တိုက်ပွဲ
လားရှိုး စစ်ကောင်စီ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီး ၃ ဦး သေဆုံး
SHAN -
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းတင်ကျေးရွာတွင် စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းကြောင့် ကလေးအပါအဝင် အမျိုးသမီး ၃ ဦး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၉ ရက်) နံနက် ၇ နာရီကျော်အချိန်က လားရှိုးမြို့နယ် မိုင်းတင်ကျေးရွာတွင် အသက် ၆၀ အရွယ်ရှိ...
မူဆယ် ဓားပြတိုက် ၂ဦးဖမ်းဆီးရမိ
SHAN -
သျှမ်းပြည် မူဆယ်မြို့တွင် ပြည်သူများကို ဓားထောက် ဓားပြတိုက်နေသည့် အမျိုးသား နှစ်ဦးကို ဒေသခံများ နှင့် ပြည်သူ့ စစ်များက ဖမ်းဆီးမိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာ ၈)ရက် ည ၆နာရီအချိန်တွင် မူဆယ်မြို့ရှိ နန်းတော်ပေါက်ရှေ့၌ ပြည်သူများကို အမျိုးသား ၂ဦးက ဓားထောက်ပြီး ဓားပြတိုက်မှုပြုလုပ်ခဲ့သည်။ ထို...
သျှမ်းပြည်တောင်ပိုင်းရှိ စစ်ရှောင်စခန်းများတွင် စားနပ်ရိက္ခာများပြတ်လတ်မှုဖြစ်ပွားနေ
SHAN -
သျှမ်းပြည်နယ်တောင်ပိုင်းရှိ စစ်ရှောင်စခန်းအများစုတွင် စားနပ်ရိက္ခာများ ပြတ်လတ်နေပြီး အရေးပေါ် လိုအပ်နေကြောင်း စစ်ရှောင်စခန်း တာဝန်ရှိသူတစ်ဦးထံမှ နိုဝင်ဘာလ(၂)ရက်နေ့တွင် သိရှိရသည်။ ယခင် စစ်ရှောင်ဦးရေ (၁၈၀၀၀၀)ခန့် ရှိသော ထိုစခန်းတွင် လက်ရှိ စစ်ရှောင်ဦးရေ (၉၀၀၀)ကျော် ကျန်ရှိပြီး၊ စားနပ်ရိက္ခာများ ပြတ်လတ်နေသည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်း စစ်ရှောင်တစ်ဦးထံမှ သိရသည်။ "အခုက စားနပ်ရိက္ခာတွေလည်း...
နားလည်မှုကွဲလွှဲခြင်းကြောင့် SSPP နှင့် TNLA တို့အကြားတိုက်ပွဲဖြစ်ပွားခဲ့ရ
မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့အကြား နားလည်မှုကွဲလွှဲခြင်းကြောင့် တိုက်ပွဲဖြစ်ပွားရကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( နိုဝင်ဘာလ ၈ ရက် ) နံနက်ပိုင်းအချိန်တွင် ဖြစ်ပွားခဲ့သည့် စယ်လန့်ကျေးရွာအတွင်း...
နောင်ချို ဂုတ်တွင်း စစ်ကောင်စီနှင့် TNLA၊ မန္တလေး PDF တို့ တိုက်ပွဲပြင်းထန်နေဆဲ
SHAN -
သျှမ်းပြည် ကျောက်မဲနှင့် နောင်ချိုမြို့အကြားရှိ ဂုတ်တွင်းလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် TNLA ၊ မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း စုံစမ်းသိရသည်။ နောင်ချိုမြို့နယ် ဂုတ်တွင်းလမ်းပိုင်း တံတားအနီးတွင် စခန်းချထားသည့် စစ်ကောင်စီ တပ်စခန်းကို TNLA ၊ မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့က ယနေ့ (နိုဝင်ဘာ ၈ ရက်)...
မူဆယ်မြို့ စစ်ဘေးရှောင် ၁၀၀ ကျော် ရောက်ရှိနေ
SHAN -
မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်မြို့တွင် တိုက်ပွဲကြောင့်ထွက်ပြေးတိမ်းရှောင်ရသူ စစ်ဘေးရှောင် ၁၀၀ ကျော် ရောက်ရှိနေကြောင်း သတင်းသိရှိရသည်။ နမ့်ခမ်းမြို့တွင်း တိုက်ပွဲကြောင့် နေရပ်စွန့်ပြီးထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်များသည် လက်ရှိမှာ မူဆယ်မြို့ရှိ မြို့လယ် ဝေဠုဝန်ကျောင်း နှင့် ခရစ်ယာန်ဘုရားကျောင်းတွင် လာရောက် ခိုလှုံနေရသည်ဟု စစ်ရှောင်ကူညီသူဒေသခံတစ်ဦးက ပြောသည်။ “ မနေ့ကစပြီး လာကြတာ။ ဒီနေ့လည်း...
စစ်ရေးပြင်းထန်နေသည့်ကြား တောင်ကြီး တန်ဆောင်တိုင် ပွဲ ၇ ရက် ဆက်တိုက်ကျင်းပမည်
SHAN -
သျှမ်းပြည် မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်အဖွဲ့များနှင့် စစ်ကောင်စီတို့ တိုက်ပွဲများဖြစ်ပွားနေသော်လည်း သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အစဉ်အလာမပျက် ရိုးရာမီးပုံးပျံပွဲတော်ကို ၇ ရက်ဆက်တိုက် ကျင်းပမည်ဖြစ်ကြောင်း ရိုးရာမီးပုံးပျံပညာရှင်များထံမှ စုံစမ်းသိရသည်. သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့၏ အဝေရာ မီးပုံးပျံကွင်းတွင် နိုဝင်ဘာ ၂၁ ရက် မှ ၂၇ ရက်နေ့အထိ တန်ဆောင်တိုင်ပွဲတော်အား...
သိန္နီ စစ်ရှောင်မိသားစု သေနတ်ပစ်ခံရ အမျိုးသား ပွဲချင်းပြီးသေဆုံး၊ အမျိုးသမီးနှင့်ကလေး ကျည်ထိမှန်
SHAN -
သျှမ်းပြည် သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာအုပ်စုတွင် စခန်းချနေထိုင်သည့် စစ်ကောင်စီတပ်က မိသားစုဝင် (၃)ဦးကို သေနတ်ပစ်ခဲ့ရာ အမျိုးသား တစ်ဦး ပွဲချင်းပြီးသေဆုံးပြီး၊ အမျိုးသမီးနှင့် ကလေးငယ် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်နေ့က သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာတွင် စစ်ဘေးရှောင်နေသည့် မိသားစု ၃...
ဆောင်းဦးဝင်စ စစ်ဘေးရှောင်ပြည်သူများအတွက် အနွေးထည် အကူအညီလိုနေ
SHAN -
ဆောင်ဦးဝင်စရာသီ ရောက်ရှိလာသည့်ဖြစ်သည့်အတွက် သျှမ်းပြည် ပင်းလောင်းမြို့နယ်သို့ ထွက်ပြေးတိမ်းရှောင်နေရသော စစ်ဘေးရှောင်များအတွက် အနွေးထည်များ၊ ဆေးဝါးများ လိုအပ်နေကြောင်း စစ်ရှောင်ကူညီပေးနေသည့် ကော်မတီများက ပြောကြားလိုက်သည်။ သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ်တွင် ရာသီကူးပြောင်းချိန် စတင်နေ ပြီးဖြစ်သဖြင့် တစ်ရက်ထက်၊ တစ်ရက်ပိုအေး လာကာ စစ်ဘေးရှောင် ပြည်သူများ အတွက် စောင်နှင့်...
ကျောက်မဲ-နောင်ချို ဂုတ်တွင်းလမ်းပိုင်း တိုက်ပွဲပြင်းထန် နှစ်ဘက်ထိခိုက်သေဆုံးမှုရှိ
SHAN -
သျှမ်းပြည် ကျောက်မဲနှင့်နောင်ချိုမြို့အကြားရှိ ဂုတ်တွင်းလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် TNLA ၊ မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ကာ နှစ်ဘက်ထိခိုက် သေဆုံးမှုရှိကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့နယ် ဂုတ်တွင်းလမ်းပိုင်းတွင် နေရာယူထားသော စစ်ကောင်စီတပ်စခန်းအား TNLA တပ်ဖွဲ့နှင့် မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့သည် ယနေ့ (နိုဝင်ဘာလ ၆ ရက်) နံနက်...





