ရွာငံ စစ်ကောင်စီမှ လက်နက်ကြီးဖြင့်ပစ်ခတ်၊ ထောက်ပို့လုပ်ရန် ကားများ ပေါ်တာဆွဲ

သျှမ်းပြည် တောင်ပိုင်း ရွာငံ ဒေသတွင် စစ်ကောင်စီဘက် မှ တဖတ်သတ် လက်နက်ကြီး ပစ်ခတ်ပြီး ဒေသခံများ၏ ရာသီပေါ် သီးနှံခြံများရှိ ခြံစောင့်တဲ (၅)လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံလူငယ် တစ်ဦးထံမှ သိရှိရသည်။

ရွာငံမြို့နယ်

“နိုဝင်ဘာ(၁)ရက်နေ့ကစပြီး ည(၉)နာရီလောက် မှာ ရွာငံဘက်ကို စစ်ကားအစီး(၂၀) တက်လာတယ်။ (၄)ရက်နေ့မှာတော့ စစ်‌ကောင်စီဘက်က စစ်ကြောင်းထိုးပြီး လက်နက်ကြီးတွေနဲ့ ရမ်းသမ်းထုတယ်။ အခုက နှစ်ဖက်အပြန်အလှန် ပစ်ခတ်တာမျိုးလည်း မရှိဘဲ ဒီလိုဖြစ်တာ” ဟု အဆိုပါ ဒေသခံလူငယ်မှ ပြောသည်။

ခြံစောင့်တဲများ မီးရှို့ခံရသည့် အကြောင်းရင်းသည် စစ်ကောင်စီတပ်များမှ ထိုတဲများတွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်များ မှီတင်းနေထိုင်သည် ဆိုကာ ဖျက်ဆီးသွားကြောင်း သိရှိရသည်။

“မီးရှို့ခံလိုက်ရတဲ့ ခြံစောင့်တဲတွေအထဲတွေက အခိုင်အမာ ဆောက်ထားတာ (၂)လုံးပါတယ်။ ကျန်တာက ဝါးတို့၊ သက်ကယ်တို့နဲ့ ဆောက်ထားတာပေါ့။ ဆုံးရှုံးသွားတာတွေက ကာလတန်ဖိုးအရဆို ဝါးနဲ့ဆောက်ထားတာတင် (၅)သိန်းအထက် ရှိတယ်။ အခိုင်အမာဆောက်ထားတဲ့ တဲ(၂)လုံးဆို သိန်း(၂၀)အထက် ရှိပါတယ်။ ဒီလိုဖြစ်ပြီးနောက်ပိုင်း တောထဲခြံထဲကို ဒေသခံတွေ အခုထိ မသွားအိပ်ရဲသေးဘူး” ဟု ၎င်းက ဆက်ပြောသည်။

ထိုစစ်ကောင်စီ တပ်ဖွဲ့ဝင်များမှာ ရွာငံ ဒေသတွင်း ကျေးရွာ ဆေးပေးခန်းတွင် အလှည့်ကျ နေထိုင်ကြကြောင်း သိရသည်။

ဆက်လက်ပြီး ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်မတော် – DPLFက နိုဝင်ဘာလ (၁)ရက်နေ့တွင် ရပ်စောက်-‌ နောင်ချိုလမ်းကို မှော်ဘုရင်စစ်ကြောင်းမှ နိုဝင်ဘာလ (၂)ရက်နေ့တွင် ဟန်မြင့်မိုရ်-ရွာငံလမ်းကို စစ်ကားများ ဖြတ်သန်းသွားလာခြင်း မပြုရန် ပိတ်ပင်ခဲ့သည်။

ထိုနောက်ပိုင်း စစ်ကောင်စီမှ ရွာငံ ဒေသခံများ၏ ကားများကို အသုံးပြုကာ လက်နက်၊ လူအင်အား၊ စားနပ်ရိက္ခာများ ထောက်ပို့လုပ်နေကြောင်း ထပ်မံသိရှိရသည်။

“စစ်ကားတွေနဲ့ သွားလာရင် ဖြတ်တိုက်ခံရမှာစိုးလို့ ရွာသားတွေရဲ့ ကားနဲ့ပဲ အတင်းအကြပ် ပေါ်တာဆွဲပြီး ထောက်ပို့လုပ်နေတာ။ အရင်ကဆို ကား‌ရော ပိုင်ရှင်တွေကိုယ်တိုင်ပါ ပစ္စည်းလိုက်ပို့ပေးရတယ်၊ အခုကျတော့ ရွာထဲ ဘယ်အိမ်ကားရှိလဲ သူတို့က စာရင်းကောက်ထားတယ်။ သူတို့လိုတဲ့အခါဆို လာယူသုံးစွဲမယ်ပေါ့။ ဆီအပြည့်လဲထည့်ထားပေးဖို့၊ ဆီကုန်သွားရင်အဲ့နေရာမှာပဲ ကားကိုပစ်ထားခဲ့မယ် ဆိုပြီး ခြိမ်းခြောက်တာတွေလဲရှိတယ်”ဟု ထို ဒေသခံမှ ပြောကြားသွားသည်။

ယခုလက်ရှိ အချိန်တွင် ရွာငံ ဒေသခံများအနေဖြင့် စစ်ကောင်စီတပ်များ၏ ပစ်ခတ် ဖျက်ဆီးမှု၊ ခြိမ်းခြောက်မှုများကြောင့် စိုးရိမ်ပူပန်စွာ နေထိုင်လျက်ရှိရကြောင်း သိရှိရသည်။
နော်လာဝါမှ သတင်းပေးပို့သညါ

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ...

ရွာငံအတွင်း စစ်တပ် အင်းအားဖြည့် ဒေသခံများကို ဖမ်းဆီးရိုက်နှက်မှုရှိ 

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်  အတွင်းသို့ စစ်ကော်မရှင်တပ်သည့် နေ့စဉ် အင်အားဖြည့်တင်းနေပြီး၊ အရပ်သားဖမ်းဆီးရိုက်နှက်မှုများလည်း ဆက်တိုက်ကျူးလွန်နေကြောင်း စုံစမ်းသိရသည်။  နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖားကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်က အင်အား အလုံးရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု...

ရွာငံတွင် ဦးဇင်းတပါး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ပွေးနဖားကျေးရွာတွင် ဦးဇင်းတစ်ပါး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု ခေါ်ဆောင်သွားပြီး ဇူလိုင်လ (၂၁) ရက် နံနက်ပိုင်းတွင်...

ရွာငံ တွင် စစ်ကော်မရှင်တပ် က အရပ်သား (၈)ဦးဖမ်းဆီးသွား

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အုတ်တွင်း ကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က အရပ်သား(၈)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက် ညနေ (၃)နာရီအချိန်တွင် စစ်ကော်မရှင်တပ်သည် ကျောက်ငှက်ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးရာမှ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...