တောင်ကြီးတွင် စီးပွားရေးလုပ်ငန်းရှင်များထံ တော်လှန်ရေးတပ်ဖွဲ့အမည်ခံဖြင့် ငွေခြိမ်းခြောက်တောင်းခံမှုရှိနေ

သျှမ်းပြည်မြို့တော်၊ တောင်ကြီးမြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များထံ တော်လှန်ရေးတပ်ဖွဲ့အမည်ခံအဖွဲ့တစ်ဖွဲ့မှ ခြိမ်းခြောက်စာပို့၍ ငွေတောင်းခံမှုများရှိနေကြောင်း စုံစမ်းသိရှိရသည်။

နိုဝင်ဘာလ ၂၀ ရက်နောက်ပိုင်း တောင်ကြီးမြို့ပေါ်ရှိ စီးပွားရေးလုပ်ငန်းရှင်များထံ Local Attack Army ပကဖ တောင်ကြီး ရန်ပုံငွေရှာဖွေရေးကော်မတီအမည်ဖြင့် တော်လှန်ရေးရန်ပုံငွေ ထည့်သွင်းရန်အကြောင်းကြားစာ ပေးပို့မှုများရှိနေကြောင်း မြို့ခံ သတင်းရင်းမြစ် တစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

“တန်ဆောင်တိုင်ပွဲပြီးတည်းက တောင်ကြီးက လုပ်ငန်းရှင်တွေဆီ တောင်ကြီး ပကဖကပါဆိုပြီး ခြိမ်းခြောက်ငွေတောင်းတာတွေရှိတယ်၊ ဖုန်းနံပါတ်၊ လူနာမည်၊ ဆိုင်နာမည်အတိအကျနဲ့ Viber ၊ telegram၊ messenger ကနေ တောင်ကြီးအတွက် ထောက်ပို့ဖို့ ပြောတယ်” ဟု ပြောသည်။

အထက်ပါ ငွေတောင်းခံခြိမ်းခြောက်မှုများမှာ စစ်ကောင်စီမှ ဦးစီးကျင်းပသည့် တန်ဆောင်တိုင် မီးပုံပျံပွဲတော် ပြီးသည့် အချိန်မှစတင်ပြီး ဆက်တိုက်ဖြစ်ပေါ်နေကြောင်း သိရသည်။ ထိုသို့ ငွေကြေးကောက်ခံမှုများနှင့် ပတ်သတ်၍ သျှမ်းသံတော်ဆင့်မှ အသေးစိတ်သိရရန် ထပ်မံစုံစမ်းနေဆဲဖြစ်သည်။

ထိုသို့ငွေကြေးကောက်ခံရာတွင် ကောက်ခံသည့်ငွေကြေးပမာဏအတိုင်းထည့်သွင်းရန်နှင့် လုပ်ငန်းရှင်များကိုလည်း အမြဲမပြတ်စောင့်ကြည့်နေကြောင်း တောင်းခံသည့်ငွေကြေးထည့်ဝင်ခြင်းမရှိခြင်းနှင့် ပေါက်ကြားမှုရှိလာပါက ပြင်းပြင်းထန်ထန် အရေးယူမည့်အကြောင်း ဖော်ပြထားကြောင်း သိရသည်။

“တောင်ကြီးက လွတ်မြောက်နယ်မြေထဲလည်း မပါဘူး၊ အဲ့လို ပကဖ အနေနဲ့ သုံးရအောင် အညာဒေသမြို့တွေလည်း မဟုတ်တော့ အဲ့လိုတွေ ခြိမ်းခြောက်ငွေညစ်ခံရရင် ပေးစရာမလိုပါဘူး၊ ကြောက်စရာမလိုဘူး၊ ပို့လာခဲ့ရင် တန်းပြီး block ကြပါ” ဟု တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူတစ်ဦးကပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း တောင်ကြီးမြို့ပေါ်ရပ်ကွက်အချို့တွင် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများမှာ အိမ်ဌားနေသောပြည်သူများအား စစ်မှုထမ်းကြေးအကြောင်းပြကာ ငွေကြေးကောက်ခံမှုများရှိခဲ့ပြီး ထည့်ဝင်ခြင်းမရှိပါက ဧည့်စာရင်းနှင့် ရပ်ကွက်ထောက်ခံစာများ ပြုလုပ်ခွင့်မပေးကြောင်း မြို့ခံ အိမ်ရှင်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

“အိမ်က အိမ်ထောင်စုစာရင်းမှာက မိန်းကလေးတွေပဲရှိတာ၊ အိမ်ငှားလာနေတဲ့ သူတွေအတွက်ဆိုပြီး ထည့်ပေးရတယ် အိမ်ကလူမဟုတ်ဘဲ သုံးသောင်းထည့်ပေးရတယ်၊ သူတို့က မန်းလေးကလာနေတာ၊ မန်းလေးမှာကျန်ခဲ့တဲ့သူတို့ အိမ်က လူတွေကလည်း သူတို့အတွက်ထည့်ပေးရတယ်၊ နှစ်နေရာလုံးမှာ ထည့်ရတာ” ဟု မြို့ခံတစ်ဦးမှ သျှမ်းသံတော်ဆင့်သို့ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်မှစပြီး နိုဝင်ဘာ ၁၅ ရက်နေ့အထိ စစ်ကောင်စီမှ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲအား ဖိအားပေးကျင်းပခဲ့ပြီး ပွဲဖြစ်မြောက်ရန်အတွက် ပြည်သူများ စားဝတ်နေရေး ကြပ်တည်းနေသည့်ကြားမှ ငွေကောက်ခံ ကျင်းပခဲ့သည်။

တန်ဆောင်တိုင်မီးပုံပျံပွဲသည် တောင်ကြီးမြို့၏ အစဉ်အလာကြီးမားသော ပွဲတော်တစ်ခုဖြစ်သော်လည်း လက်ရှိနိုင်ငံ၏ နိုင်ငံရေး၊ စစ်ရေးအခြေအနေများကြောင့် မြို့ခံလူထုမှ ကျင်းပလိုခြင်းမရှိသော်လည်း စစ်ကောင်စီမှ ဖိအားပေးကျင်းပခဲ့ခြင်းဖြစ်သည်။

အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...