တိုက်ပွဲ

စစ်ကောင်စီ တပ်သား ၃၂ ဦး KNDF ထံ လက်နက်ချ

လွိုင်ကော်မြို့ရှိ စစ်ကောင်စီ ၏တပ်မ ၆၆ လက်အောက်ခံ တပ်ရင်း လက်ကျန် စစ်သား ၃ ၂ ဦးက လက်နက်ချခဲ့ကြောင်း ကရင်နီ အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDF မှသတင်းထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်ချရန် KNDF မှ အခွင့်အရေးပေးပြီးနောက် တပ်ခွဲမှူး ဗိုလ်ကြီး ကောင်းမြတ်...

ကျောက်မဲ အရပ်သား ၁ ဦး လက်နက်ကြီးထိ သေဆုံး၊ နောင်ပိန်ဂုတ်တွင်း တိုက်လေယာဉ် ဗုံးကျဲတိုက်ခိုက်

သျှမ်းပြည် ကျောက်မဲခရိုင်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျောက်မဲမြို့တွင် အရပ်သား ၁ ဦး သေဆုံးပြီး ၊နောင်ပိန်တိုက်နယ်၌ နေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့အခြေစိုက် စစ်ကောင်စီတပ် ခမရ-၅၀၂ နှင့် တအာင်း(ပလောင်) TNLA တပ်ဖွဲ့တို့မှ ယမန်နေ့ (နိုဝင်ဘာ...

ကရင်နီ စစ်ရှောင်များ အောင်ပန်းဂိတ်ဖြတ်ကျော်ခွင့်မရ

သျှမ်း-ကရင်နီ နယ်စပ်တစ်လျှောက် ၁၁.၁၁ စစ်ဆင်ရေးကြောင့် ထွက်ပြေးလာသည့် စစ်ဘေးရှောင်များ ကို အောင်ပန်းဂိတ် ဖြတ်ကျော်ခွင့်မပေးကြောင်း စုံစမ်းသိရသည်။ နိုဝင်လာလ ၁၁ ရက်နေ့မှ စတင်ခဲ့သည့် ၁၁.၁၁ စစ်ဆင်ရေးကြောင့် သျှမ်း-ကရင်နီနယ်စပ် တစ်လျှောက် အပါအဝင် တိုက်ပွဲများဖြစ်နေပြီး မြို့ပေါ် လူနေရပ်ကွက်များကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲကြောင့်...

ပန်ဆိုင်းမြို့ စစ်ကောင်စီ တပ်သားများ စစ်ရှောင်နေအိမ်ကို ဝင်ရောက်မွှေနှောက်

သျှမ်းပြည် မူဆယ်ခရိုင် ပန်ဆိုင်းမြို့မှ စစ်ကောင်စီ တပ်သားများသည် စစ်ရှောင်များ၏ နေအိမ်များထဲသို့ ဝင်ရောက်မွှေနှောက်ပြီး အဝတ် နှင့် စားစရာများကို ယူဆောင် စားသောက်နေကြကြောင်း စုံစမ်းသိရသည်။ ပန်ဆိုင်းမြို့ရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း အမှတ် (၅၂၅) မှ တပ်သားများသည် တပ်မှ ဆုတ်ခွာပြီး အရပ်ဝတ်ပြောင်းကာ ပြည်သူများနှင့်...

လောက်ကိုင် ခမရ-၁၂၉ တပ်ရင်းတစ်ရင်းလုံး ထပ်မံလက်နက်ချ အလင်းဝင်

သျှမ်းပြည် လောက်ကိုင်မြို့အခြေစိုက် ဒကစ လက်အောက်ခံတပ်ရင်းဖြစ်သည့် ခလရ-၁၂၉ တပ်ရင်း တစ်ရင်းလုံးသည် ညီနောင်မဟာမိတ် ၃ ဖွဲ့ထံသို့ ထပ်မံလက်နက်ချ အလင်းဝင်ရောက်လာကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာ ၁၂ ရက်)တွင် လောက်ကိုင်မြို့နယ် ညံခွမ်း(ရန်ခွမ့်)ရွာတွင် အခြေစိုက်သည့် ခလရ-၁၂၉ (မူရင်းထုတ်ပြန်ချက် ခမရ-၁၂၉) တပ်ရင်းမှ တပ်ရင်းမှူး...

တံတားပျက်စီးမှုကြောင့် ဆေးကုလူနာများ၊မွေးလူနာများ အခက်အခဲဖြစ်

သီပေါ-ကျောက်မဲကြားရှိ ကျင်သီတံတား ပျက်စီးမှုကြောင့် မွေးလူနာနှင့် ဆေးကုသမည့်သူများ သွားလာမှု အခက်အခဲရှိကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် သီပေါ-ကျောက်မဲ ကြားရှိ ကျင်သီတံတား ပျက်စီးမှုကြောင့် ကားများသွားလာ၍ မရသဖြင့် အရေးပေါ် လူနာများ၊မွေးလူနာများ အတွက် အခက်အခဲများ ဖြစ်နေကြောင်း ဘော်ကြို ပရဟိတ လူမှုကူညီရေး အသင်း တာဝန်ရှိသူတစ်ဦးက...

ဆီဆိုင်မြို့နယ်ရှိ စစ်ရှောင်အမျိုးသမီးများအတွက် လစဉ်သုံး ပစ္စည်းများ အရေးပေါ်လိုအပ်

သျှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့သို့ စစ်ရှောင်လာသော စစ်ရှောင်အမျိုးသမီးများသည် လစဉ်သုံး ပစ္စည်းများ (၇)လနီးပါး ပြတ်လပ်နေေသဖြင့် အရေးပေါ်လိုအပ်နေကြောင်း စုံစမ်းသိရသည်။ လက်ရှိမှာ အမျိုးသမီး စစ်ရှောင်များအတွက် အသုံးအဆောင်ပစ္စည်းများကို လာရောက်လှူဒါန်းမှုရှိသော်လည်း အမျိုးသမီးဦးရေသည် ထောင်ဂဏန်းထိ ရှိတာကြောင့် အချိန်တို အတွင်း ကုန်ဆုံးသွားကြောင်း စစ်ရှောင်အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “...

နောင်ချို ဂုတ်တွင်း လာရောက်ပစ်ခတ်သည့် ရဟတ်ယာဉ်နောက်မြီး ရှပ်ထိ၍ မီးခိုးထွက်

သျှမ်းပြည် ကျောက်မဲ- နောင်ချိုအကြားရှိ နောင်ပိန်ဂုတ်တွင်းအနီးတွင် လာရောက်ပစ်ခတ်နေသည့် တိုက်ခိုက်ရေး စစ်ကောင်စီ ရဟတ်ယာဉ်တစ်စင်း နောက်မြီး ကျည်ရှပ်ထိ၍ မီးခိုးထွက်ကာ ပြန်လှည့်သွားရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့နယ်ဘက်ရှိ နောင်ပိန်ဂုတ်တွင်းအနီးတွင် ယနေ့ (နိုဝင်ဘာလ ၁၄ ရက်) ၁၁ နာရီဝန်းကျင်၌ စစ်ကောင်စီတပ်မှ တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂...

ပန်ဆိုင်းရှိစစ်ကောင်စီ ခြေမြန်တပ်ကုန်းစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ

သျှမ်းပြည် မူဆယ်ခရိုင်၊ ပန်ဆိုင်းမြို့ရှိ စစ်ကောင်စီ၏ အမှတ် (၅၂၅) ခြေမြန် တပ်ရင်း တပ်ကုန်းစခန်းကို ညီနောင် မဟာမိတ် တပ်ဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခံရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ နိုဝင်ဘာလ (၁၃) ရက် ည (၉) နာရီ ဝန်းကျင် အချိန်တွင် ပန်ဆိုင်းမြို့...

ကျောက်မဲခရိုင်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေ

သျှမ်းပြည် ကျောက်မဲခရိုင် အခြေစိုက်သော စစ်ကောင်စီတပ်များမှ အနီးအနား ဝန်းကျင်ရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၁၃ ရက်) ည ၉ နာရီခန့်မှ စ၍ သီပေါမြို့ရှိ စစ်ကောင်စီ ခလရ-၂၃ တပ်စခန်းမှ ပြည်သူနေထိုင်ရာ ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့်...

Latest news