Tuesday, January 27, 2026

မူဆယ်မြို့လယ်ခေါင် တရုတ်ငွေလဲလှယ်သည့် အမျိုးသမီး သေနတ်ပစ်ခံရပြီး ဓားပြတိုက်ခံရ

သျှမ်းပြည် မူဆယ်ခရိုင်၊ မူဆယ်မြို့လယ်ခေါင် နာရီစင်အနားတွင် တရုတ်ငွေ လဲလှယ်သည့် အမျိုးသမီး တစ်ဦး ဓားပြတိုက်ခံရပြီး သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း စုံစမ်းသိရသည်။

Photo – Credit ( မူဆယ်မြို့နာရီစင်)

ပြီးခဲ့သည့် အောက်တိုဘာလ ၇ ရက် ည ၇ နာရီခွဲ ဝန်းကျင်တွင် မူဆယ်မြို့လယ်ခေါင် နာရီစင်အနား၌ မြန်မာ – တရုတ် ငွေ လှဲလည်သည့် အမျိုးသမီးတစ်ဦးနားသို့ အသက် ၃၀ ဝန်းကျင် အမျိုးသားနှစ်ဦးမှ ငွေလဲလှယ်မည့်ဟု ဟန်ဆောင်ပြီး ရောက်လာကာာ ငွေလဲလှယ်သည့် အမျိုးသမီး သေနတ်ဖြင့် ပစ်ခတ်ပြီး ငွေများကို ဓားပြတိုက်ယူသွားကြောင်း အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူ့ဆီကို တရုတ်ငွေ လာလဲမယ်ထင်လို့ သူကလည်း သတိမထားမိဘူးတဲ့။ အဲ့ဒီအမျိုးသားက ငွေအိတ်ကို ဆွဲပြီး တစ်ယောက်က သေနတ်နဲ့ ပစ်တာ သူ့ခြေထောက် နှစ်ဖက်လုံးကို ထိသွားတယ်။ ခြေထောက်က တော်တော်ကို ဒဏ်ရာပြင်းတယ်” ဟု ဖြစ်စဥ်ကို သိရှိသည့် ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဓားပြတိုက်မှုကြောင့် အမျိုးသမီး၏ ခြေထောက် ပြင်းထန်စွာ ဒဏ်ရာရရှိသည့် အပြင် မြန်မာငွေ ကျပ်သိန်း (၁၀၀) ကျော် နှင့် တရုတ်ယွမ်ငွေ ၁၀၀၀နီးပါး (မြန်မာငွေကာာလပေါက်စျေးကျပ် ၄သိန်းကျော်) လည်း ဆုံးရှုံးသွားရကြောင်း သိရသည်။

Photo by ထုန့်ဟွေ့လီ/ မြို့လယ်ခေါင် တွင် တရုတ်ငွေလဲသည့် အမျိုးသမီးများပုံ

လက်ရှိတွင် ဒဏ်ရာရသူ အမျိုးသမီးသည် ဆေးကုသမှု ခံယူနေလျက်ရှိပြီး မူဆယ်မြို့ နာရီစင်နား တစ်ဝိုက်သည် မြန်မာ – တရုတ် ငွေလှဲလှယ်သူများ မကြာခဏ ဓားပြတိုက်၊ လုယက်ခံရ ကြောင်းလည်း အထက်ပါ အမျိုးသား က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဓါးပြတိုက်တဲ့သူတွေက ကားနဲ့လာကြတာများတယ်၊ ပြီးတော့ တစ်ယောက်တည်း မဟုတ်ဘူး။ သေချာ စီစဥ် ပြီးမှ လာကြတဲ့ပုံပေါက်တယ်။ ငွေအိတ်ရတာနဲ့ တစ်ယောက်ကပြေး၊ တစ်ယောက်ကပစ် အဲ့လိုနဲ့ ကားပေါ် ရောက်တာနဲ့ အမြန်မောင်းထွက်တာ” ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။

မူဆယ်မြိုခံများ အနေဖြင့် သက်ဆိုင်ရာ ဒေသအာဏာပိုင်များမှ ပြည်သူ့လုံခြုံရေးအတွက် အရေးယူ ဆောင်ရွက်မှု များ ကို ပြုလုပ်စေလိုကြောင်းလည်း အသက် (၃၀) ကျော် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အစိုးရဆီက အကာအကွယ်ဆိုပြီး ဘာမှ လုံခြုံမှုမရှိဘူး၊ ကိုယ့်အားကိုယ်ကိုးပြီး နေ့တိုင်းကို ဖြတ်သန်းရတာ။ အပြင်ကတော့ မထွက်လို့တော့ မရဘူးလေ။ ဝမ်းရေးက ရှိနေသေးတော့ သတိနဲ့ အပြင်ထွက်ပြီး ရုန်းကန်ရ တယ်။ သက်ဆိုင်ရာအာဏာပိုင်တွေကနေ ပြည်သူ့ လုံခြုံရေးအတွက် လုပ်ပေးရင် ပိုကောင်းတာပေါ့” ဟု မူဆယ်မြို့ခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း မူဆယ်မြို့တွင် ခိုးဆိုးလုယက်မှုများ မကြာခဏဖြစ်ပွားနေ သော်လည်း သက်ဆိုင်ရာမှ ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် မူဆယ်မြို့နယ်တွင် စစ်ကောင်းစီတပ်၊ ပြည်သူ့စစ်များ၊ ကချင်တပ်(KIA)၊ တအာင်း(ပလောင် )တပ်(TNLA)၊ သျှမ်းပြည်တိုးတက်‌ရေးပါတီ (SSPP) တပ်တို့ လှုပ်ရှားသွားလာနေသည့် ဒေသဖြစ် ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း မြို့ခံများက ပြောသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၉ နာရီကျော် အချိန်တွင် ဆန်ဆိုင်း (က) ရပ်ကွက်နေ အသက် (၅၀) အရွယ်ခန့် အမျိုးသမီးတစ်ဦးသည်...

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

တောင်ကြီးမြို့တွင် လောင်းကစားဝိုင်းများ ပေါ်ပေါ်ထင်ထင် လည်ပတ်နေ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် လောင်းကစားဝိုင်းများကို ပေါ်ပေါ်ထင်ထင် လုပ်ကိုင် လည်ပတ်နေကြောင်း သတင်းသိရသည်။

မိုင်းရယ်မြို့ခံ အမျိုးသားတစ်ဦး နေအိမ်ရှေ့ သေနတ်ပစ်ခံရပြီး ဒဏ်ရာဖြင့်သေဆုံး

0
သျှမ်းပြည် မိုင်းရယ်မြို့နေ အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်လူတစ်စုက နေအိမ်ရှေ့တွင် သေနတ်ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၁၉) ရက် ည ၁၁ နာရီခွဲခန့်တွင် မိုင်းရယ်မြို့ ရပ်ကွက်(၁) တွင် နေထိုင်သည့် အသက်(၄၅) နှစ်အရွယ် ဦးစိုင်းစိုင်း၏ အိမ်ရှေ့သို့ အမည်မသိ လက်နက်ကိုင်လူတစ်စုက ကားတစ်စီးဖြင့် ရောက်လာကာ...

တာချီလိတ်မြို့ အမျိုးသာတစ်ဦး သေနတ်ခံရပြီး သေဆုံး

0
ထိုင်း-မြန်မယ်နယ်စပ် တာချီလိတ်မြို့တွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်လူနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီးနောက် သေဆုံးသွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၈ ရက်) ည ၈ နာရီခွဲဝန်းကျင်တွင် တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက် ခေတ္တာလမ်းတွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင် အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ဆေးဝါးကုသနေစဉ်...