တော်လှန်ရေးတပ်ဖွဲ့ အမည်ကို အလွှဲသုံးစားလုပ်ပြီး ဓားပြတိုက်သူကို ဖမ်းမိ

သျှမ်းပြည်တောင်ပိုင်း ၊ ရွာငံမြို့နယ်တွင် ဓနုဒေသအခြေစိုက် (၁၀၀၃) တပ်ရင်း အမည်ကို အလွှဲသုံးစားလုပ်၍ ဓားပြတိုက်သူ အမျိုးသားတစ်ဦးကို ဖမ်းဆီးထားကြောင်း (၁၀၀၃) တပ်ရင်းမှ ပြီးခဲ့သည့် ဇွန်လ (၂၂)ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် (၂၀၂၅) ခုနှစ်မှ စ၍ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်ဘက်တွင် ဓားပြတိုက်ခံရမှုများ ဖြစ်ပွားခဲ့ပြီး အဆိုပါ ဓားပြတိုက်မှုဖြစ်စဉ်များမှာ ဓနုဒေသ အစိုက် (၁၀၀၃) တပ်ရင်း အမည်ကိုသုံး၍ ဓားပြတိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဓားပြတိုက်မှုဦးဆောင်သူနှင့် အဖွဲ့ဝင်အချို့မှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး တစ်ဦးကိုသာ ဖမ်းဆီးရမိသေးကြောင်းနှင့် ဓားပြတိုက်သူများမှာ အွန်လိုင်းစလော့ဂိမ်းဆော့ကစားသူများ၊ မူးယစ်ဆေးသုံးစွဲသူများ ဖြစ်ကြောင်း သိရသည်။

“ဖမ်းမိထားတဲ့ တစ်ယောက် ပြောပြချက်အရဆိုရင် သူတို့ဂိမ်းရှုံးတော့ ဓားပြသွားတိုက်ကြတာတဲ့၊ လက်နက်ကြတော့ ဘုရားပွဲက သေနတ်တွေကို ပုဆိုးနဲ့ ပတ်ပြီး အစစ်ထင်အောင် ဟန်ပြပြီး ပိုက်ဆံတောင်းတာတဲ့။ဒီလိုလုပ်တော့ ကျနော်တို့ တပ်ရင်း နာမည်ထိခိုက်တယ်။”ဟု( ၁၀၀၃) တပ်ရင်းမှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထိုသို့ ဓားပြတိုက်မှုများကြောင့် တော်လှန်ရးတပ်ဖွဲံ အချင်းချင်းကြား ယုံကြည်မှုကင်းမဲ့စေရန် သတင်းးအမှားများဖြန့်ဝေခဲ့သောကြောင့် အထင်မြင်လွဲမှားမှုများ ကြုံခဲ့ရကြောင်း ၎င်း တပ်ဖွဲ့ဝင် အမျိုးသားတစ်ဦးက ပြောသည်။

ယခုကဲ့သို့ ဓားပြတိုက်မှုများ ထပ်မံ မဖြစ်ပွားစေရန် ဓနုဒေသအတွင်း စလော့ဂိမ်းကစားသူများနှင့် မူးယစ်ဆေးသုံးစွဲ ရောင်းဝယ်နေသူများကို ဖော်ထုတ်အရေးယူသွားမည်ဟု အသိပေးထုတ်ပြန်ထားသည်။

ထို့အပြင် ဓနုဒေသအတွင်း မိဘများအနေဖြင့် မိမိတို့၏ သား၊သမီးများကို အွန်လိုင်းလောင်းကစားများ မူးယစ်ဆေးဝါးသုံးစွဲ ရောင်းဝယ်ခြင်းများ မရှိအောင် ဂရုစိုက်စောင့်ကြည့်ရန် လိုအပ်ကြောင်းလည်း ထုတ်ပြန်ထားသည်.

“ကျနော်တို့အနေနဲ့တော့ စလော့ဂိမ်းဆော့တဲ့သူတွေ၊ မူးယစ်ဆေး ရောင်း၊ဝယ်တဲ့သူတွေကို ဖော်ထုတ်သွားမှာပါ၊ ကိုယ့်ပတ်ဝန်းကျင်မှာ ဒီလိုမျိုး တွေ သုံစွဲ ရောင်းဝယ် နေရင် ကျနော်တို့ တပ်ရင်းကို တိုင်လို့ရတယ်၊ အခုလက်ရှိ ဖမ်းမိထားတဲ့ လူငယ်ကိုတော့ အကြီးကဲတွေက ဘယ်လို လုပ်မလဲတော့ မသိဘူး။”ဟု တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ ဓားပြတိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ (၁၀၀၃) တပ်ရင်းမှ ပြီးခဲ့သည့် ဇွန်လ (၁၉)ရက်နေ့တွင် ထုတ်ပြန်ရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်။

ဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (၁၀၀၃) တပ်ရင်းသည် အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရှမ်းတောင်-ကယား(ကရင်နီ) တိုင်းစစ်ဌာနအောက်တွင် ရှိပြီး ရွာငံနှင့် ရှမ်း-ကယားနယ်စပ်တွင် အခြေစိုက် လှုပ်ရှားသည့် အဖွဲ့ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်း-ကရင်နီ တော်လှန်ရေးတပ်ဖွဲ့များ စုပေါင်းပြီး “အမှတ်(၁) အယ်လ်ဖာစစ်ဒေသ (မိုးဗြဲ)”ဖွဲ့စည်း

0
သျှမ်း-ကရင်နီနယ်စပ်ဒေသတွင် လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များ အင်အားစုပေါင်းပြီး “အမှတ်-၁ အယ်လ်ဖာ စစ်ဒေသ(မိုးဗြဲနယ်)”ကို ဖွဲ့စည်းလိုက်ကြောင်း ယမန်နေ့ (ဧပြီလ ၂၁ ရက်) တွင် ထုတ်ပြန်လိုက်သည်။ “အမှတ်-၁ အယ်လ်ဖာ စစ်ဒေသ(မိုးဗြဲနယ်)”ကို ဖွဲ့စည်းနိုင်ရေးအတွက် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက် နှင့် ၂၉ ရက်တို့တွင်...

ရွာငံဒေသခံများ သေနတ်သံကြားလျှင် ဘေးလွတ်ရာရှောင်တိမ်းရန် တော်လှန်ရေးတပ်ဖွဲ့ အသိပေး

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေး တပ်ပေါင်းစုတို့ ထိတွေ့တိုက်ပွဲဖြစ်လျှင် ပြည်သူများ အခြေအနေ ကြည့်ပြီး ဘေးလွတ်ရာသို့ ရှောင်တိမ်းသွားကြရန် ဓနုဒေသအခြေစိုက် (၁၀၀၃) တပ်ရင်းမှ ယနေ့ (ဖေဖော်ဝါရီလ ၂၇) ရက်စွဲဖြင့် ထုတ်ပြန်လာသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၇)ရက်တွင် ရွာငံမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း...

တော်လှန်ရေးတပ်ဖွဲ့များအား လက်စားချေသည့်အနေဖြင့် အရပ်သားများကိုပါ ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးသတ်ဖြတ်မှုများ PNO မှလုပ်ဆောင်လာ

0
သျှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်မှ ပြည်သူများအား ပအိုဝ်းပြည်သူ့စစ် PNA/PNO မှ ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးသတ်ဖြတ်မှုများရှိလာပြီး လူမျိုးရေးအမုန်းတရားများကိုပါ ဝါဒဖြန့်ပြုလုပ်လာကြောင်း စစ်ရာဇဝတ်မှုများအားမှတ်တမ်းတင်နေသည့် Burma War Crimes Investigation (BWCI) မှ အစီရင်ခံစာထုတ်ပြန်ခဲ့သည်။ ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက် တွင် စစ်ရာဇဝတ်မှုများအားမှတ်တမ်းတင်နေသည့် (BWCI)...

တောင်ကြီးတွင် စီးပွားရေးလုပ်ငန်းရှင်များထံ တော်လှန်ရေးတပ်ဖွဲ့အမည်ခံဖြင့် ငွေခြိမ်းခြောက်တောင်းခံမှုရှိနေ

0
သျှမ်းပြည်မြို့တော်၊ တောင်ကြီးမြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များထံ တော်လှန်ရေးတပ်ဖွဲ့အမည်ခံအဖွဲ့တစ်ဖွဲ့မှ ခြိမ်းခြောက်စာပို့၍ ငွေတောင်းခံမှုများရှိနေကြောင်း စုံစမ်းသိရှိရသည်။ နိုဝင်ဘာလ ၂၀ ရက်နောက်ပိုင်း တောင်ကြီးမြို့ပေါ်ရှိ စီးပွားရေးလုပ်ငန်းရှင်များထံ Local Attack Army ပကဖ တောင်ကြီး ရန်ပုံငွေရှာဖွေရေးကော်မတီအမည်ဖြင့် တော်လှန်ရေးရန်ပုံငွေ ထည့်သွင်းရန်အကြောင်းကြားစာ ပေးပို့မှုများရှိနေကြောင်း မြို့ခံ သတင်းရင်းမြစ် တစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။ “တန်ဆောင်တိုင်ပွဲပြီးတည်းက...