ကရင်နီတပ်များ တစ်နှစ်ကျော်ကြာ သိမ်းထားသည့် မိုးဗြဲမြို့ နေရာအချို့ကို စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်

ကရင်နီတော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်ရန် စစ်ကောင်စီတပ် အပြင်းအထန် ထိုးစစ်ဆင်ပြီးနောက် မိုးဗြဲမြို့လမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

ကရင်နီတော်လှန်ရေးတပ်များက ၂၀၂၃ နိုဝင်ဘာလအတွင်း ခြေမြန်တပ်ရင်း ( ခမရ) ၄၂၂ မှအပ မိုးဗြဲမြို့နှင့် မြို့ထဲရှိ စစ်တပ်စခန်းများကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

မိုးဗြဲမြို့မြောက်ဘက် ၂ မိုင်ခန့်အကွာ မိုးဗြဲဆည်ဘေးရှိ စစ်ကောင်စီ ၏ ခမရ (၄၂၂) တပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မိုးဗြဲမြို့ကို ဦးတည်၍ ၂၀၂၄ နှစ်ကုန်ပိုင်းမှ စစ်ကြောင်းထိုးနေရာ ကရင်နီတော်လှန်ရေးတပ်များက ခုခံတိုက်နေလျက်ရှိသည်။

ယမန်နေ့ ဇူလိုင် ၂ ရက်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်ပြီးနောက် မိုးဗြဲမြို့လမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တမြို့လုံးကြိးကို စစ်ကောင်စီဘက် ပြန်လည်ထိန်းချုပ်လိုက်တယ်လို့တော့ မဟုတ်ဘူး၊ လမ်းမကြီးကို ပြန်ရတာ။ တဖက်မှာ တော်လှန်ရေးတပ်ရှိနေသလို တစ်ဖက်မှာလည်း စစ်ကောင်စီဘက်က သာလွန်အင်အားနဲ့ စစ်ကြောင်းသုံးကြောင်းထိုးပြီး အသေခံတက်လာလို့ နည်းနည်းပြန်ဆုတ်ပေးလိုက်ရတာ” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

လက်ရှိ မိုးဗြဲမြို့ပေါ်၌ စစ်ကောင်စီတပ်များ အင်အားအဆမတန် ထိုးစစ်ဆင်ဝင်ရောက်လာသဖြင့် မိုးဗြဲမြို့အတွင်းရှိ အဓိကလမ်းမကြီးအား ပြည်သူများအနေဖြင့် လုံးဝဖြတ်သန်းသွားလာခြင်း မပြုကြရန် ကရင်နီတော်လှန်ရေးတပ်များက သတိပေးထုတ်ပြန်ထားသည်။

မိုးဗြဲမြို့ တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗဟိုပြန်ကြားရေးတာဝန်ခံ တာအယ်စိုးကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်တလောတွင် ပြန်လည်ဖြေကြားခြင်း မရှိပေ။

စစ်ကောင်စီတပ်သည် မိုးဗြဲမြို့ကို ပြန်လည်ရရှိရန်အတွက် ပအိုဝ်းပြည်သူ့စစ် PNO နှင့် ပူးပေါင်းကာ စစ်ကြောင်းထိုးနေလျက်ရှိသည်။

ထို့ပြင် စစ်ကောင်စီ အားကိုးအားထားပြုနေသော ပအိုဝ်းပြည်သူ့စစ် PNO သည် ရုရှားနည်းပြများဖြင့် ၅ လကြာ အထူးကွန်မန်ဒို သင်တန်းဆင်းပွဲကို ယခုနှစ်မေလက ပြုလုပ်ခဲ့ပြီးနောက် ဖယ်ခုံနှင့် ထိစပ်နေသော ညောင်ရွှေမြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့၌ လှုပ်ရှားခဲ့ပြီး ဖယ်ခုံမြို့နယ်အရှေ့ခြမ်းထိ စစ်ကောင်စီတပ်နှင့် ပူးပေါင်း၍ စစ်ကြောင်းထိုးနေသည်။

သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ် စစ်ကောင်စီ ထိုးစစ်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ မိုးဗြဲမြို့ပြည်သူ့ကာကွယ်ရေးတပ် (Mobye PDF)၊ ဒီမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် (DMO-PDF)၊ မြို့ပြတော်လှန်ရေးတပ်ဦး (URF) စသည့် မဟာမိတ်များက ပူးပေါင်းပါဝင်တိုက်ခိုက်နေကြသည်။

ကရင်နီ (ကယား) ပြည်အတွက် တံခါးပေါက်အဖြစ် အရေးပါသော မိုးဗြဲမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက “၁၁၁၁ စစ်ဆင်ရေး” ကာလအတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သော်လည်း မြို့နှင့် ၂ မိုင်ခန့်သာဝေးသည့် ခမရ ၄၂၂ တပ်စခန်းတစ်ခုကို မသိမ်းပိုက်နိုင်ဘဲ ကျန်ရှိခဲ့သည်။

စစ်ကောင်စီသည် ကရင်နီ (ကယား) ပြည် လွိုင်ကော်မြို့၌ လာမည့်ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရန်နှင့် ထောက်ပို့ဆက်သွယ်ရေး လမ်းကြောင်းအတွက် အဓိကအရေးပါသော လွိုင်ကော်-မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

နေရပ်မပြန်နိုင်သေးသည့် လွိုင်ကော်စစ်ရှောင်များ စားဝတ်နေရေး အခက်ကြုံနေ

0
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့သို့ နေရပ်မပြန်နိုင်သေးသည့် ဒေသခံများ စားဝတ်နေရေးအခက်ခဲကြောင့် ရေရှည်ရှောင်တိမ်းရန် အခက်ခဲကြုံနေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ တွင်ဖြစ်ပွားခဲ့သော “၁၁၁၁”စစ်ဆင်ရေးကြောင့် လွိုင်ကော်မြို့ခံများ ထောင်နှင့်ချီထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြီ ၂၀၂၅ ခုနှစ်တွင် စစ်ရေးအခြေအနေ ငြိမ်သက်လာသဖြင့် မြို့ခံအချို့အပါအဝင် အစိုးရဝန်ထမ်းအချို့ နေရပ်ပြန်နေထိုင်ခဲ့ကြသည်။ သို့သော် လွိုင်ကော်မြို့ပေါ်ရှိ ငွေတောင်ရပ်ကွက်နှင့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...