Tuesday, January 27, 2026

မူဆယ်မြို့ ဖုန်းဆိုင်တစ်ခု ဓားပြတိုက်ခံရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဈေးရပ်ကွက်တွင် ယနေ့ (မေ ၁၀) မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်တွင် စိုင်းညီ secondဖုန်း ဆိုင် တစ်ခု ဓားပြတိုက်ခံလိုက်ရကြောင်းစုံစမ်းသိရှိရသည်။

ဓားပြတိုက်ခံရတဲ့ မူဆယ်ဖုန်းဆိုင်

အဆိုပါ ဆိုင်တွင် အမည်မသိလက်နက်ကိုင်  (၆) ဦးရောက်လာပြီး ဆိုင်တွင်းရှိပစ္စည်းများကို ဓားပြတိုက်လုယူသွားကြောင်း မူဆယ်မြို့ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ လူက (၆) ယောက်လာတာ။ ကားနဲ့လာတာ။ ဆိုင်ထဲရှိတဲ့ ပစ္စည်းတွေကိုယူသွားတာ။ဆိုင်ရှင်ကို ဓားထောက်ပြီး ဓားပြတိုက် သွားတယ်။ ပစ္စည်းတန်ဖိုးတွေက စုစုပေါင်း သိန်း ၁၀၀၀ လောက်ရှိတယ်တဲ့။ အဲ့ဆိုင်က ဖုန်း Second ရောင်းဝယ်ရေးဆိုင် ဖြစ်တယ်” ဟု မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

အဆိုပါဖုန်းဆိုင်သည် ဂျောင်ကျနေပြီး စည်ပင်ရုံးနှင့်နီးကြောင်း၊ လူသွားလူလာနည်းပါးသည့် နေရာဖြစ်ပြီး မိုးရွာနေသည့် အချိန်တွင် ဓားပြတိုက်ခံလိုက်ရကြောင်းသိရသည်။

“ လူထိခိုက်ဒဏ်ရာရရှိတာတော့မရှိသေးဘူး။ သူ့ဆိုင်က ဂျောင်ကျတယ်။ လူသွားလူလာသိပ်မရှိဘူး။ ပြီးတော့ သူ့ဆိုင်ကလည်း စည်ပင်ရုံးနဲ့လည်းနီးတယ်။ ဓားပြတိုက်ခံရတာက မိုးရွာတဲ့အချိန်ဖြစ်တယ်။ ပြီးတော့ လူသွား၊ လူလာ သိပ်မရှိတာလည်း ဖြစ်တာပေါ့။ သူ့ကိုတော့ ဓားထောက်ပြီး ဆိုင်ထဲကရှိတဲ့ တန်ဖိုးကြီးဖုန်းတွေကို ယူသွားတာ” ဟု မူဆယ်မြို့ ဒေသခံ အမျိုးသားကပြောသည်။ 

မူဆယ်မြို့သည် ပြီးခဲ့သည့် ဧပြီ ၂၂ ရက်တွင်လည်း လုယက်မှုမှ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပြည်သူတစ်ဦး သေဆုံးသွားကြောင်း သိရသည်။ 

မူဆယ်မြို့သည် မကြာခဏ ဓားပြတိုက်မှုများဖြစ်ပွားလေ့ရှိသည့်ဒေသဖြစ်ပြီး လက်နက်ကိုင်အဖွဲ့စည်းများ လှုပ်ရှားသည့် ဒေသတစ်ခုလည်းဖြစ်သည်။ 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း မြို့ခံများက ပြောသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၉ နာရီကျော် အချိန်တွင် ဆန်ဆိုင်း (က) ရပ်ကွက်နေ အသက် (၅၀) အရွယ်ခန့် အမျိုးသမီးတစ်ဦးသည်...

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

တောင်ကြီးမြို့တွင် လောင်းကစားဝိုင်းများ ပေါ်ပေါ်ထင်ထင် လည်ပတ်နေ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် လောင်းကစားဝိုင်းများကို ပေါ်ပေါ်ထင်ထင် လုပ်ကိုင် လည်ပတ်နေကြောင်း သတင်းသိရသည်။

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...