တောင်ကြီး အဝေးသင်တက္ကသိုလ် ကျောင်းသူတစ်ဦး တို့ဆေးမိပြီး ဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် အဝေးသင်တက္ကသိုလ် တက်နေသည့် ကျောင်းသူတစ်ဦးသည် တို့ဆေးမိပြီး ဖမ်းဆီးခံခဲ့ရပြီးနောက် ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း သတင်းရရှိသည်။

စက်တင်ဘာလ ၂၃ ရက်တွင် တောင်ကြီးမြို့ ရေအေးကွင်းရပ်ကွက်၌ နေထိုင်သည့် အသက် ၂၅ နှစ်အရွယ်ရှိ မချိုဇင် (အမည်လွှဲ) သည် တောင်ကြီးတက္ကသိုလ်၌ စာရွက်ထုတ်ရန် နေ့လယ် ၂ နာရီဝန်းကျင်တွင် နေအိမ်မှ ထွက်သွားသော်လည်း အဆိုပါနေ့ရက်တွင် နေအိမ်သို့ ပြန်ရောက်မလာဘဲ ပျောက်ဆုံးသွားခဲ့သည်။

ထိုသို့ ပျောက်ဆုံးခဲ့ပြီး ယမန်နေ့ (စက်တင်ဘာလ ၂၄ ရက်)တွင် ပြန်လည်တွေ့ရှိခဲ့ကာ အဆိုပါ ကျောင်းသူ ပြောပြချက်အရ တို့ဆေးမိကာ တောင်လေးလုံးအနီး တောနက်ထဲရှိ ဂိုဒေါင်တစ်ခုထဲတွင် ပိတ်လှောင်ခံထားခဲ့ရကြောင်း ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကံကောင်းလို့ လွတ်လာတာ၊ ဘာဆေးလည်း မသိဘူး ဆေးထိုးလိုက်ချိန် လူက လေးလံပြီး သူတို့ခိုင်းသမျှပဲ လိုက်လုပ်ရတယ်။ သူဆေးပြယ်ပြီး သတိရလာတော့ ဘေးမှာ မိန်းကလေးကို ရိုက်သံ ငိုသံတွေ စကြားလာရတယ်၊ ဘယ်နှယောက်မှန်းတောင် မသိဘူး။ သူအိတ်ကပ်ထဲမှာ ဖုန်းရော ဆိုင်ကယ်သော့ရော ရှိနေတာနဲ့ အမြန်ထွက်ပြီး တွေ့ရာလမ်းကို ဆိုင်ကယ်မောင်းပြီး ထွက်ခဲ့ရင်း လွတ်မြောက်ခဲ့တာ”ဟု ဖြစ်စဉ်သိရှိသူ ၎င်းအမျိုးသမီးက ပြောသည်။

တို့ဆေးပြယ်သွားချိန်တွင် အမျိုးသမီးငိုသံများ ကြားရသဖြင့် ကြောက်စိတ်ဖြစ်ကာ ခြေဦးတည့်ရာ ထွက်ပြေးလာစဉ် ညောင်ရွှေမြို့အနီး ရောက်မှ လမ်းပြန်မှတ်မိပြီး မိသားစုထံ ဆက်သွယ်၍ လာခေါ်ခိုင်းရကြောင်း၊ လက်ရှိတွင် တို့ဆေးမိကာ ဖမ်းဆီးပိတ်လှောင်ခံခဲ့ရသည့် အမျိုးသမီးသည် ကြောက်လန့်ပြီး ငိုယိုနေကြောင်း ၎င်းအမျိုးသမီးက ဆက်ပြောသည်။

တို့ဆေးသုံးပြီး ဖမ်းဆီးသည့်သူများသည် လက်ဝတ်ရတနာ ဝတ်ဆင်ထားသူ၊ ဆိုင်ကယ်နှင့် ဖုန်းတို့ကို အဓိက ပစ်မှတ်မထားဘဲ ငယ်ရွယ်သည့် မိန်းကလေးများကို ပစ်မှတ်ထားပြီး တို့ဆေးဖြင့် ဖမ်းဆီးနေသည်ဟု ထိုသို့ ကြုံခဲ့ရသည့် မိသားစုနှင့် နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

“အပြင်သွားရင် မိန်းကလေးတွေ တစ်ယောက်တည်း မသွားစေချင်ဘူး၊ လူပြတ်တဲ့ နေရာတွေဆို ပိုဆိုးတယ်။ ကိုယ်နဲ့ မသိတဲ့သူ ဆိုင်ကယ်တွေ တားရင် အလွယ်တကူ မရပ်ပေးနဲ့။ ဆိုင်ကယ်လုတဲ့ သူနဲ့ လူကုန်ကူးတဲ့သူတွေနဲ့ဆိုတော့ တောင်ကြီးမြို့လည်း မလုံခြုံတော့ဘူး။ အခုတော့ ရဲစခန်းမှာ တိုင်ကြား အမှုဖွင့်ထားတယ်။ ကျန်ခဲ့တဲ့ ကောင်မလေးတွေကိုလည်း သနားလို့”ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

ထိုကဲ့သို့ အမျိုးသမီးငယ်များကို ပစ်မှတ်ထား ဖမ်းဆီးခြင်းသည် လူကုန်ကူးဖမ်းဆီးမှု ပြုလုပ်ရန် ကြိုးစားနေခြင်းနှင့် တူကြောင်း၊ တောင်ကြီးမြို့သို့ တက္ကသိုလ်လာတက်သည့် ကျောင်းသူများအတွက်လည်း စိုးရိမ်ပူပန်ကြောင်း တက္ကသိုလ်ကျောင်းသူတစ်ဉီး၏ မိခင်ဖြစ်သူက ပြောသည်။

“သမီးကလည်း တောင်ကြီးမှာ ကျောင်းတက်နေတာ။ အခု ဆိုင်ကယ်လုတာတို့လည်း ခနခန ကြားနေရတယ်။ အခုလို လူကုန်ကူးခံရတယ်ကြားတော့ ကလေးကို စိတ်မချဘူး။ မိုးချုပ်နေဝင်တွေ အပြင်မထွက်ဖို့ တစ်ယောက်တည်း မသွားဖို့ မှာထားရတယ်။ သူတို့ အိမ်မပြန်မချင်း စိတ်မအေးနိုင်ဘူး”ဟု ၎င်းမိခင်ဖြစ်သူက ပြောဆိုသည်။

ယခုလက်ရှိ တောင်ကြီးတွင် လူပြတ်သည့် နေရာနှင့် မှောင်ရိပ်သန်းချိန်တွင် ဆိုင်ကယ်၊ ဖုန်းလုယက်မှုများ ကြုံနေရပြီး တစ်လအတွင်း ဆိုင်ကယ် လုယက်မှု (၅) ခုထက်မနည်း ဖြစ်ပွားနေကြောင်း သိရသည်။

Drug banner

“တို့ဆေး”ဆိုသည်မှာ စိတ်နှင့်လူ မကပ်အောင် ပြုလုပ်နိုင်သော ဓာတုဆေးပစ္စည်းတစ်မျိုးဖြစ်ပြီး ထိုဆေးများ၏ အာနိသင်ကို အသုံးပြုပြီး မသမာသူများမှ လုယက်မှုများ၊ ကလေးခိုးမှုများ၊ အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်မှုများ စသည်တို့ကို ကျူးလွန်နေကြသည်။

အဆိုပါ ဆေးများ၏ အမှုန့်များကို ခန္ဓာကိုယ်အတွင်း ထိုးသွင်းခြင်း၊ ရှူရှိုက်မိခြင်း၊ စားသုံးခြင်း၊ မြိုချမိခြင်းတို့ကြောင့် မိမိစိတ်မှာ ခန္ဓာကိုယ်မှ ထွက်ခွာသွားသလို ခံစားရခြင်း၊ နာကျင်မှန်း မသိတော့ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ အသိနှင့်သတိ မကပ်ခြင်း၊ ဖြစ်စဉ်များကို မမှတ်မိတော့ခြင်း၊ ခန္ဓာကိုယ် လေးလံထိုင်းမှိုင်းခြင်း၊ အာလေးလျှာလေးဖြစ်ခြင်း၊ သွေးပေါင်ချိန်တက်ခြင်း၊ နှလုံးခုန်မြန်လာခြင်း စသည့် လက္ခဏာရပ်တို့ ဖြစ်စေနိုင်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...