Tuesday, January 27, 2026

ကွတ်ခိုင်မြို့ပေါ် ဓားပြတိုက်မှုဖြစ် တရုတ်ငွေ ၂ သိန်းကျော်နှင့် မြန်မာငွေ သိန်း ၁၀၀ ကျော်ပါသွား

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့ အမှတ် (၃) ရပ်ကွက်တွင် ဓားပြတိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး တရုတ်ငွေ ၂ သိန်း ကျော်နှင့် မြန်မာငွေ သိန်း ၁၀၀ ကျော် အပါအဝင် ရွှေငွေ လက်ဝတ်လက်စားများလည်း ပါသွားကြောင်း သတင်း သိရသည်။

ကွတ်ခိုင်မြို့

ယမန်နေ့ (နိုဝင်ဘာလ ၁) ရက် မနက် ၇ နာရီဝန်းကျင်တွင် ကွတ်ခိုင်မြို့ အမှတ် (၃) ရပ်ကွက်ရှိ နယ်မြေခံ တရုတ်လူမျိုး မိသားစုတစ်ခုကို အမည်မသိ မျက်နှာဖုံးစွပ် အမျိုးသား ၇ ယောက်က ကားနှင့် ရောက်လာပြီး ဓားပြတိုက် သွားကြောင်း အသက် ၃၀ ကျော် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနက်ပိုင်းကလေးတွေ တရုတ်ကျောင်း သွားနေတဲ့အချိန်မှာ အမျိုးသား ၇ ယောက်က ကားတစ်စီးနဲ့ ရောက်လာပြီး အိမ်သားတွေကို စုခိုင်းတယ်။ ပြီးတော့ တရုတ်ယွမ် ၂ သိန်းကျော်၊ မြန်မာငွေ သိန်း ၁၀၀ ကျော်ကို ဓားပြတိုက်ယူသွားတယ်၊ လက်ဝတ်ရတနာတွေရဲ့ တန်ဖိုး လည်းနည်းမှာမဟုတ်ဘူး၊ အိမ်ထဲရှိတဲ့ ပစ္စတိုသေနတ် လည်း ပါသွားတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

အဆိုပါ ဓားပြတိုက်ခံရသည့် နေအိမ် မိသားစုသည် ဌာနေပြည်သူ့စစ်တပ်ဖွဲ့နှင့်လည်း ဆက်စပ်ပတ်သက် နေကြောင်း ဒေသခံများက ပြောသည်။

ယင်းဓားပြတိုက်မှုဖြစ်ပွားပြီးသည့်နောက်တွင် ရဲများနှင့်တာဝန်ရှိသူများ၊ ပြည်သူ့စစ်များက လာရောက်စစ်ဆေး ပြီး သတင်းပျံ့နှံ့မှု မရှိစေရန် ပြောဆိုသွားကြောင်းလည်း သိရသည်။
“ရဲတွေရော ၊ ပြည်သူ့စစ်တွေရော လာစစ်တယ်၊ ကျူးလွန်သူတွေကို ရှာဖွေဖမ်းဆီးမယ်လို့ ပြောပြီး ပြန်သွား ကြတာ၊ ပြီးတော့ သတင်းတွေလည်း သိပ်မပျံ့စေနဲ့လို့ပြောသွားတယ်တဲ့၊ ဒါကြောင့်အိမ်ရှင်တွေက ဘယ်သူ့ကိုမှ မပြောဘူး၊ အခုထိ ဖြစ်စဥ်အသေးစိတ်ကို မသိရဘူး” ဟု အသက် ၅၀ ဝန်းကျင်ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

ထိုဓားပြတိုက်မှုကြောင့် ဒေသခံပြည်သူများလည်း လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေကြပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဖော်ထုတ်ဖမ်းဆီးအရေးယူပေးစေလိုကြောင်း ဒေသခံပြည်သူများက တောင်းဆိုနေကြသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းယူပြီးနောက်ပိုင်း နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုကြောင့် မကြာခဏ လုယက်မှု၊ ခိုးမှုများလည်း ရင်ဆိုင်နေရသည့် အတွက် ပြည်သူများက စိုးရိမ်ထိတ်လန့်နေကြကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း မြို့ခံများက ပြောသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၉ နာရီကျော် အချိန်တွင် ဆန်ဆိုင်း (က) ရပ်ကွက်နေ အသက် (၅၀) အရွယ်ခန့် အမျိုးသမီးတစ်ဦးသည်...

တောင်ကြီးမြို့တွင် လောင်းကစားဝိုင်းများ ပေါ်ပေါ်ထင်ထင် လည်ပတ်နေ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် လောင်းကစားဝိုင်းများကို ပေါ်ပေါ်ထင်ထင် လုပ်ကိုင် လည်ပတ်နေကြောင်း သတင်းသိရသည်။

ကွတ်ခိုင်မြို့တွင် ဆိုင်ကယ်ခိုးယူထွက်ပြေးသည့် TNLA တပ်သားကို ပြည်သူပြန်ဖမ်း

0
သျှမ်းပြည် ကွတ်ခိုင်မြို့တွင် ဆိုင်ကယ်ခိုးယူ ထွက်ပြေးခဲ့သည့် TNLA တပ်သားတစ်ဦးကို ရပ်ကွက်နေ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ရကြောင်း စုံစမ်းသိရသည်။ နိုဝင်ဘာလ (၁၅)ရက် ညနေ ၆ နာရီကျော်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ ရပ်ကွက်(၁) ရှိ “အောင်” ဆိုင်ကယ်ပြင်ဆိုင်ရှိ ဆိုင်ကယ်တစ်စီးကို...

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက်...

မူဆယ်မြို့ ‌ရွှေဆိုင်တစ်ခုကို အမည်မသိလက်နက်ကိုင်လူတစ်စု ဝင်ရောက်ဓားပြတိုက်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ စျေးရပ်ကွက်ရှိ ရွှေဆိုင်တစ်ခုကို အမည်မသိလက်နက်ကိုင် လူတစ်စုက ဝင်ရောက် ဓားပြတိုက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၂၁ ရက်) နံနက် ၆ နာရီခန့်တွင် မူဆယ်မြို့ ဈေးရပ်ကွက်ရှိ ရွှေဆိုင်တစ်ခုကို အမည်မသိ လက်နက်ကိုင်လူတစ်စုမှ အဖြူရောင် Crown ကားတစ်စီးဖြင့် ဝင်ရောက်...