမ်အများအပြားပျက်စီး

သျှမ်းမြောက် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင် ယမန့်နေ့ (ဒီဇင်ဘာ ၂)ရက် ည ၆နာရီကျော်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား​(၃)ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်အများအပြား ပျက်စီးသွားကြောင်းစုံစမ်းသိရသည်။ မူဆယ်မြို့နယ် စယ်လန့်ကျေးရွာ ယမန်နေ ဒီဇင်ဘာလ ၂ ရက်နေ့ည ၆ နာရီကျော်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့်...

စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် နမ့်ခမ်းမြို့ပေါ် ဗုံးကြဲ အရပ်သားတစ်ဦးသေဆုံး၊ ၅ဦးထက်မနည်းထိခိုက်ဒဏ်ရာရ

နမ့်ခမ်းမြို့တွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှ ကြောင့် အရပ်သား ထိခိုက်သေဆုံးမှု ရှိကြောင်း စုံစမ်းသိရသည်။ နမ့်ခမ်းမြို့နယ် ယမန်နေ့ ( ဒီဇင်ဘာလ ၁) ရက် ည ၉ နာရီကျော်တွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာလေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် နောင်စန့်၊ဟိုကတ်၊ကောင်းနောင်မိုရပ်ကွက်တို့တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသား...

နမ့်ခမ်း စစ်ကောင်စီ စခန်းသစ်ကုန်း သိမ်းပိုက်နိုင်ရန် TNLA တပ်ဖွဲ့ အပြင်းအထန် ထိုးစစ်ဆင်

သျှမ်းပြည် နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်၏ စခန်းသစ်ကုန်းကို သိမ်းပိုက်နိုင်ရန် တအာင်း (ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ နမ့်ခမ်းမြို့နယ်တွင် အခြေစိုက်သည့် စစ်ကောင်စီတပ် စခန်းသစ်ကုန်းကို သိမ်းပိုက်နိုင်ရန်အတွက် TNLA က မြေပြင်ထိုးစစ်နှင့် ဒရုန်းတို့ဖြင့် နိုဝင်ဘာ ၂၂ ရက်တွင်...

နမ့်ခမ်းမြို့ပေါ် ဂျက်ဖိုက်တာ လေယာဉ်ဖြင့် ပစ်ခတ် အရပ်သားနေအိမ်ထိ

သျှမ်းပြည် နမ့်ခမ်းမြို့တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာလေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားနေအိမ်များ ထိခိုက် ပျက်စီးမှု ရှိကြောင်း စုံစမ်းသိရသည်။ နမ့်ခမ်းမြို့တွင် ယနေ့ (နိုဝင်ဘာလ ၂၀ ရက်) နံနက် ၇ နာရီကျော်မှ စပြီးစစ်ကောင်စီနှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲများပြင်းထန်ပြီး...

နမ့်ခမ်းမြို့တွင်း စစ်ကောင်စီ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပတ္တမြားခန်းမ မီးလောင်ပျက်စီး

သျှမ်းပြည် နမ့်ခမ်းမြို့အခြေစိုက် စစ်ကောင်စီတပ်၏ စခန်းသစ်မှနေ၍ နမ့်ခမ်းမြို့တွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာ ၁၂ ရက်) ည ၆ နာရီခန့်မှ စ၍ နမ့်ခမ်းမြို့ စခန်းသစ်ဗျူဟာကုန်းမှ စစ်ကောင်စီတပ်သည် နမ့်ခမ်းမြို့တွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင့် နမ့်ခမ်းမြို့မ ရဲစခန်းအနောက်ဘက်ရှိ ပတ္တမြားခန်းမကို...

စစ်ရေးပဋိပက္ခအတွင်း ပြည်သူလူထုအား အကာအကွယ်ပေးရန် သျှမ်းလူထုနှင့် အရပ်ဖက် အဖွဲ့အစည်းများ ထုတ်ပြန်

“၁၀၂၇ စစ်ဆင်ရေး” ဆင်နွှဲနေသော ညီနောင်မဟာမိတ်တပ်များ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF များနှင့် စစ်ကောင်စီတပ်တို့ကို စစ်ရေးပဋိပက္ခအတွင်း ပြည်သူလူထုအား အကာအကွယ်ပေးရန် သျှမ်းလူထုနှင့် အရပ်ဖက် အဖွဲ့အစည်းများက ယနေ့ (နိုဝင်ဘာ ၁၁ ရက်)တွင် ထုတ်ပြန်လာသည်။ စစ်ရေးပဋိပက္ခတွင် ပါဝင်ကြသော နှစ်ဘက်လက်နက်ကိုင် တပ်ဖွဲ့အားလုံးသည် ပြည်သူလူထုအား ခြိမ်းခြောက်ခိုင်းစေခြင်း၊...

မူဆယ်-နမ့်ခမ်းလမ်း တိုက်ပွဲကြား အမျိုးသားတစ်ဦး ပျောက်ဆုံးနေ

သျှမ်းပြည် မူဆယ်-နမ့်ခမ်းလမ်းကြား တစ်နေရာတွင် တိုက်ပွဲဖြစ်ပွားနေစဉ် ကာလအတွင်း အမျိုးသားတစ်ဦး ပျောက်ဆုံးနေပြီး လက်ရှိအချိန်ထိ အသတင်းအချက်အရမရှိသေးကြောင်း သတင်းသိရှိရသည်။ ဖြစ်စဉ်မှာ (အောက်တိုဘာလ ၂၈ ရက်)တွင် အသက် ၂၃ နှစ်အရွယ်ရှိ မောင်မရန်ယောင်ထန် ဆိုသည့် အမျိုးသားတစ်ဦးသည် မူဆယ်-နမ့်ခမ်းလမ်းပိုင်း ဖြတ်သန်းသွားလာစဉ်အတွင်း ပျောက်ဆုံးသွားခဲ့သည်ဟု ၎င်း၏ မိသားစုဝင်တစ်ဦးက...

နားလည်မှုကွဲလွှဲခြင်းကြောင့် SSPP နှင့် TNLA တို့အကြားတိုက်ပွဲဖြစ်ပွားခဲ့ရ

မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့အကြား နားလည်မှုကွဲလွှဲခြင်းကြောင့် တိုက်ပွဲဖြစ်ပွားရကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( နိုဝင်ဘာလ ၈ ရက် ) နံနက်ပိုင်းအချိန်တွင် ဖြစ်ပွားခဲ့သည့် စယ်လန့်ကျေးရွာအတွင်း...

နမ့်ခမ်းမြို့ စစ်ရှောင်ဦးရေ ၂,၅၀၀ ဝန်းကျင်ထိရှိလာ

မြန်မာ-တရုတ်နယ်စပ်ဒေသ နမ့်ခမ်းမြို့တွင် စစ်ကောင်စီတပ်နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး TNLA တို့ သုံးရက်ကျော်ကာလအတွင်း တိုက်ပွဲကြောင့် နေရပ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်ဦးရေ ၂,၅၀၀ ဝန်းကျင်အထိ ရှိလာပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့်ရက်ပိုင်း (နိုဝင်ဘာလ ၃ ရက်)တွင် နမ့်ခမ်းမြို့တွင် မြေပြင်တိုက်ပွဲအပြင် စစ်ကောင်စီဘက်မှ...

Latest news