တိုက်ပွဲ

ဖယ်ခုံမြို့နယ် တိုက်ပွဲကြား ကျေးရွာ ၁၃ ရွာမှ ပြည်သူ (၈၀၀၀) ကျော် ထွက်ပြေးနေရ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် တိုက်ပွဲဆက်လက် ပြင်းထန်နေမှုကြောင့် ကျေးရွာ ၁၃ ရွာမှ ဒေသခံ ထောင်နှင့်ချီသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဇွန်လ ၂ ရက်) မှစ၍ စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်ဖွဲ့က ဖယ်ခုံအရှေ့ခြမ်း ကျေးရွာများအထိ ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် တော်လှန်ရေးတပ်ပေါင်းစုများနှင့်...

နောင်ချို ပြန်ရရန် စစ်ကောင်စီတပ်က ဘက်ပေါင်းစုံ ထိုးစစ်ဆင်နေ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ရန် အဘက်ဘက်မှ ထိုးစစ်ဆင်နေမှုကြောင့် ဒေသခံများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီတပ်သည် နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်ရန်အတွက် အပြင်းအထန် ထိုးစစ်ဆင်နေပြီး ကံကြီးကျေးရွာအထိ စစ်ကောင်စီတပ်သားများ နေရာယူလာသဖြင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံအမျိုးသမီး တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။  စစ်ကောင်စီတပ်သားများ ရောက်ရှိနေသည့် ကံကြီးကျေးရွာသည်...

စစ်ကောင်စီက မိုးဗြဲမြို့ နှင့် ဖယ်ခုံတစ်ကြောပြန်လည်ထိန်ချုပ်နိုင်ရန် အပြင်းအထန်ကြိုးစား

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ကို စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် မြေပြင်စစ်အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ ၅ လကျော်ကြာပြီဖြစ်ကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO အင်အားတို့သည် မိုးဗြဲမြို့ နှင့် ဖယ်ခုံမြို့ တစ်ကြောကို ပြန်လည်ထိန်းချုပ်နိုင်ရန် ပြီးခဲ့သည့် ၂၀၂၅ နှစ်ဆန်းပိုင်းမှစ၍ မြေပြင်ထိုးစစ်ဆင်မှုအပြင် ဝေဟင်လေကြောင်း တိုက်ခိုက်မှုများလည်း...

သျှမ်းပြည်အရှေ့ပိုင်း စစ်ကောင်စီတပ်သားများအတွက် စစ်ထောက်ပံ့ကြေးများ ကောက်ခံနေ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ကျိုင်းတုံမြို့တို့တွင် စစ်ကောင်စီတပ်သားများအတွက် လစဉ် စစ်ထောက်ပံ့ကြေးများ ထည့်ပေးရန် ကောက်ခံနေကြောင်း သတင်းရရှိသည်။ ယခုနှစ်ဆန်းပိုင်း ၂၀၂၅ ဇန်နဝါရီလမှ စတင်၍ တာချီလိတ်မြို့ပေါ် ရပ်ကွက်များတွင် တစ်လလျှင် ထိုင်းဘတ်ငွေ ၃၀၀ မှ ၅၀၀ အထိ စစ်ကောင်စီအတွက် စစ်ထောက်ပံ့ကြေး ထည့်ပေးနေရပြီး ဒေသခံများအတွက်...

ကျောက်မဲရောက် နောင်ချိုစစ်ဘေးရှောင် (၁၀၀၀) ကျော်အတွက် စားနပ်ရိက္ခာ အရေးတကြီးလိုအပ်

သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်လာသော နောင်ချိုမြို့နယ်မှ စစ်ဘေးရှောင် (၁၀၀၀) ကျော်အတွက် စားနပ်ရိက္ခာ အကူအညီများ အရေးတကြီး လိုအပ်နေကြောင်း စုံစမ်းသိရသည်။ ဧပြီလနှောင်းပိုင်းမှ စတင်ပြီး နောင်ချိုမြို့နယ် တောင်းခမ်းဒေသ၌ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ပူးပေါင်းတပ်များ ထိန်းချုပ်နိုင်ခဲ့သည့် ကျေးရွာများကို စစ်ကောင်စီတပ်မှ...

SSPP နှင့် MNDAA တို့ နယ်မြေပြဿနာ တိုက်ပွဲဆက်တိုက်ဖြစ်

သျှမ်းပြည် လားရှိုးမြို့နယ်နှင့် သီပေါမြို့နယ်များတွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့သည် နယ်မြေပြဿနာ အငြင်းပွားမှုကြောင့် တိုက်ပွဲဆက်တိုက် ဖြစ်ပွားလာကြောင်း သတင်းရရှိသည်။ ယခုနှစ်ဦးပိုင်း ၂၀၂၅ ဇန်နဝါရီလမှ စတင်ပြီး စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့်...

ဖားကန့်၌ စက်ယန္တရားများ စစ်ကောင်စီတပ် မီးထပ်ရှို့၊ ဗျူဟာကုန်းသို့လာသည့် စစ်ရဟတ်ယာဉ် ပစ်ခတ်ခံရ

ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာအနီး၊ တစ်သုံးလုံး ကျောက်စိမ်း ကုမ္ပဏီဝင်း အတွင်းရှိ မြေသယ်ကားနှင့် စက်ယန္တရားများကို ယနေ့ (ဇွန်လ ၃ ရက်) နံနက် ၈ နာရီကျော်က စစ်ကောင်စီတပ် ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။ ယနေ့ မီးရှို့ခံရသည့် ကုမ္ပဏီသည်...

စစ်ကောင်စီ ထိုးစစ်ကြောင့် ညောင်ရွှေမြို့နယ် IPDF ထိန်းချုပ်နယ်မြေအချို့ လက်လွတ်ရ

စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တို့က မြေပြင်စစ်အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေ၍ ညောင်ရွှေမြို့နယ်က အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF ထိန်းချုပ်နယ်မြေအချို့ လက်လွတ်လိုက်ရကြောင်း သတင်းရရှိသည်။ စစ်ကောင်စီနှင့် PNO အင်အား ၁၀၀၀ ခန့်ပါဝင်သည့် ထိုစစ်ကြောင်းသည် ဇွန်လ ၂ ရက်နေ့ကတည်းက ညောင်ရွှေမြို့နယ် ဘုရားတောင်ကျေးရွာနှင့် ရေပူကျေးရွာသို့ စစ်ကြောင်းထားလာသည့်အတွက်...

လားရှိုး တိုက်ပွဲအတွင်း MNDAA တပ်သား ၈ ဦးကျဆုံးဟု SSPP ပြော၊ တစ်ရက်တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့

သျှမ်းပြည် လားရှိုးမြို့နယ်တွင် SSPP/SSA နှင့် MNDAA တို့အကြား တစ်ရက်တည်း ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး MNDAA တပ်သား ၈ ဦး ကျဆုံးကြောင်း SSPP ဘက်မှ ထုတ်ပြန်ခဲ့သည်။ ယမန်နေ့ (ဇွန်လ ၁ ရက်) နေ့လယ် ၂ နာရီကျော်မှ စတင်ပြီး...

လားရှိုးမြို့နယ်အတွင်း SSPP နှင့် MNDAA အကြား တစ်လကြာပြီးနောက် တိုက်ပွဲပြန်ဖြစ်

သျှမ်းပြည် လားရှိုးမြို့နယ်အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၁ ရက်) နေ့လယ် ၂ နာရီကျော်အချိန်တွင် လားရှိုးမြို့နယ် ဟန်နားကျေးရွာအုပ်စု နမ့်လုတ်ရွာအနီးတွင် သျှမ်းတပ် SSPP/SSA နှင့် ကိုးကန့်တပ်ဖွဲ့...

Latest news