တောင်ကြီး အဝေးသင်တက္ကသိုလ်ကျောင်းသူကို ဦးတည်ပြီး ဆိုင်ကယ်လုယက်နေ

သျှမ်းပြည် တောင်ကြီးမြို့တွင် အဝေးသင်တက္ကသိုလ် လာတက်နေသူများကို ဦးတည်ပြီး ဆိုင်ကယ်လုယက်မှုများ ခပ်စိပ်စိပ် ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

ယမန်နေ့ (စက်တင်ဘာလ ၂၃ ရက်) ညနေပိုင်းတွင် တောင်ကြီးမြို့ မီးသတ်လမ်းကြားထဲ အမျိုးသားနှစ်ဉီးမှ လူပြတ်ချိန်၌ ဆိုင်ကယ်ဆီပြတ် ဟန်ဆောင်ပြီး၊ ဆိုင်ကယ်မောင်းလာသူများကို တားကာ ဖုန်းနှင့် လက်ဝတ်ရတနာများ လုယက်နေကြောင်း ဖြစ်စဉ်သိရှိသူ အဝေးသင်တက္ကသိုလ် ကျောင်းသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုတလောက လုယက်တာတွေ တော်တော်ဆိုးလာတယ်။ နယ်က ကျောင်းလာတက်တဲ့ သူတို့ကို ပစ်မှတ်ထား လုယက်နေတာ။ လူပြတ်ပြီဆိုရင် သူတို့က အုပ်စုလိုက် အနောက်က လိုက်ပြီး လုတာ။ ဘယ်ကိုမှ တစ်ယောက်တည်း မသွားတာ အကောင်းဆုံးပဲ။ ဒီလ တစ်လတည်းကို ဆိုင်ကယ်လုခံရတာ ကြားရတာ အနည်းဆုံး ၅ ခါလောက်ရှိပြီ”ဟု ၎င်းတက္ကသိုလ်ကျောင်းသားက ပြောသည်။

ထိုသို့ တောင်ကြီးတွင် လုယက်မှုများ မကြာခဏ ဖြစ်နေသည်ကို စစ်ကော်မရှင် လက်အောက်ခံ ရဲတပ်ဖွဲ့က တာဝန်ယူ ဖြေရှင်းပေးမှု မရှိဘဲ သွားရောက်တိုင်တန်းလျှင် စုံစမ်းပေးမည်ဟုဆိုကာ ငွေများ ကောက်ခံသောကြောင့် မတိုင်ကြားရဲကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက် ည ၉ နာရီခွဲ အချိန်တွင် မြကန်သာ အဝိုင်းပတ်အနီး၌ အမျိုးသားနှစ်ဦးမှ ကားရှေ့တွင် ပိတ်ရပ်ကာ အကူအညီတောင်း ဟန်ဆောင်၍ လုယက်ရန် ကြိုးစားသောကြောင့် မောင်းထွက်ခဲ့ရကြောင်း မြို့ခံတစ်ဦးက ပြောသည်။

ယမန်နေ့ (စက်တင်ဘာလ ၂၃ ရက်) တွင် တောင်ကြီးမြို့ ရေအေးကွင်းရပ်ကွက်မှ တက္ကသိုလ်ကျောင်းသူ တစ်ဦးသည် စာရွက်ထုတ်ယူရန် ဆိုင်ကယ်တစ်စီးဖြင့် ထွက်ခွာခဲ့ရာ ပျောက်ဆုံးသွားခဲ့ပြီး လက်ရှိအချိန်ထိ အဆက်အသွယ် မရသေးကြောင်း နီးစပ်သူများက ပြောသည်။

“ညနေ ၄ နာရီနောက်ပိုင်း ဖုန်းဆက်လို့ မရတော့ဘူး၊ ပြန်လာတော့မယ် ဆိုပြီး ပျောက်သွားတာ။ သူ့ဖုန်းကိုတော့ ဆက်လို့ရတယ်၊ ဖုန်းဝင်တယ် မကိုင်တော့ဘူး။ ဆိုင်ကယ်လည်း ပါသွားတော့ ဆိုင်ကယ်လုပြီး အသတ်ခံရမှာ စိတ်ပူတယ်။ တောင်ကြီး အမှတ် (၂) ရဲစခန်းမှာတော့ အမှုဖွင့်ထားတယ်”ဟု မိသားစုနှင့် နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

အလားတူ ပြီးခဲ့သည့် စက်တင်ဘာလ (၂၁) ရက် ညနေ ၄ နာရီအချိန်တွင်လည်း အဝေးသင်တက္ကသိုလ် လာတက်သည့် ကျောင်းသားနှစ်ဦးသည် ဆိုင်ကယ်စီးရင်း ဖုန်းပြောနေစဉ် အမျိုးသားအုပ်စုလိုက် နောက်ယောင်ခံလိုက်လာပြီး ဖုန်းနှင့် ဆိုင်ကယ်လုယက်သွားကြောင်း သိရသည်။

“တောင်ကြီး တန်ဆောင်တိုင်ကလည်း နီးလာပြီဆိုတော့ လုယက်မှုတွေက ပိုဆိုးလာတယ်။ ပွဲတော်ရက်တွေမှာဆို ဘယ်လောက်များ သောင်းကျန်း လုယက်ဦးမလဲ မသိဘူး။ တောင်ကြီးမှာက လူပေါင်းစုံဆိုတော့ လုယက် ရမ်းကားသူတွေ ပေါင်းမိသွားတော့ ပိုဆိုးလာတာပေါ့”ဟု တောင်ကြီး ဒေသခံ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၁၉)ရက်တွင်လည်း တောင်ကြီးမြို့ ကံကြီးဘက်တွင် ဆိုင်ကယ်မောင်းနှင်နေသည့် အမျိုးသမီးနှစ်ယောက်နောက်သို့ အမျိုးသားနှစ်ဦး ထပ်ကြပ်မခွာ လိုက်၍ လုယက်မှုများ ကြုံတွေ့ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သည် စစ်တပ်အာဏာမသိမ်းခင်က လွတ်လပ်စွာ လှုပ်ရှားသွားလာ၍ ရသော်လည်း စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုများကို အခွင့်ကောင်းယူ၍ ခိုးဆိုးလုယက်မှု များပြားလာကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...