ဓားပြတိုက်
ကွတ်ခိုင်မြို့ပေါ် ဓားပြတိုက်မှုဖြစ် တရုတ်ငွေ ၂ သိန်းကျော်နှင့် မြန်မာငွေ သိန်း ၁၀၀ ကျော်ပါသွား
SHAN -
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့ အမှတ် (၃) ရပ်ကွက်တွင် ဓားပြတိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး တရုတ်ငွေ ၂ သိန်း ကျော်နှင့် မြန်မာငွေ သိန်း ၁၀၀ ကျော် အပါအဝင် ရွှေငွေ လက်ဝတ်လက်စားများလည်း ပါသွားကြောင်း သတင်း သိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၁) ရက်...
ကွတ်ခိုင်မြို့ ရွှေဆိုင်တစ်ခု အမျိုးသမီး နှစ်ဦး ကျပ်သိန်း (၆၀) တန် ရွှေဆွဲကြိုး ခိုးယူသွား
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့ ရပ်ကွက် (၅) အတွင်း ဖွင့်လှစ်ထားသော ထွန်းရွှေ အရောင်းဆိုင်တွင် ယမန်နေ့ (အောက်တိုဘာ ၁၆) ရက်၊ နံနက်ပိုင်း ၈ နာရီတွင် ရွှေဆွဲကြိုးလာဝယ်သော အမျိုးသမီးနှစ်ဦးက ကျပ်သိန်း (၆၀) တန် ရွှေဆွဲကြိုး တစ်ကုံးကို ခိုးယူသွားကြောင်း စုံစမ်းသိရှိရသည်။ ...
မူဆယ် – ၁၀၅မိုင်ကြား ရဲဝတ်စုံ ဝတ်ဆင်ထားသည့် ဓားပြတိုက်အဖွဲ့ သောင်းကြမ်းနေ
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ် - ၁၀၅ မိုင် ကားလမ်းပေါ်တွင် အမည်မသိ အဖွဲ့အစည်းတစ်ခုမှ ရဲတပ်ဖွဲ့ ဝတ်စုံဝတ်ပြီး ပြည်သူများကို ဓားပြတိုက်မှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းမှာ မူဆယ်မြို့မှ ၁၀၅ မိုင်သို့ သွားသည့် ကားလမ်း နမ့်ခွမ်ကျေးရွာအနီးတွင် စစ်ကောင်စီ ၏ ရဲဝတ်စုံဖြင့်...
မူဆယ်မြို့ မြန်မာ-တရုတ်ငွေလဲလှယ်အိမ် ဓားပြတိုက်ခံရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ တောင်ရပ်ကွက်ရှိ မြန်မာ - တရုတ်ငွေလဲလှယ်သည့် အိမ်ကို ယနေ့ (စက်တင်ဘာ ၇)ရက် နံနက် (၆)နာရီဝန်းကျင်တွင် အမည်မသိလက်နက်ကိုင် (၃)ဦးက ဝင်ရောက်ဓားပြတိုက်ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ အမည်မသိ လက်နက်ကိုင် (၃)ဦးသည် ယနေ့ နံနက် (၆)နာရီဝန်းကျင်တွင် ကားတစ်စီးဖြင့် မြန်မာ--တရုတ်ငွေလဲလှယ်သည့်နေအိမ်ကိုရောက်လာပြီး...
မူဆယ်မြို့ ဖုန်းဆိုင်တစ်ခု ဓားပြတိုက်ခံရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဈေးရပ်ကွက်တွင် ယနေ့ (မေ ၁၀) မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်တွင် စိုင်းညီ secondဖုန်း ဆိုင် တစ်ခု ဓားပြတိုက်ခံလိုက်ရကြောင်းစုံစမ်းသိရှိရသည်။ အဆိုပါ ဆိုင်တွင် အမည်မသိလက်နက်ကိုင် (၆) ဦးရောက်လာပြီး ဆိုင်တွင်းရှိပစ္စည်းများကို ဓားပြတိုက်လုယူသွားကြောင်း မူဆယ်မြို့ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ လူက (၆) ယောက်လာတာ။ ကားနဲ့လာတာ။ ဆိုင်ထဲရှိတဲ့ ပစ္စည်းတွေကိုယူသွားတာ။ဆိုင်ရှင်ကို ဓားထောက်ပြီး ဓားပြတိုက်...
ကျောက်မဲမြို့နယ်တွင်း ဓားပြတိုက်မှုဖြစ်/ အိမ်ရှင်တစ်ဦး ခေါ်ဆောင်သွား
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှနေအိမ်တစ်လုံးတွင် ဓားပြတိုက်ခံရပြီး အိမ်ရှင်တစ်ဦးလည်း ဓားစာခံအဖြစ် ဖမ်းဆီးသွားခြင်းခံလိုက်ရကြောင်း သတင်းသိရသည်။ ဖြစ်စဥ်မှာ ယနေ့ (ဧပြီ၃၀ )ရက် နံနက် ၂ နာရီတွင် ကားနှစ်စီးနှင့် ဓားပြတိုက်သူတစ်စုတို့သည် ကျောက်မဲမြို့နယ် တိလင်ရပ်ကွက် ၁၉ ရှိ နေအိမ်တစ်အိမ်ကို ဓားပြဝင်တိုက်ပြီး မိသားစုဝင်တစ်ဦးကို ဖမ်းခေါ်သွားကြောင်း ဒေသခံ...
နောင်ချိုမြို့နယ်အတွင်း ဖုန်းဆိုင် ဓားပြတိုက်ခံရ
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် အုမ္မသီး ကျေးရွာရှိ ဖုန်းဆိုင်တစ်ဆိုင် ယမန်နေ့ (ဖေဖော်ဝါရီ ၂၇)ရက် ည (၇)နာရီဝန်းကျင်တွင် ဓားပြတိုက်ခံရကြောင်း စုံစမ်းသိရှိရသည်။ “ဟုတ်တယ်။ အဲ့ဖုန်းဆိုင်ကလည်း ပြည်ထောင်စုလမ်းမပေါ်မှာပဲရှိတယ်။ ည ၇ နာရီဝန်းကျင်လောက်က ဓားပြတိုက်ခံလိုက်ရတာ။ ဘယ်သူကနေ လာတိုက်တာလဲတော့ မသိရဘူး” ဟု နောင်ချိုမြို့နယ် ပရဟိတ...
နမ့်စန် မြို့မစျေးကြီးရှိ ရွှေဆိုင်တစ်ဆိုင်ကို လူတစ်စု က သေနတ်ပစ်ခတ် ဓားပြတိုက်ရန်ကြိုးစား
SHAN -
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ရှိ မြို့မဈေးအတွင်းဖွင့်လှစ်ထားသည့် ခမ်းလီရွှေဆိုင်ကို ယနေ့ (ဇန်နဝါရီ ၇)ရက် ညနေ ၃ နာရီဝန်းကျင်တွင် မျက်နှာဖုံးဝတ်ဆင်ထားသည့် အမျိုးသားလူငယ်တစ်စုက သေနတ်ဖြင့် ပစ်ခတ်ဓားပြတိုက်ရန် ကြိုးစားခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့ ညနေ ၃ နာရီကျော် ဝန်းကျင်တွင် နမ့်စန်မြို့မဈေးအတွင်းရှိ...
မူဆယ်မြို့လယ်ခေါင် ငွေလဲလှယ်ပေးသူ ဓားပြတိုက်ခံရ
SHAN -
သျှမ်းမြောက် မူဆယ်မြို့လယ် နာရီစင်အနီးတွင် ယမန်နေ့ (ဒီဇင်ဘာ ၂၀)ရက် ညနေ ၆ နာရီခွဲဝန်းကျင်က ငွေလဲလှယ်လုပ်ငန်း လုပ်ကိုင်သူ ဓာပြတိုက်ခံရပြီး ဒဏ်ရာရခဲ့ကြောင်း သိရသည်။ မူဆယ်မြို့လယ်ခေါင်ဖြစ်သည့် နာရီစင်အနီး တရုတ် - မြန်မာ ငွေလဲလှယ်ပေးနေသူအား လက်နက်ကိုင်လူတစ်စုက လာရောက်ဓားပြတိုက်ခဲ့တာဖြစ်ပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။ “အယ်လ်ဖတ်ကားနဲ့...
တာချီလိတ်မြို့ အိမ်ထဲထိ ဓားပြဝင်တိုက်
SHAN -
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မိုင်းဖုန်း(ခ)ရပ်ကွက် နေအိမ်တစ်လုံး ဓားပြတိုက်ခံရပြီး ထိုင်းဘတ်ငွေ ၇ သိန်းခန့် ပါသွားကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက် နေ့လည်ပိုင်း ၁ နာရီဝန်းကျင်တွင် ဆိုင်ကယ်ဖြင့်လာသော အမျိုးသား ၂ ဦးသည် တာချီလိတ်မြို့ မိုင်းဖုန်း (ခ)ရပ်ကွက်ရှိ လုံးစိုင်းဆမ်၊...





