Wednesday, January 28, 2026

တောင်ကြီး

တောင်ကြီးတွင် အင်္ဂလိပ်စာဖြင့် ရေးထားသည့် ဆိုင်းဘုတ်များကို မြန်မာစာဖြင့်ပြောင်းခိုင်း

သျှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့တွင် အင်္ဂလိပ်စာဖြင့် ရေးထားသည့် ဆိုင်းဘုတ်များကို မြန်မာစာဖြင့် ပြောင်းလဲ ရေးသားတပ်ဆင်ရန် စည်ပင်မှ ညွှန်ကြားထားကြောင်း သတင်းရရှိသည်။ ဈေးဆိုင်များ ကုန်တိုက်များနှင့် လုပ်ငန်းဆိုင်းဘုတ်များကို မြန်မာဘာသာဖြင့် ပြောင်းလဲ ရေးသား တပ်ဆင်ခိုင်းသဖြင့် လက်ရှိတွင် ဈေးဆိုင်များမှ ဆိုင်းဘုတ်များကို အသစ်ပြန်လည် ပြုလုပ်နေရကြောင်း ဒေသခံများကပြောသည်။ “စည်ပင်ရော ရပ်ကွက်လူကြီးတွေ...

တောင်ကြီးတွင် ကိုရင်နှစ်ပါး ရေချိုးဆင်းရင်း ရေနစ်သေဆုံး

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရတနာသီရိရပ်ကွက်ရှိ ဝင်္ကပါရေထွက်တွင် ကိုရင်နှစ်ပါး ရေချိုးဆင်းရာမှ ရေနစ်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ (ဇွန်လ ၈ ရက်) ညနေ ၅ နာရီတွင် တောင်ကြီးမြို့ ရတနာသီရိရပ်ကွက်ရှိ ဝင်္ကပါရေထွက်၌ အသက် ၁၀နှစ်အရွယ်ရှိ ကိုရင် (၅)ပါး ရေချိုးဆင်းရာ ကိုရင်နှစ်ပါး...

တောင်ကြီးတွင် လိုင်စင်မဲ့ကားများကို ဦးတည်ဖမ်းဆီးနေပြီး ပြန်ရွေးခွင့်မပေး

သျှမ်းပြည် တောင်ကြီးမြို့တွင် စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ လိုင်စင်မဲ့ ကားများကို ဦးတည်ဖမ်းနေပြီး ပြန်ရွေးခွင့်မပေးတော့ကြောင်း သတင်းရင်းမြစ်များထံမှ စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁)ရက်နေ့မှ စတင်၍ ယနေ့ ဇွန်လ (၅)ရက်နေ့အထိ တောင်ကြီးတွင် စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ လိုင်စင်မဲ့ ကားများကို ဦးတည်ဖမ်းဆီးနေပြီး စုစုပေါင်း ကားအစီးရေ...

တောင်ကြီးမြို့ လိုင်စင်မဲ့ယာဉ်များဖမ်းဆီးနေသည့်ကိစ္စ ဆန္ဒပြရန် ထီလက်မှတ်နှင့်ငွေစက္ကူပေါ် စာရေးပြီးစည်းရုံး

သျှမ်းပြည် တောင်ကြီးမြို့တွင် လိုင်စင်မဲ့ယာဉ် ဖမ်းဆီးမှုကိစ္စကို ပြည်သူများ ဆန္ဒပြရန် ထီလက်မှတ်နှင့် ငွေစက္ကူပေါ်တွင် ရေးပြီး လမ်းမပေါ်တွင် ဖြန့်ကြဲထားကာ စည်းရုံးလှုံ့ဆော်မှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၃၁ ရက်) နံနက်အစောပိုင်းတွင် တောင်ကြီးမြို့ City Square Shopping Center ၊...

တောင်ကြီးမြို့သို့ တင်ပို့မည့် ငွေကျပ် (၁၂၀၀) သိန်းကျော် တန်းဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

သျှမ်းပြည် လွိုင်လင်-တောင်ကြီးသွားကားလမ်းတွင် တောင်ကြီးမြို့သို့ တင်ပို့မည့် ငွေကျပ် (၁၂၀၀) သိန်းကျော်တန်းဖိုးရှိ မူးယစ်ဆေး သယ်ဆောင်လာသည့် ယာဉ်များအားဖမ်းဆီးရမိကြောင်း သိရသည်။ ပြီးခဲ့သည့် မေလ ၂၀ ရက်တွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ လွိုင်လင်-တောင်ကြီးသွားကားလမ်းတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ဦးကျော်လွန်ဦး မောင်းနှင်ပြီး မနန်းယုမ့်ခမ်း လိုက်ပါလာသည့် TOYOTA...

တောင်ကြီးတွင် ရေကြီးမှုများစတင်ဖြစ်ပွား

သျှမ်းပြည် တောင်ကြီးမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် မြို့ပေါ်ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ စတင်ဖြစ်ပေါ်နေပြီး လမ်းသွားလာမှုအခက်အခဲများကြုံတွေနေရကြောင်း တောင်ကြီးမြို့ခံများထံမှ သတင်းရရှိသည်။ ယမန်နေ့ (မေလ ၁၅ ရက်) ညနေပိုင်းတွင်း သျှမ်းပြည် တောင်ကြီးမြို့၊ မြို့ပေါ်ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ စတင်ဖြစ်ပေါ်နေပြီး အုတ်တံတိုင်းများပြိုကျပျက်စီးခြင်း၊ ကားလမ်းများပေါ်သို့ ရေလျှံခြင်း၊ မော်တော်ကားများနှင့် ဆိုင်ကယ်များပါ ရေနစ်မြုပ်ခြင်းတို့အထိဖြစ်ပေါ်နေကြောင်း...

တောင်ကြီးတွင် သော့အတုများဖြင့် ဆိုင်ကယ်များ ပေါ်တင်ခိုးယူနေ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် သော့အတုများဖြင့် ဆိုင်ကယ်များလိုက်လံ ခိုးယူနေကြောင်း စုံစမ်းသိရှိရသည်။ တောင်ကြီးမြို့တွင် ယခင်လများတွင် လူပြတ်သည့်နေရာများတွင် ဆိုင်ကယ်လုယက်မှုများဖြစ်ပွားခဲ့ရာ လက်ရှိတွင် လူများသွားလာနေသည့် နေရာများတွင် သော့အတုဖြင့် ပေါ်တင်ခိုးယူနေကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံများကပြောသည်။ ပြီးခဲ့သည့် မေလ (၁၀)ရက်နေ့တွင်လည်း တောင်ကြီးမြို့ သွားဆေးခန်းသွားပြသော အမျိုးသမီးတစ်ဦးသည် ဆိုင်ကယ်ကို ရပ်ခဲ့စဉ် အမည်မသိ...

တောင်ကြီးမြို့ PNO ပြည်သူ့စစ်ကားကို တားဆီးစစ်ဆေးသည့် တာဝန်ကျရဲတပ်သား သေနတ်ပစ်ခံရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် PNO ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်းတစ်ဦး မောင်းနှင်လာသည့် ကားကို တားဆီးစစ်ဆေးခဲ့သည့် တာဝန်ကျရဲတပ်သား သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း စုံစမ်းသိရသည်။ မေလ ၁ရက် ည ၁၁ နာရီဝန်းကျင်ခန့် တောင်ကြီးမြို့ အိုးရှင်းဈေးဝယ်စင်တာ အနီးတွင် ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့ဝင်ဟောင်း မောင်းနှင်လာသည့်ကားကို စစ်ကောင်စီလက်အောက်ခံ တာဝန်ကျရဲတပ်သားက...

တောင်ကြီးမြို့ပေါ် တွဲကားများ ဖြတ်သန်းခွင့်ပြုထားခြင်းကြောင့် မြို့ခံများ စိုးရိမ်ထိတ်လန့်

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်တွင် တွဲကားများကို ဖြတ်သန်းခွင့်ပြုထားပြီး မြို့ခံများက ယာဉ်အသံများကြောင့် စိုးရိမ်ထိတ်လန့်မှုများ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ရှောင်လမ်းတွင် လမ်းကျဉ်းခြင်း၊ မတ်စောက်ကာ လမ်းအကွေ့အကောက် များခြင်းနှင့် လမ်းချော်ခြင်းတို့ကြောင့် အဆိုပါ မြို့ရှောင်လမ်းကို အသုံးမပြုခိုင်းတော့ဘဲ သက်ဆိုင်ရာ အာဏာပိုင်များမှ ယမန်နေ့ မေလ (၅)ရက်နေ့မှ စ၍ တွဲကားများကို...

တောင်ကြီး အိုးရှင်းပတ်ဝန်းကျင်အနီး ဈေးသည်များကို အမိုးအကာများဖြင့် ဈေးရောင်းချခွင့်မပြု

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ အိုးရှင်း‌ကုန်တိုက် အနီးပတ်ဝန်းကျင် ငလျင်အပြီး စည်ပင်မှ ဈေးသည်များကိုပြန်လည်ရောင်းချခွင့် ပြုခဲ့သော်လည်း အမိုးအကာများဖြင့် ဈေးရောင်းခွင့်မပြုခဲ့ကြောင်း သတင်းရရှိသည်။ အိုးရှင်း ကုန်တိုက် အနီးပတ်ဝန်းကျင်ဖြစ်သည့် အရှေ့နှင့် လမ်းကြားများရှိ ဈေးဆိုင်များကို ငလျင်အပြီး ဧပြီလ ၃ရက်မှစ၍ ဈေးပြန်ဖွင့်ခဲ့သည်။ သို့သော် ထိုဈေးဆိုင်များကို ထီးဖွင့်ရောင်းချခွင့်မရသောကြောင့် ဟင်းသီးဟင်းရွက် ကုန်စိမ်းရောင်းသည့်...

Latest news