ကုလသမဂ္ဂဆိုင်ရာ UNOCHA မှ သျှမ်းမြောက်စစ်ဘေးရှောင်များအတွက် အမေရိကန်ဒေါ်လာတစ်သန်း အသုံးပြုမည်ဟု ဆို

သျှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများကြောင့် လတ်တလော နေရပ်စွန့်ခွာထွက်‌ပြေးနေကြရသည့် စစ်ဘေးရှောင်ပြည်သူများအတွက် အမေရိကန်ဒေါ်လာတစ်သန်း အသုံးပြုသွားမည်ဖြစ်ကြာင်း ကုလသမ္ဂဆိုင်ရာ လူသားချင်းစာနာ‌ထောက်ထားမှုပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA(ယူအန်အိုချာ) ၏ ကနဦးအစီရင်ခံစာ ထုတ်ပြန်ချက်အရ သိရသည်။

OCHA

အောက်တိုလာလ ၂၇ ရက်မှ စ၍ သျှမ်းပြည်မြောက်ပိုင်းရှိ မြို့နယ် ၂၂ ခုတွင် အနည်းဆုံး မြို့နယ် ၉ ခု၌ တိုက်ပွဲများဖြစ်ပွားခဲ့သဖြင့် လူဦးရေ ၅၀,၀၀၀ ခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသောကြောင့် မရှိမဖြစ်လိုအပ်နေသည့် အခြေခံစားနပ်ရိက္ခာနှင့်ကယ်ဆယ်ရေးပစ္စည်းများကို စစ်ဘေးရှောင်ပြည်သူများထံ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း UNOCHA ၏ နိုဝင်ဘာလ ၉ ရက် ထုတ်ပြန်ချက်အရ သိရသည်။

“တိုက်ပွဲတွေက ရွာတွေမှာစဖြစ်တော့ မြို့ပေါ်က ဘုန်းကြီးကျောင်းတွေ၊ဘာသာရေးအဆောက်အဦးတွေမှာ စစ်ရှောင်နေရတယ်။ ဆောင်းဝင်လာပြီမို့ အနွေးထည်နဲ့ စောင်တွေ အရေးပေါ်လိုအပ်‌နေပါတယ် ၊အဓိကလမ်းမကြီးတွေ ပိတ်ထားကြတော့ အကူညီပေးမယ့်အဖွဲ့တွေ လာဖို့ လွယ်ပါ့မလား” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် လားရှိုးမြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

လားရှိုးမန်ဆူ စစ်ရှောင်

စစ်ဘေးရှောင်ပြည်သူများကို ထိထိရောက်ရောက် ကူညီ‌နိုင်ရန် အတွက် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးက တိုက်ပွဲများကိုရပ်ပြီး အတားအဆီးမဲ့ ဝင်ရောက်ကူညီခွင့်ပြုရန် အရေးကြီးသည်ဟု UNOCHA မှ တောင်းဆိုထားကြောင်း အစီရင်ခံစာတွင် ဖော်ပြချက်အရ သိရသည်။

ပြီးခဲ့သည့်အောက်တိုဘာလ၂၇ရက်မှ စ၍ လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး နှင့် လားရှိုး-ချင်းရွှေဟော် ပြည်ထောင်စုလမ်းမကြီးများကို ပိတ်ထားလိုက်သဖြင့် နယ်စပ်ကုန်သွယ်ရေးများ လည်း ရုတ်တရက် ရပ်တန့် သွားပြီး အခြေခံစားသောက်ကုန်များနှင့် အခြားလူသုံးကုန်စည်များ ဈေးနှုန်း အဆမတန် မြင့်တက်လာမှု‌ေကြာင့် ဒေသခံပြည်သူများ အခက်အခဲများစွာဖြစ်ပေါ်နေကြရသည်။

ထောက်ပံ့ပေးအပ်လိုက်သည့် အကူအညီများသည် ကြီးမားသော လိုအပ်ချက်များကို ဖြည့်ဆည်ပေးနိုင်ရန် မလုံလောက်သေးပဲ ဝင်ရောက်ကူညီရေးနှင့် သွားလာရေးမှာတွင် အလွန်အမင်းခက်ခဲနေသောကြောင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုများ အချိန်မီမရရှိကြသဖြင့် အရပ်သားနှစ်ဦး သေဆုံးခဲ့ရကြောင်း အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...