တောင်ကြီးတွင် မိုးရွာပြီးနောက် တောင်စောင်းနား နေအိမ်တစ်လုံး ပြိုကျပျက်စီး

သျှမ်းပြည် တောင်ကြီးမြို့ ညောင်ဖြူစခန်းရပ်ကွက်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် တောင်စောင်းမှ နေအိမ်တစ်လုံး ပြိုကျပျက်စီးသွားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (အောက်တိုဘာလ ၁၁ ရက်) ညနေပိုင်းတွင် တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်၊ စဝ်စံထွန်းရပ်ကွက်နှင့် ရတနာသီရိရပ်ကွက် တို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် ညောင်ဖြူစခန်းရပ်ကွက် နယ်မြေ (၇) အနောက်ဘက်ခြမ်း တောင်စောင်းနား ကပ်နေသည့် နေအိမ်တစ်လုံး ပြိုကျခဲ့သည်။

ထိုအိမ်ပြိုကျစဉ် လူထိခိုက်မှု မရှိခဲ့သော်လည်း ဘေးပတ်ဝန်းကျင်မှ နေအိမ်များပါ ထိခိုက် ပျက်စီးသွားခဲ့ရကြောင်း ဒေသခံများက ပြောသည်။

“မနေ့ညနေက မိုးအရမ်းကြီးတော့ တောင်စောင်းနားက အိမ်တစ်လုံး ပြိုကျသွားတယ်။ အိမ်က မနေတာ ကြာတော့ လူထိခိုက်မှုမရှိဘူး။ ဒါပေမဲ့ ပြိုကျတော့ ဘေးနားက ပိသွားတဲ့ အိမ်တွေတော့ ပျက်စီးသွားတယ်။ အိမ်ဘယ်နှလုံးလောက် ပျက်စီးသွားလဲတော့ မသိရသေးဘူး”ဟု ဖြစ်စဉ်သိရှိသူ တောင်ကြီးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုသို့ နေအိမ်ပြိုကျ ပျက်စီးနေသည်ကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ လာရောက်ဖြေရှင်းပေးခြင်း မရှိဘဲ ယနေ့ထိ အပျက်အစီးများကို ကူညီဖယ်ရှားပေးခြင်း မရှိသေးခြင်းကြောင့် ရပ်ကွက်နေ ပြည်သူများ အဆင်မပြေဖြစ်ရကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“အုပ်ကြီးက လာတောင် မကြည့်ဘူး။ စစ်မှုထမ်းကြေးတော့ လူမရှိလည်း ထည့်ရတယ်။ လူကြီးတစ်ချို့လည်း လာကြည့်ပြီး ပြန်သွားတယ်။ ဒီနေ့မှပဲ အရပ်ဖက် အဖွဲ့အစည်းတွေ သွားကြည့်ပြီး ကူမယ်လို့တော့ ကြားတာပဲ။ ညတွင်းချင်း လာကူလို့ရတာကို မကူကြဘူး” ဟု အဆိုပါ တောင်ကြီးဒေသခံ အမျိုးသမီးက ဆိုသည်။

ထို့အပြင် လူနေထူထပ်ပြီး နေအိမ်များလာခြင်းကြောင့် ညောင်ဖြူစခန်းရပ်ကွက်ရှိ တောင်စောင်းနား နေအိမ်များလည်း ဂရုတစိုက် နေထိုင်သင့်ကြောင်း မြေပြိုမှုများ ဖြစ်လာနိုင်ကြောင်း အဆိုပါ အမျိုးသမီးက ထပ်လောင်းပြောသည်။

တောင်ကြီးမြို့တွင် မြေငလျင်ဒဏ်နှင့် မိုးရွာသွန်းမှုကြောင့် မြေသားများ ပျော့လာပြီး တောင်စောင်းဘေးရှိ နေအိမ်များလည်း ဂရုတစိုက် နေထိုင်သင့်ကြောင်း၊ တောင်စောင်းတွင် မြေကွက်ဝယ်ခြင်း၊ အိမ်ဆောက်ခြင်းများ မလုပ်သင့်ကြောင်း ဒေသခံများက အကြံပြုသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင်လည်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ညောင်ဖြူစခန်းရပ်ကွက်ရှိ မြေသားပျော့ပြီး တောင်စောင်းပေါ်ရှိ နေအိမ်ပြိုကျခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်ခဲ့ဖူးကြောင်း သိရသည်။

ဓာတ်ပုံ-တောင်ကြီးမြို့ ညောင်ဖြူစခန်းရပ်ကွက်ရှိ နေအိမ်တစ်လုံး ပြိုကျပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ-ဒေသခံ)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...

တောင်ကြီး လမ်းဘေးစျေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီးရှိ လမ်းဘေးဈေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် တောင်ကြီးမြို့ နံနက်ခင်းဈေးတခုတွင် လမ်းဘေးဈေးသည်များကို “ဈေးမသိမ်း”ဟူသော အကြောင်းပြချက်ဖြင့် စည်ပင်များကို ဝင်ရောက်ရိုက်နှက်ကာ ပစ္စည်းများကို သိမ်းဆည်းကာ ကားပေါ်တင်သွားကြောင်း သိရသည်။ အဆိုပါ...

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...