Tuesday, January 27, 2026

မူဆယ် – ၁၀၅မိုင်ကြား ရဲဝတ်စုံ ဝတ်ဆင်ထားသည့် ဓားပြတိုက်အဖွဲ့ သောင်းကြမ်းနေ

သျှမ်းပြည်မြောက်ပိုင်း မူဆယ် – ၁၀၅ မိုင် ကားလမ်းပေါ်တွင် အမည်မသိ အဖွဲ့အစည်းတစ်ခုမှ ရဲတပ်ဖွဲ့ ဝတ်စုံဝတ်ပြီး ပြည်သူများကို ဓားပြတိုက်မှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

Photo by မူဆယ် ဒေသခံတဦး

ပြီးခဲ့သည့် ရက်ပိုင်းမှာ မူဆယ်မြို့မှ ၁၀၅ မိုင်သို့ သွားသည့် ကားလမ်း နမ့်ခွမ်ကျေးရွာအနီးတွင် စစ်ကောင်စီ ၏ ရဲဝတ်စုံဖြင့် ဝတ်ဆင်ထားသော ဓားပြတိုက်အဖွဲ့ (၂) ဦးသည် ခရီးသည်လင်မယားကိုတားဆီး စစ်ဆေးမှု ပြုလုပ်ပြီး ဆိုင်ကယ်အသစ် တစ်စီး ပိုက်ဆံ (၃)သောင်းနှင့် ဖုန်း ၂ လုံးကို ဓားပြတိုက်လုယူသွားကြောင်း မူဆယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ လွန်ခဲ့တဲ့ (၆) ရက်က နမ့်ခုံကျေးရွာမှာရှိတဲ့ အမှိုက်စွန့်ပစ်တဲ့ နေရာတစ်ခုမှာ အလုခံရတာ။ ရဲဝတ်စုံဝတ်တဲ့ လူနှစ်ယောက်က ဆိုင်ကယ်လာတား ပြီးတော့ မှတ်ပုံတင်ပါလားမေးတယ်။ အဲ့လိုမေးရင်း နောက်တစ် ယောက်က အနောက်ကိုလာပြီး ဆိုင်ကယ်ကိုလုသွားတာ။ ပြီးတော့ နောက်တစ်ယောက်က ပိုက်ဆံကိုလုတယ်” ဟု ၎င်းအမျိုးသားက ဆိုသည်။

အဆိုပါ ရဲဝတ်ပုံစံဖြင့် ဝတ်ထားသော ဓားပြတိုက်လူနှစ်ဦးအပြင် ဘေးပတ်ဝန်းကျင်တွင်လည်း ဆိုင်ကယ်ဖြင့် ရပ်စောင့်နေသည့် သူများလည်းရှိကြောင်း သိရသည်။

“ အဲ့ဒီနေရာမှာက ပြည်သူခဏခဏ အလုခံရတယ်။ သူတို့မှာ လူအင်အားများတယ်။ နှစ်ယောက်ထဲ မဟုတ်ဘူးဗျ။ သူတို့လုပြီးရင် ထွက်ပြေးဖို့အတွက် ဆိုင်ကယ် နဲ့ စောင့်ထားတဲ့လူတွေ အသင့်ရှိတယ်။ ပြီးတော့ ဆိုင်ကယ်အဟောင်းဆို သူတို့က မလုဘူး။ ဆိုင်ကယ်အကောင်းတွေကို ရွေးပြီးလုတာ” ဟု အသက် (၃၀)ကျော် အရွယ်ရှိလူငယ်တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

စစ်အာဏာသိမ်းပြီးနောက် မူဆယ်မြို့နယ်အတွင်း သူခိုး၊ ဓားပြတိုက်မှု၊လုယက်မှုများ နေ့စဥ်နှင့်အမျှ ရှိနေသော်လည်း သက်ဆိုင်ရာမှ တာဝန်ယူဖမ်းဆီးခြင်း တကြိမ်တခါမျှမရှိခဲ့ပေ။

“ မူဆယ်က အခြေအနေတော်တော်ဆိုးတယ်။ နေ့တိုင်း ဓားပြတိုက်တယ်၊ သူခိုးရှိတယ်၊ ဒါပေမယ့် ဘယ်သူမှ အရေးယူတာမရှိဘူး။ ရဲဝတ်စုံနဲ့ ဓားပြတိုက်၊ လုယက်မှုရှိတော့ ပိုဆိုးတာပေါ့။ အခုဆိုရင် ဆိုင်ကယ်နဲ့ အပြင်မထွက်ရဲတဲ့ဘဝပဲ” ဟု အသက် (၃၀)ကျော်အရွယ်ရှိ လူငယ်က ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက် နံနက် ၆ နာရီတွင် မူဆယ်မြို့ရှိ ငွေလဲလှယ်သူ၏ နေအိမ်မှာ အမည်မသိ လူလတ်ပိုင်း (၃) ဦးက လာရောက်ပြီး သေနတ်ဖြင့် ခြိမ်းခြောက်မှု ပြုလုပ်ကာ မြန်မာကျပ်ငွေ သိန်း (၅၀၀) ဓားပြတိုက် ယူသွားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း မြို့ခံများက ပြောသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၉ နာရီကျော် အချိန်တွင် ဆန်ဆိုင်း (က) ရပ်ကွက်နေ အသက် (၅၀) အရွယ်ခန့် အမျိုးသမီးတစ်ဦးသည်...

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

တောင်ကြီးမြို့တွင် လောင်းကစားဝိုင်းများ ပေါ်ပေါ်ထင်ထင် လည်ပတ်နေ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် လောင်းကစားဝိုင်းများကို ပေါ်ပေါ်ထင်ထင် လုပ်ကိုင် လည်ပတ်နေကြောင်း သတင်းသိရသည်။

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...