Tuesday, January 27, 2026

နောင်ချိုမြို့နယ်အတွင်း ဖုန်းဆိုင် ဓားပြတိုက်ခံရ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် အုမ္မသီး ကျေးရွာရှိ ဖုန်းဆိုင်တစ်ဆိုင် ယမန်နေ့ (ဖေဖော်ဝါရီ ၂၇)ရက် ည (၇)နာရီဝန်းကျင်တွင် ဓားပြတိုက်ခံရကြောင်း စုံစမ်းသိရှိရသည်။

နောင်ချို

“ဟုတ်တယ်။ အဲ့ဖုန်းဆိုင်ကလည်း ပြည်ထောင်စုလမ်းမပေါ်မှာပဲရှိတယ်။ ည ၇ နာရီဝန်းကျင်လောက်က ဓားပြတိုက်ခံလိုက်ရတာ။ ဘယ်သူကနေ လာတိုက်တာလဲတော့ မသိရဘူး” ဟု နောင်ချိုမြို့နယ် ပရဟိတ အဖွဲ့ဝင် အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ဓားပြတိုက်ခံရမှုသည် လူထိခိုက်မှု မရှိသော်လည်း ငွေကြေး နှင့် ဆိုင်တွင်းရှိ ပစ္စည်းများ ဆုံးရှုံးမှုရှိကြောင်း သိရသည်။

“လူထိခိုက်မှုတော့ မရှိဘူး။ ဆိုင်ထဲမှာရှိတဲ့ ဖုန်း (၆)လုံးနဲ့ ငွေ (၅)သိန်းလောက်ကတော့ ပါသွားတယ်” ဟု ၎င်း က ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများ စားဝတ်နေရေးခက်ခဲလာသောကြောင့် နောင်ချိုမြို့တွင် ခိုးယူလုယက်မှု၊ ဓားပြတိုက်မှုများ ပိုမို များပြာလာမှာကို ဒေသခံများက စိုးရိမ်နေကြသည်။

“နိုင်ငံရေးလည်း မကောင်း၊ ကိုဗစ် လူနာကလည်း များတယ်။ ရှာဖွေစားသောက်ရတာလည်း ခက်တော့ သူခိုး၊ ဓားပြတွေ များလာတာပေါ့။ နောက်ဆို ဒီထက်များလာမှာကို စိုးရိမ်တယ်” ဟု နောင်ချိုမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ (၂၅)ရက်တွင်လည်း နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာတွင်ရှိသည့် ရွှေဆိုင်တစ်ဆိုင်လည်း ဓားပြတိုက်ခံခဲ့ရပြီး ငွေကြေး အများအပြား ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း မြို့ခံများက ပြောသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၉ နာရီကျော် အချိန်တွင် ဆန်ဆိုင်း (က) ရပ်ကွက်နေ အသက် (၅၀) အရွယ်ခန့် အမျိုးသမီးတစ်ဦးသည်...

တောင်ကြီးမြို့တွင် လောင်းကစားဝိုင်းများ ပေါ်ပေါ်ထင်ထင် လည်ပတ်နေ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် လောင်းကစားဝိုင်းများကို ပေါ်ပေါ်ထင်ထင် လုပ်ကိုင် လည်ပတ်နေကြောင်း သတင်းသိရသည်။

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက်...

နောင်ချိုမြို့နယ် လေကြောင်းဗုံးထပ်ကြဲ အမျိုးသား ၃ ဦးသေဆုံး၊၁ ဦးဒဏ်ရာရ

0
သျှမ်းပြည် နောင်ချိုမြို့နယ်ကို စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အမျိုးသား ၃ ဦးသေဆုံးပြီး၊ ၁ ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇူလိုင်လ ၁ ရက်) ညနေ ၃ နာရီဝန်းကျင်တွင် နောင်ချိုမြို့နယ် သုံးဆယ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးအလုံးရေ ၁၁...

နောင်ချိုမြို့နယ် စစ်ဘေးရှောင်တစ်ဦး ထပ်မံပစ်ခတ်ခံရပြီး ပြင်းထန်ဒဏ်ရာရ

0
သျှမ်းပြည် နောင်ချိုမြို့နယ်ရှိ ချိုခမ်းဘုန်းကြီးကျောင်းအနီး လယ်ထဲတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များသည် ဘေးလွတ်ရာသို့ ထပ်မံတိမ်းရှောင်ရန် ထွက်ခွာနေစဉ် သေနတ်ပစ်ခတ်ခံရပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၇ ရက်) နံနက် ၉ နာရီခန့်တွင် နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲကျေးရွာ လယ်ထဲရှိ တဲများတွင် ခိုလှုံနေသည့်...