Wednesday, January 28, 2026

မူဆယ်မြို့ မြန်မာ-တရုတ်ငွေလဲလှယ်အိမ် ဓားပြတိုက်ခံရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ တောင်ရပ်ကွက်ရှိ မြန်မာ – တရုတ်ငွေလဲလှယ်သည့် အိမ်ကို ယနေ့ (စက်တင်ဘာ ၇)ရက် နံနက် (၆)နာရီဝန်းကျင်တွင် အမည်မသိလက်နက်ကိုင် (၃)ဦးက ဝင်ရောက်ဓားပြတိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ဓားပြတိုက်ခံရသည့်နေအိမ်

အဆိုပါ အမည်မသိ လက်နက်ကိုင် (၃)ဦးသည် ယနေ့ နံနက် (၆)နာရီဝန်းကျင်တွင် ကားတစ်စီးဖြင့် မြန်မာ–တရုတ်ငွေလဲလှယ်သည့်နေအိမ်ကိုရောက်လာပြီး သေနတ်တို၊ ရှည် နှင့် ဓားတို့ကိုင်ဆောင်လာပြီး သေနတ်တစ်ချက်ပစ်ဖောက်ကာ ဓားပြတိုက်သွားကြောင်း မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦး သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကားတစ်စီးနဲ့ လူ(၃) ယောက်ကလာတာ။ သေနတ်တွေလည်း အရှည်၊ အတိုတွေပါတယ်။ ဓားလည်းပါတယ်။ သေနတ်ကို တစ်ချက်ဖောက်ပြီးတော့ ဓားပြလာတိုက်သွားတာ။ အဲအိမ်က တရုတ်ငွေလဲပေးတဲ့အိမ်ဖြစ်တယ်။ ဗီရိုတွေ၊ မီးခံသေတ္တာတွေ အိပ်ခန်းတွေ အားလုံးမွှေသွားတယ်” ဟု မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မူဆယ် တောင်ရပ်ကွက် နေအိမ် ဓားပြတိုက်ခံရ

ထိုဓားပြတိုက်မှုကြောင့် လူထိခိုက်မှုမရှိသော်လည်း ငွေ သိန်း (၅၀၀) ဝန်းကျင် ဆုံးရှုံးသွားသည့်အပြင် အိမ်တွင်းတပ်ဆင်ထားသည့် CCTV များကိုလည်း ဖြုတ်ယူသွားကြောင်း သိရသည်။

“ လူထိခိုက်တာတော့ မရှိဘူး။ ဒါပေ့မဲ ပိုက်ဆံ သိန်း (၅၀၀) လောက်တော့ ပါသွားတယ်။ သူတို့တွေက CCTV တွေကိုလည်း ဖြုတ်သွားတယ်” ဟု မူဆယ်မြို့ ဒေသခံတစ်ဦးက ပြောသည်။

မူဆယ်ခရိုင်သည် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ ကိုးကန့်တပ်မတော် (MNDAA) နှင့် ပြည်သူ့စစ် အများအပြား လှုပ်ရှားရာ နယ်မြေဖြစ်သည်။

ထို့အပြင် မူဆယ်မြို့တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှုများနေ့စဉ်နဲ့အမျှရှိနေသော်လည်း သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူမှု မရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း မြို့ခံများက ပြောသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၉ နာရီကျော် အချိန်တွင် ဆန်ဆိုင်း (က) ရပ်ကွက်နေ အသက် (၅၀) အရွယ်ခန့် အမျိုးသမီးတစ်ဦးသည်...

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

တောင်ကြီးမြို့တွင် လောင်းကစားဝိုင်းများ ပေါ်ပေါ်ထင်ထင် လည်ပတ်နေ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် လောင်းကစားဝိုင်းများကို ပေါ်ပေါ်ထင်ထင် လုပ်ကိုင် လည်ပတ်နေကြောင်း သတင်းသိရသည်။

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...