သျှမ်း-ကရင်နီ နယ်စပ်တကြော မြေပြင် ၃ နေရာ တိုက်ပွဲပြင်းထန်နေ

သျှမ်း-ကရင်နီ နယ်စပ်တကြောကို စစ်ကောင်စီတပ် နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ စစ်အင်အား အလုံးအရင်းဖြည့်တင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းကြောင့် တိုက်ပွဲများပြင်းထန်နေကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဇွန်လ ၂၄ ရက်) မိုးဗြဲမြို့ နှင့် ဖယ်ခုံမြို့နယ်ရှိ ဆောင်းနန်းခဲကျေးရွာ-နန်းတုန်ကျေးရွာ နှင့် ကုန်းသာကျေးရွာတို့တွင် စစ်ကြောင်းထိုးတိုက်ခိုက်နေသည့် စစ်ကောင်စီ ၊ပအိုဝ်းပြည်သူ့စစ် PNOပူပေါင်းတပ်ဖွဲ့ နှင့် တော်လှန်‌‌ရေးတပ်ပေါင်းစုတို့ သည် မြေပြင် ၃ နေရာတွင် စစ်ရေး ပြင်းထန်နေကြောင်း စစ်ရေးသတင်း အရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကောင်စီ နဲ့ PNO တို့က ဖယ်ခုံရှေ့ဘက်ကမ်းကို ထိုးဖောက်ချင်တာမျိုးပါ။ အခုက ဒီနေ့ (ဇွန်လ ၂၄ ရက်)တိုက်ပွဲတွေဖြစ်နေတာပါ။ကုန်းသာကနေတကြောင်း၊ မိုးဗြဲကနေတကြောင်း၊ နန်းတုန်-ဆောင်နန်းခဲတကြောင်း၊ စစ်ကြောင်းတွေထိုးပြီး တိုက်ပွဲ ၃ နေရာဖြစ်နေပါတယ်။”ဟု စစ်ရေးသတင်း အရင်းမြစ်တစ်ဦးက ပြောသည်။

ဆက်လက်၍ ယနေ့ ( ဇွန်လ ၂၄ ရက် ) ဖယ်ခုံမြို့ အရှေ့ဘက်ခြမ်း ဆောင်နန်းခဲကျေးရွာကို စစ်ကောင်စီ နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့က သာလွန်အင်အားဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အတွက် တော်လှန်ရေးတပ်ပေါင်းစုတို့ နှင့် တိုက်ပွဲများပြင်းထန်နေခဲ့ပြီး စစ်ကောင်စီမှ လေကြောင်းဖြင့်ပါ ဗုံးကြဲတိုက်ခိုက်နေကြောင်း ၎င်းစစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

“သူတို့ စစ်အင်အားတွေကို အတိအကျတော့မသိနိုင်ပေမယ့် အင်အားများတာတော့သေချာပါတယ်။ ဆောင်းနန်းခဲမှာ မနေ့(ဇွန်လ ၂၃ရက်)ညကနေစပြီး ကြီးကြီးကျယ်ကျယ်တိုက်ပွဲတွေဖြစ်နေတာပါ။ ဒီနေ့ လေကြောင်းဗုံးကြဲသွားတာကတော့ ၂ ကြိမ်ရှိပါပြီ။ ဖယ်ခုံ ခမရ ၃၃၆ ကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ကူနေတာပါ”ဟု စစ်ရေးသတင်း အရင်းမြစ်တစ်ဦးကပြောသည်။

စစ်ကောင်စီ နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့က ဖယ်ခုံမြို့ အရှေ့ဘက်ခြမ်း ဆောင်နန်းခဲကျေးရွာကို ယမန်နေ့ ( ဇွန်လ ၂၃ ရက် ) တွင်စစ်အင်းအားဖြည့်တင်းခဲ့ပြီး စတင်စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO အင်အားတို့သည် မိုးဗြဲမြို့ နှင့် ဖယ်ခုံမြို့ တစ်ကြောကို ပြန်လည်ထိန်းချုပ်နိုင်ရန် ပြီးခဲ့သည့် ယခုနှစ်ဆန်းပိုင်းမှစ၍ မြေပြင်ထိုးစစ်ဆင်မှုအပြင် ဝေဟင်လေကြောင်း တိုက်ခိုက်မှုများလည်း ပြုလုပ်နေလျက်ရှိသည်။

တော်လှန်ရေးတပ်ဖွဲ့များတို့ (၁) နှစ်ကျော်ကြာ ထိန်းချုပ်ထားသည့် မိုးဗြဲမြို့ကို ပြန်လည်ရယူရန် စစ်ကောင်စီက ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှစ၍ စစ်ကြောင်းများ ထိုးနေသော်လည်း လက်ရှိမချိန်ထိ ပြန်လည်ထိန်းချုပ်နိုင်ခြင်းမရှိပေ။

ပြီးခဲ့သည့် (ဇွန်လ ၂ ရက်) မှစ၍ စစ်ကောင်စီတပ် ၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်ဖွဲ့နှင့် တော်လှန်ရေး တပ်ပေါင်းစု တို့တိုက်ပွဲများကြောင့် ဖယ်ခုံအရှေ့ခြမ်းနေကျေးရွာ ၁၃ ခု နှင့် လူဦးရေ ၈၀၀၀ ကျော် ထွက်ပြေးနေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဖယ်ခုံမြို့နယ်အတွင်းရှိ နေအိမ်များကို စစ်တပ်က ထပ်မံမီးရှို့

0
သျှမ်း-ကရင်နီ(ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်က ကျန်ရှိသည့် နေအိမ်များကို ထပ်မံမီးရှို့ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် “၁၁၁၁”စစ်ဆင်ရေးတွင် စစ်တပ်က မိုးဗြဲနှင့် ဖယ်ခုံမြို့နယ် ကျေးရွာအများစုကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင်...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

မိုးမိတ်မြို့အနီး ၂ ရက်ဆက် တိုက်ပွဲပြန်ဖြစ်၊ စစ်ရေးဆက်လက်တင်းမာနေ

0
သျှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နင့် စစ်ကော်မရှင်တပ် တို့ အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး စစ်ရေး ဆက်လက်တင်းမာနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (ဩဂုတ်လ ၁၁ ရက်) မွန်းလွဲ ၁ နာရီခန့်မှစတင်ကာ မိုးမိတ်မြို့နှင့် ၂ မိုင်ခန့်အကွာရှိ ညောင်နီကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ယမန်နေ့(...