ဒုစရိုက်သမား ပေါများလာသည့် တောင်ကြီး

စစ်အာဏာသိမ်းပြီး ၄နှစ်ကျော် ကာလအတွင်း သျှမ်းပြည်အထင်ကရမြို့တော်ဖြစ်သည့် တောင်ကြီးမြို့ပေါ်တွင် မကြုံစဖူး ဒုစရိုက်သမားများ ပေါများလာကြောင်း ဒေသခံများထံစုံစမ်းသိရသည်။

မြန်မာနိုင်ငံတဝှမ်းတွင် အာဏာသိမ်း စစ်ကောင်စီကို နည်းမျိုးစုံဖြင့် တွန်လှန်တော်လှန်နေကြပြီး၊ မြန်မာနိုင်ငံ၏ ဒေသအများစုတွင် စစ်ကော်မရှင်တပ်နှင့် တိုင်ရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ တော်လှန်ရေး အင်အားစုများဖြင့် စစ်ရေး ပဋိပက္ခ ဖြစ်ပွားနေကြသည်။

ထို့ကြောင့် စစ်ရေး ပဋိပက္ခမှုကြောင့် မြေပြန့်ဒေသနှင့် အခြားသော ဒေသများတွင် တောင်ကြီးမြို့ပေါ်သို့ လာရောက်ခိုလှုံမှုပြုကြသည်။

လက်ရှိတွင်တောင်ကြီးမြို့၌လူမျိုးစုံ လာရောက်ကျင်လည် လုပ်ကိုင်စားသောက်နေကြကြောင်းလည်း သိရသည်။

တောင်ကြီးမြို့တွင် လူမျိုးပေါင်းစုံကျင်လည်လာမှုနှင့်အတူ ခိုးဆိုးလုယက်မှုများ၊ ဓားပြတိုက်မှုများ၊ ခါးပိုက်နှိုက်မှုများ ခပ်စိတ်စိပ်ကြုံလာရသည်။

ယမန်နေ့ (အောက်တိုဘာ ၁၂)ရက် ညနေပိုင်းတွင် အမျိုးသမီးငယ်တစ်ဉီး တောင်ကြီးမြို့ရှိ ကမ္ဘောဇ ညစျေးတန်းတွင် သူငယ်ချင်းများနှင့် သွားရောက်လည်ပတ်နေချိန် ပိုက်ဆံအိတ်ခါးပိုက်နှိုက်ခံရသည်။
“ မနေ့က ကျမတို့ သူငယ်ချင်းတွေနဲ့ ညစျေးတန်းသွားရင်းနဲ့ ကျမ ခါးပိုက်နှိုက်ခံရတယ်။ ခုံဘေးမှာ ခဏလေး ချထားတာ ပါသွားတာပဲ” ဟု ခါးပိုက်နှိုက်ခံရသည့် အသက် ၂၀ကျော်အရွယ် အမျိုးသမီးငယ် က သျှမ်းသံတော်ဆင့်ကိုပြောသည်။

အလားတူ အောက်တိုဘာ ၁၁ရက် တောင်ကြီးမြို့မစျေးနေ့တွင်လည်း အမျိုးသမီးတစ်ဉီး၏ ပိုက်ဆံအိတ် ဖောက်ခံရပြီး၊ ပိုက်ဆံနှင့် ဖုန်းပါသွားကြောင်း သိရသည်။

“မြို့မဈေးထဲမှာလည်း ဈေးသုံးနေရင်း ပိုက်ဆံရှင်းမယ်လုပ်တဲ့အချိန် ပိုက်ဆံအိတ်က ပေါက်နေပြီ။ အဲတုန်းက ရွာက မိဘအတွက် လိုအပ်တာ ဈေးလိုက်ဝယ်ပေးတာ။ကိုယ့်က သတိမထားမိလိုက်တဲ့ အချိန် ခဏပဲ ပိုက်ဆံ ၁၀ သိန်းလောက် ပါသွားတယ်။ဓားနဲ့ လား ကပ်ကြေးနဲ့လား အိမ်ခွဲပြီး ယူသွားတာ။”ဟု တောင်ကြီးတွင် အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီး တစ်ဦးက ပြောသည်။

ထိုကဲ့သို့ ခါးပိုက်နှိုက်ခံရခြင်း၊ ဓားပြတိုက်ခံရခြင်းနှင့်ပတ်သက်ပြီး ကျူးလွန်ခံရသူများသည် ရဲစခန်းသို့ သွားရောက် တိုင်ကြားလျှင် ရဲများက အမှုဖွင့်ခ တောင်းခံခြင်းနှင့် ငွေညှစ်ခြင်းတို့ပြုလုပ်လေ့ရှိသဖြင့် သွားတိုင်ရန် ခက်ခဲကြောင်း ၎င်းအမျိုးသမီးက ဆိုသည်။

“ ကိုယ်က ခါးပိုက်နှိုက်ခံရလို့ သွားတိုင်ရင် ရဲက ကိုယ်ကို တရားခံစစ်သလိုပြန်မေးတာနဲ့ နောက်ဖုန်းကို စစ်ဆေးတာနဲ့ ပိုက်ဆံညှစ်တောင်းတာတွေလည်းရှိတယ်။ ရဲစခန်းသွားရင် စိတ်ပိုရှုပ်လို့ ဘယ်သူမှ မတိုင်ချင်ဘူး” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်း ကုန်စျေးနှုန်းများလည်း အဆမတန်မြင့်တက်လာပြီး၊ အလုပ်အကိုင်အခွင့်အလမ်းများကလည်း ရှားပါးလာမှုကြောင့် တောင်ကြီးမြို့ပေါ်တွင် မကြုံစဖူး ဒုစရိုက်သမားများ ပေါလာရခြင်းဖြစ်ကြောင်း တောင်ကြီးမြို့ခံများ က ထောက်ပြပြောသည်။

“ အရင်က တောင်ကြီးမှာ အရမ်းအေးချမ်းတယ်။ ဒီလို ခါးပိုက်နှိုက်၊ သူခိုး၊ ဓားပြဆိုတာ မရှိသလောက်ပဲ။ အခုကျတော့ လူပေါင်းစုံတယ်။ အလုပ်ကလည်း မရှိ၊ ကုန်စျေးနှုန်းကလည်း တက်ပြီးရင်းတက်တော့ ပိုဆိုးလာတာပေါ့။ ကိုယ့်လုံခြုံရေးကိုယ်ပဲတာဝန်ယူရတယ်” ဟု တောင်ကြီးမြို့ အသက် ၄၀အရွယ်ရှိ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

တောင်ကြီးမြို့အတွင်းသို့ လွိုင်ကော်မြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း သိန္နီ၊ လားရှိုး၊ ကျောက်မဲ၊ သီပေါမြို့နယ်ဘက်မှ စစ်ဘေးရှောင်များအပြင် မြေပြန့်ဒေသဘက်မှ တက်လာသည့် စစ်ဘေးရှောင်များလည်း ရှိကြောင်း သိရသည်။

တောင်ကြီးမြို့သည် စစ်ကော်မရှင်တပ် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် အခြေစိုက်သည့် ဒေသဖြစ်သော်လည်း လက်ရှိတွင် ဒုစရိုက်သမားပေါများသည့် ဒေသတစ်ခုဖြစ်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...