သျှမ်း-ကရင်နီ နေရပ်ပြန် စစ်ရှောင်များ တိုက်ပွဲများကြား ထပ်မံပိတ်မိ

သျှမ်း-ကရင်နီ နယ်စပ် မိုးဗြဲမြို့ ၊ လွိုင်ကော်မြို့နယ် နှင့် ဒီးမော့ဆို့အတွင်း စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေး တပ်ပေါင်းစုများက နိုဝင်ဘာ (၁၁)ရက်တွင် တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ရာ နေရပ်ပြန် စစ်ရှောင်များ ပိတ်မိနေကြောင်း စုံစမ်းသိရသည်။

မိုးဗြဲစစ်ရှောင်စခန်း

နိုဝင်ဘာ (၁၁)ရက်တွင် ၁၁.၁၁ စစ်ဆင်ရေး အနေဖြင့် စစ်ကောင်စီ တပ်စခန်းများအား တော်လှန်ရေး တပ်ပေါင်းစုများက ထိုးစစ်ဆင်ခဲ့ရာ နှစ်ဖက်တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီး၊လက်နက်ငယ်များအပြင် တိုက်လေယာဥ်များကို အသုံးပြုပြီး တိုက်ခိုက်ခဲ့သည်။

ထိုသို့ ဖြစ်ပွားနေသော တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးနှင့် တိုက်လေယာဉ်များကို အသုံးပြုပြီး ပစ်ခတ်တာကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှုရှိနေပြီး၊ လွန်ခဲ့သည့် လပိုင်းတွင် တိုက်ပွဲငြိမ်သက်သောကြောင့် နေရပ်ပြန်စစ်ရှောင်များလည်း လက်ရှိထပ်ဖန်ဖြစ်ပွားသည့် တိုက်ပွဲများကြား ပိတ်မိနေကြောင်း နေရပ်ပြန်စစ်ရှောင် တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

မိုးဗြဲ စစ်ဘေးရှောင်

“အောက်တိုဘာလ ကုန်ခါနီးလောက်ကတည်းက စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ရမ်းပစ်သံတွေ ကြားနေရတာ။ တိုက်ပွဲဖြစ်တော့ လက်နက်ကြီးပစ်တာ၊ လေယာဉ်ဝဲတာတွေက တောက်လျှောက်ပဲ။ စစ်ကောင်စီက စစ်မြေပြင်မဟုတ်ဘဲ မြို့ထဲ၊ ရွာထဲလည်း ‌‌ဗုံးကြဲ၊ လက်နက်ကြီးနဲ့ ပစ်တာဆိုတော့ ကျမတို့က အခု ဗုံးခိုကျင်းတွေ၊ ဘုရားကျောင်းတွေမှာ ပုန်းအောင်းနေရတယ်” ဟု နေရပ်ပြန် စစ်ရှောင် တစ်ဦးမှ ပြောသည်။

အဆိုပါ စစ်ရှောင်များသည် ၂၀၂၂ ခုနှစ် အစောပိုင်းကတည်းက ဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် နေအိမ်ကို စွန့်ခွာကာ နီးစပ်ရာ သျှမ်းပြည် တောင်ပိုင်းဘက်တွင် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒေသခံများဖြစ်ပြီး စစ်ရှောင်စခန်းတွင် စစ်ရှောင်ရင်း စားဝတ်နေရေး၊ ကျန်းမာရေးနှင့် အလုပ်အကိုင်ရှားပါးမှုစသော အခက်အခဲ ပြဿနာများကြောင့် အရဲစွန့်ကာ နေရပ်ဒေသသို့ ပြန်ခဲ့ကြသူများ ဖြစ်သည်။

လွိုင်ကော် လေယာဥ်ကွင်း

“စစ်ရှောင်ရတာ အဆင်မပြေလို့ ပြန်လာကာမှ အခုလို ထပ်ဖြစ်တော့ တခြားတစ်နေရာကို ထပ်ပြီး တိမ်းရှောင်ဖို့က ကျမတို့မှာ အခက်အခဲဖြစ်တာ‌ပေါ့။ ငွေရေးကြေးရေးအရ‌ရော၊ လုံခြုံရေးအရရော အဆင်မပြေဘူး။ အခုက လမ်းတွေလည်း ပိတ်ထားတော့ သွားလို့လည်းမရဘူး”ဟု ၎င်းမှ ထပ်လောင်း ပြောကြားသည်။

ကရင်နီပြည်နယ်ရှိ ဒေသခံများသည် တိုက်ပွဲများကြားတွင် လက်နက်ကြီးထိမှာကို စိုးရိမ်စိတ်ဖြင့် နေထိုင်နေရပြီး ယခင်ကလို အေးချမ်းစွာ ပြန်လည် နေထိုင်နိုင်ရန် ဆန္ဒပြုနေကြသည်။

လက်ရှိမှာ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေသောကြောင့် လွိုင်ကော်-ဒီးမော့ဆို၊ လွိုင်ကော်-မိုးဗြဲနှင့် လွိုင်ကော်- ဆီဆိုင်သွား လမ်းမကြီးများကို အသွားအလာ မပြုလုပ်ကြရန်နဲ့ နေအိမ်ပြင်ပထွက်ပြီး သွားလာခြင်းများ မလိုအပ်ပါက မပြလုပ်ကြပါရန်နှင့် လုံခြုံသော နေရာများတွင်သာ နေထိုင်ကြပါရန် KNDFက အထူးတိုက်တွန်းထားပါသည်။

အလားတူ သျှမ်း-ကယား(ကရင်နီ)ပြည် နယ်စပ်ဒေသ မိုးမြဲမြို့အတွင်းတွင် နေထိုင်နေသည့် ပြည်သူများ၊ စစ်ဘေးရှောင်များ ဘေးလွှတ်ရာသို့ အမြန်ဆုံးပြောင်းရွှေ့ပြောင်းရန် မိုးဗြဲ အခြေစိုက် MB1111 စစ်ဆင်ရေးမဟာမိတ်အင်အားစုများ က ယမန်နေ့ (နိုဝင်ဘာ ၁၃)ရက်တွင် အသိပေးကြေညာခဲ့သည်။

(နော်လာဝါ သတင်းပေးပို့သည်။)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဖယ်ခုံမြို့နယ်အတွင်းရှိ နေအိမ်များကို စစ်တပ်က ထပ်မံမီးရှို့

0
သျှမ်း-ကရင်နီ(ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်က ကျန်ရှိသည့် နေအိမ်များကို ထပ်မံမီးရှို့ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် “၁၁၁၁”စစ်ဆင်ရေးတွင် စစ်တပ်က မိုးဗြဲနှင့် ဖယ်ခုံမြို့နယ် ကျေးရွာအများစုကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင်...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...