တောင်ကြီး လိုင်စင်မဲ့ ကား၊ ဆိုင်ကယ် ဖမ်းဆီးရေး ထပ်မံလုပ်ဆောင်နေ

သျှမ်းပြည် တောင်ကြီးမြို့တွင် တရားမဝင် လိုင်စင်မဲ့ကားများကို ဖမ်းဆီးစစ်ဆေးမှု ထပ်မံလုပ်ဆောင်လာပြီး စစ်ကော်မရှင်နှင့် နီးစပ်သူများသာ ဖမ်းခံရသည့် ကား၊ ဆိုင်ကယ်များကို ပြန်လည် ရွေးထုတ်ခွင့်ရကြောင်း သတင်းရရှိသည်။

ယမန်နေ့ (စက်တင်ဘာလ ၃၀ ရက်) တွင် တောင်ကြီးမြို့ အရှေ့မြို့ပတ်လမ်းနှင့် သစ်တောရပ်ကွက်၊ ဝါးပြားလမ်းဆုံ၊ ဧရာဝတီ ကဖေးအနီးနှင့် နီလာရိုးမ ဓာတ်ဆီဆိုင် လမ်းဆုံအနီး (၅) နေရာတွင် စစ်ကော်မရှင် လက်အောက်ခံ ယာဉ်ထိန်းရဲများက လိုင်စင်မဲ့ ကားများကို ဆက်တိုက်ဖမ်းဆီးခဲ့ပြီး လိုင်စင်မဲ့ကား အစီးရေ (၈၀) ကျော် ဖမ်းဆီးရမိခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။

“သူတို့က လူတွေ မေ့လောက်ပြီဆို ထဖမ်းပြီ။ အထူးသဖြင့် တန်ဆောင်တိုင်နီးတာနဲ့ ခရီးသွားရာသီလည်း ဖြစ်တော့ လိုင်စင်မရှိတဲ့ ကားတွေ ဆိုင်ကယ်တွေ အကုန်ဖမ်းတယ်။ မနေ့က ဖမ်းခံရတဲ့သူတစ်ချို့က စစ်ကော်မရှင်နဲ့ နီးစပ်တဲ့သူဆို ပြန်ရွေးခွင့်ပေးတယ်၊ ဘယ်လောက်နဲ့ ရွေးခဲ့ရလဲတော့ မသိဘူး။ ဘာအသိအကျွမ်း နောက်ခံမှ မရှိရင် ရွေးခွင့်မပေးဘူး”ဟု သတင်းရင်းမြစ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုသို့ ဖမ်းဆီးခံခဲ့ရသည့် ကားများသည် မြို့တွင်းသို့ ခရီးသွား အလည်အပတ် ဝင်လာသည့် ကားများ၊ မြို့ခံပြည်သူများ၏ Toyota နှင့် Honda ထုတ် အိမ်စီးကားများ၊ Hijet ကဲ့သို့ ယာဉ်အမျိုးအစားများ ဖြစ်ကြောင်း ၎င်းအမျိုးသားက ဆက်ပြောသည်။

ထို့အပြင် တောင်ကြီးမြို့တွင်း လိုင်စင်ရှိ ဆိုင်ကယ်ဖြင့် သွားလာသော်လည်း ယာဉ်ထိန်းရဲများမှ အပြစ်ရှာ ဖမ်းဆီးငွေညှစ်ခြင်းများ ရှိနေပြီး ၎င်းတို့ကို ကွေ့ဝိုက်ရှောင်ရှား သွားလာနေရသောကြောင့် ခရီးလမ်း ကြန့်ကြာနေရကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ကားရှိပြီး ကားမစီးရတဲ့ဘဝ ဖြစ်နေတာ။ မိုးရွာလို့ ပစ္စည်းတင်စရာ များလို့ ကားလေးနဲ့ သွားမယ်ဆိုရင် လိုင်စင်မရှိတော့ မသွားရဘူး။ ဆိုင်ကယ်က လိုင်စင်တော့ ရှိတယ်၊ ယာဉ်ထိန်းရဲတွေက တစ်ခုမဟုတ် တစ်ခုစစ်ပြီး ငွေညှစ်နေတာ။ တခြားလမ်းကနေ ကွေ့ဝိုက်သွားရတော့ ပိုဝေးသွားတာပေါ့”ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

တောင်ကြီး လိုင်စင်မဲ့ကားများဖမ်းဆီးနေ

စစ်ကော်မရှင် ထုတ်ပေးသည့် ကားလိုင်စင် ပြုလုပ်မည်ဆိုပါက ကားဈေးထက် လိုင်စင်ဈေး နှစ်ဆ ဖြစ်နေသောကြောင့် လိုင်စင်ပြုလုပ်ရန် မတတ်နိုင်ကြကြောင်း၊ ထိုသို့ လိုင်စင်မရှိသည်ကို အခွင့်ကောင်းယူ၍ နေ့ထူးနေ့မြတ် ရက်များနှင့် အရာရှိကြီးများ လာလျှင်လည်း လမ်းကြုံအနေဖြင့် ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ၎င်းက ဆက်ပြောသည်။

တောင်ကြီး တန်ဆောင်တိုင် ပွဲတော် နီးကပ်လာသည်နှင့်အမျှ လိုင်စင်မဲ့ ယာဉ်များ ဖမ်းဆီးမှု စတင်လာပြီး ဖမ်းဆီးခံရသည့် ဆိုင်ကယ်များမှာ လိုင်စင်ရှိပြီး ဘက်မှန်နှင့် ဦးထုပ် မပါလျှင် ငွေကျပ် ငါးသောင်းမှ တစ်သိန်းအထိ ဒဏ်ကြေး ပေးဆောင်ရခြင်းကြောင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာရန် အရေးကြီးကြောင်း ဒေသခံများက ပြောသည်။

လက်ရှိ တောင်ကြီးမြို့တွင် အဝေးသင်တက္ကသိုလ် လာတက်သည့် ကျောင်းသူများကို ဦးတည်ကာ အုပ်စုဖွဲ့ ဆိုင်ကယ်လုယက်ခြင်း၊ ဆိုင်ကယ်မောင်းလာသူများကို တားကာ ဖုန်းနှင့် လက်ဝတ်ရတနာ လုယက်မှုများ မကြာခဏ ဖြစ်နေသည်ကို စစ်ကော်မရှင် လက်အောက်ခံ ရဲတပ်ဖွဲ့က တာဝန်ယူ ဖြေရှင်းပေးမှု မရှိဘဲ သွားရောက်တိုင်တန်းလျှင် စုံစမ်းပေးမည်ဟုဆိုကာ ငွေများ ကောက်ခံသောကြောင့် မတိုင်ကြားရဲကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးတွင် အချင်းချင်း စကားများရန် ဖြစ်ရာမှ ဓားဖြင့် ထိုးသတ် အမျိုးသားတစ်ဦး သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး အချင်းချင်းစကားများ ရန်ဖြစ်ရာမှ ဓားဖြင့်ထိုးသတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၉)ရက်နေ့တွင် စိန်ပန်းရပ်ကွက် နှင်းဆီလမ်းထိပ် အရက်ဆိုင်တွင် သက်လတ်ပိုင်းအရွယ် ကိုထွန်းထွန်းနိုင်နှင့် ကိုထက်ပိုင်မှူး တို့ စကားများရန်ဖြစ်ကြပြီး ဓားဖြင့်ထိုးမှုကြောင့် ကိုထက်ပိုင်မှူး...

တောင်ကြီးတွင် Kpay ပြေစာအတုပြပြီး ငွေလိမ်လည်ထုတ်ယူမှုရှိနေ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် Kpay ပြေစာအတုပြပြီး ‌ငွေလိမ်လည်ထုတ်ယူသူ များလာသဖြင့် ဈေးဆိုင်အချို့ အခက်တွေ့နေရကြောင်း သိရသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၇ရက်တွင် တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်မှ ဈေးဆိုင်တွင် လူရှုပ်နေချိန်ကို အခွင့်ကောင်းယူကာ ငွေသွင်းပြေစာအတုများကို ဆိုင်ရှင်အားပြ၍ ငွေကျပ် သိန်း(၃၀) ထုတ်ယူသွားခဲ့ကြောင်းကိုယ်တိုင်ကြုံတွေ့ရသည့် ကုန်စုံဆိုင်ပိုင်ရှင်တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထိုသို့...

တောင်ကြီးတွင် အီးစီးကရက် မှောင်ခိုရောင်းဝယ်မှု ကြီးထွားနေဆဲ ၊ ဈေးနှုန်းနှစ်ဆမြင့်တက်

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် အီးစီးကရက် (E- cigarette) နှင့် ပတ်သက်ပြီး အာဏာပိုင်များက ဖမ်းဆီးအရေးယူမှုများ ဆက်တိုက်ပြုလုပ်နေသော်လည်း မှောင်ခိုရောင်းဝယ်မှုများ ဆက်လက်ရှိနေပြီး ဈေးနှုန်းများလည်း ယခင်ထက် နှစ်ဆနီးပါး မြင့်တက်လာကြောင်း ဒေသခံများထံမှ သိရသည်။ တောင်ကြီးမြို့တွင် အီးစီးကရက် ရောင်းချသူများနှင့် သုံးစွဲသူများကိုပါ ဖမ်းဆီးအရေးယူမှုများ ရှိနေခြင်းကြောင့်...

မိန်းကလေးငယ်ကို ကျပ်တစ်သိန်းဖြင့် လူကုန်ကူးခဲ့သည့် ပွဲစားများ

0
“အဓိက အလုပ်ရှာရင်းနဲ့ ရောင်းစားခံရတာပေါ့ကွာ။ သူတို့ကို အလုပ်ရှာပေးမယ်၊ လစာကောင်းကောင်းပေးမယ် ပြောပြီး ရောင်းစားလိုက်တာ”ဟု တောင်ကြီးမြို့ အုပ်ချုပ်ရေးမှူးတစ်ဉီးက ပြောသည်။ ပြီးခဲ့သည့် ဇွန် ၁၃ရက် တွင် တောင်ကြီးမြို့နေ အသက် (၁၆)နှစ် အရွယ်နှင့် အသက် (၁၇)နှစ်အရွယ် မိန်းကလေး နှစ်ဉီးသည် အလုပ်ရှာဖွေရန် ရွှေညောင်မြို့သို့...

သျှမ်းတောင်မှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်၊ စိုက်ခင်းများပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ဟိုပုံးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် တောင်လေးလုံးကျေးရွာဘက်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး နေအိမ်များနှင့် စိုက်ခင်းများ ပျက်စီးသွားကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၄)ရက် မှစပြီး ဇွန်လ (၈)ရက်အထိ  သျှမ်းပြည် တောင်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းနေပြီး တောင်ကြီးမြို့ပေါ်မှ စီးဆင်းလာသည့် ရေများကြောင့် အေးသာယာနှင့် ညောင်ရွှေဘက်တွင်...