နိုင်ငံတော်ကို အမျိုးသားပြည်ထောင် (၉) ပြည်ထောင်နှင့် အမျိုးသားများ ပြည်ထောင် (၃) ပြည်ထောင်ဖြင့် စတင်စုစည်းရန်။
- အမျိုးသားပြည်ထောင် အင်္ဂါရပ် လက္ခဏာမရှိသေးသော နယ်မြေများကို ကိုယ်ပိုင်အုပ်ချုပ်နယ်မြေ။ ဥပမာ (ပအိုဝ်း၊ ပလောင်၊ နာဂ၊ဓနု လူမျိုးနယ်မြေများဖြစ်သည်။)
- ကိုယ်ပိုင်အုပ်ချုပ်ရေး မရှိသေးသော နယ်မြေများကို ဥပမာ- ( ကယန်းလူမျိုး၊ ဆလုံလူမျိုး စသည်တို့ဖြစ်သည်။)
- အမျိုးသားနယ်မြေ မပြည့်စုံသေးသော နယ်မြေများကို ဥပမာ-(မြန်မာလူမျိုး ရခိုင်ပြည်တွင် ရွာပေါင်း ၂၀-၃၀ စုစည်းနေထိုင်ခြင်း၊ မွန်လူမျိုး ကချင်ပြည်နယ်တွင် ရွာပေါင်း ၂၀-၃၀ စုစည်းနေထိုင်ခြင်း၊ ကရင်လူမျိုး ရွာပေါင်း ၂၀-၃၀ ရှမ်းပြည်နယ်တွင် စုစည်းနေထိုင်ခြင်း စသောလူမျိုးစုများအတွက် ဒေသန္တရအုပ်ချုပ်ရေး (Local Government) နယ်မြေအဖြင့် သတ်မှတ်ရန်။
- ပြည်ထောင်စု မြို့တော်ကို ရန်ကုန်တိုင်းမြို့နယ် အချို့ကို သတ်မှတ်ရန်၊ မြို့နယ်အချို့ကို ဧရာဝတီတိုင်း ပဲခူးတိုင်းထဲတွင် သတ်မှတ်ရန် ဖြစ်သည်။
- ပြည်ထောင်စုနယ်မြေများကို မြို့တော် မဟာရန်ကုန်၊ ကိုကိုးကျွန်းစု၊ ကြပ်ပြေး နေပြည်တော်နယ်မြေအချို့နှင့် လိုအပ်သလို သတ်မှတ်ရန်။
- မဟာရန်ကုန်ပြည်သူအတွက် ပြည်ထောင်တစ်ခုကဲ့သို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဉီးရေကို သင့်သလို သတ်မှတ်ရမည်။
နိုင်ငံတော်ကို ပြည်ထောင်များမှ ဒေသန္တရ အုပ်ချုပ်ရေးအထိ လူမျိုးကြီး လတ် ငယ် အဆင့်အတန်း အရ လိုအပ်သောအုပ်ချုပ်ရေး အဆင့်အတန်းကို ချမှတ်ပေးပါက လူမျိုးကြီး လူမျိုးလတ် လူမျိုးငယ် ဖိနှိပ်ချုပ်ချယ်ခြင်း နည်းမျိုးစုံကင်းရှင်းပြီး ကျဥ်းမြောင်းသည့် လူမျိုးဝါဒလည်း ကင်းရှင်းကာ တိုင်းရင်းသားများ ကြီးငယ်အားလုံး ပြည်ထောင်စု ပင်လုံစိတ်ဓာတ် သွေးစည်းညီညွတ်ပြီး ငြိမ်းချမ်းသာယာဝပြောသည့် ပြည်ထောင်စု နိုင်ငံတော်ကြီးသည် ကမ္ဘာ့နိုင်ငံတကာ အလည်မှာ ထယ်ဝါဝင့်ကြွားစွာ တည်တံ့ခိုင်မြဲစွာပေါ်ထွန်းလာပေမည် ဖြစ်ပေသတည်း။
နွေဉီးတော်လှန်ရေး အိမ်မက်ဉယျောဇဉ်လုပ်ငန်း အကောင်အထည်ဖော်ရန်-
၁။ ဖိုရမ်များ ( ၃ ) ခုသတ်မှတ်ပြီး ခေါင်းဆောင်များနှင့် သွားရောက်တွေ့ဆုံ ဆွေးနွေးပြီး သဘောထားများ စုစည်းသွားရန်ဖြစ်ပြီး၊
၂။ မျက်နှာစုံညီ အစည်းအဝေးကျင်းပပြီး သဘောတူဆုံးဖြတ်ချက်များ ပေါ်ပေါက်သွားမည်ဖြစ်သည်။
ဖိုရမ် အမှတ် (၁) – ကရင်ပြည် ၊ ကရင်နီပြည်၊ မွန်ပြည်၊ ပဲခူးတိုင်း၊ တနင်္သါရီတိုင်းတို့ ဖြစ်သည်။
ဖိုရမ် အမှတ် (၂)- ရှမ်းပြည်၊ မန္တလေးတိုင်း၊ ကချင်ပြည်၊ စစ်ကိုင်းတိုင်းတို့ ဖြစ်သည်။
ဖိုရမ် အမှတ် (၃) – ရခိုင်ပြည်၊ ချင်းပြည်၊ မကွေးတိုင်းနှင့် ဧရာဝတီတိုင်းတို့ ဖြစ်သည်။
၃။ ဖိုရမ်ပြီးဆုံးပါက အားလုံးပါဝင်သော မျက်နှာစုံညီ Seminar ကြီး ကျင်းပပြီး သဘောထား ရယူမည်ဖြစ်သည်။
ခွန်းမတ်ရ်ကိုဘန်း (ခ) ဖူးဘန်း၁၉၉၀ ခု ပြည်သူလွှတ်တော်ကိုယ်စားလှယ်၊ ဖယ်ခုံမြို့နယ် ကယန်းအမျိုးသားပါတီ။
၁၉၉၀ MPU ဒုဥက္ကဌ။
NCGUB – ဖက်ဒရယ်နှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးဟောင်း။
PSSF ဖြစ်မြောက်ရေး ကော်မတီခေါင်းဆောင်။








Leave a Comments