ကရင်နီတော်လှန်ရေးတပ်များ
ကရင်နီတပ်များ တစ်နှစ်ကျော်ကြာ သိမ်းထားသည့် မိုးဗြဲမြို့ နေရာအချို့ကို စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်
ကရင်နီတော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်ရန် စစ်ကောင်စီတပ် အပြင်းအထန် ထိုးစစ်ဆင်ပြီးနောက် မိုးဗြဲမြို့လမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ ကရင်နီတော်လှန်ရေးတပ်များက ၂၀၂၃ နိုဝင်ဘာလအတွင်း ခြေမြန်တပ်ရင်း ( ခမရ) ၄၂၂ မှအပ မိုးဗြဲမြို့နှင့် မြို့ထဲရှိ စစ်တပ်စခန်းများကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ မိုးဗြဲမြို့မြောက်ဘက်...





