သျှမ်းတောင် စစ်ရေး ဆက်လက် ပြင်းထန်နေ 

သျှမ်းပြည် တောင်ပိုင်းတွင် စစ်ကောင်စီ၊ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးအင်းအားစုတို့ကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ် ၊ မိုးဗြဲမြို့ တို့တွင် ယခု ဇွန်လပထမပတ်မှ စတင်၍ စစ်ကောင်စီ နှင့် PNOတို့သည် စစ်အင်အားဖြည့် ထိုးစစ်ဆင်မှုကြောင့် ယမန်နေ့ (ဇွန်လ ၂၆ ရက်) အထိ တော်လှန်ရေးတပ်‌ပေါင်းစုတို့ နှင့်တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်းသိရသည်။

“ဒီဇွန်လ ၂၄ရက် နဲ့  ၂၆ရက် မှာတိုက်ပွဲတွေ ပိုပြင်းထန်နေတယ်။ အခြေအနေတွေက ဆိုးတယ်။ တိုက်ပွဲတွေကလည်း ဖြစ်နေကြတုန်း။ တိုက်ပွဲကတော့ ရွာနဲ့ နီးလာတယ်။ မနေ့ (ဇွန်လ ၂၆ )ရက်နေ့မှာလည်း တိုက်ပွဲဖြစ်နေတဲ့ နေရာတွေကို လက်နက်ကြီးတွေ ကျတယ်။”ဟု ဖယ်ခုံမြို့ဒေသခံအမျိုးသားတစ်ဦးက  ပြေသည်။

ဖယ်ခုံမြို့ အရှေ့ဘက်ကမ်းရှိ ဆောင်းနန်းခဲကျေးရွာတွင် တပ်စွဲနေသည့် PNO ကို တော်လှန်ရေး တပ်ဖွဲ့က ယမန်နေ့ (ဇွန်လ ၂၆ ရက်)တွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် PNO ဘက်မှ  ဗိုလ်ကြီး နောင့်စိုင်း သေဆုံးပြီး ၊တပ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ထိုကဲ့သို့ တိုက်ပွဲများပြင်းထန်နေသော်လည်း ဖယ်ခုံအရှေ့ဘက်ခြမ်းနေ အချို့ဒေသခံများသည် စိုက်ပျိုးချိန်ဖြစ်နေသည့်အတွက် တောတောင်အတွင်း နှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသည့် ကျေးရွားများတွင်ခိုလှုံနေကြသည်၊

တိုက်ပွဲများ ငြိမ်သည့်အချိန် နေရပ်ပြန်ပြီး စိုက်ပျိုးထားသည့် စိုက်ခင်းများကိုပြန်ကြည့် နိုင်ရန် ကျေးရွာအနီးတွင် နေထိုင်ပြီး၊ တိုက်ပွဲငြိမ်သည့်အချိန် အရဲစွန့်ပြီး လယ်ယာသွားကြည့်နေရကြောင်း  ဖယ်ခုံမြို့ ဒေသခံအမျိုးသာတစ်ဦးက ဆက်ပြောသည်။

“ကျနော်ကတော့ မပြောင်းရွှေ့ရသေးဘူး။ အချို့တွေကြတော့ တောတောင်တွေ မှာရှောင်နေကြတယ်။ တချို့ကြတော့ ရွာတွေထဲမှာဆက်နေပြီး တိုက်ပွဲအခြေနေနားထောင်နေကြတာ။ တချို့ကတော့ အခြေအနေကောင်းရင် ရွာကိုပြန်ကြပြီး စိုင်းခင်းတွေပြန်ကြည့်ကြမှာ စိုက်ပျိုးချိန်တွေဖြစ်နေကြတော့ ဘယ်သူမှမပြေချင်ဘူး”ဟု ၎င်းကပြောသည်။

တော်လှန်ရေးတပ်ဖွဲ့များ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ညနေခင်းပိုင်းတွင် ဆောင်းနန်းခဲကျေးရွာဘက်သို့ PNOကွန်မန်ဒိုစစ်သားများ ထပ်မံအင်အားဖြည့်တင်းမှုများပြုလုပ်နေကြောင်း သိရသည်။  

အလားတူ ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်တွင် ဆီဆိုင်မြို့နယ် နောင်ဗိုကျေးရွာကို စစ်ကောင်စီနှင့် လက်အောက်ခံ PNO က တိုင်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် တစ်ဖက်သတ် ရမ်းသမ်း  ပစ်ခတ်ခဲ့ခြင်းကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) မှထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီတပ်နှင့် PNO အင်အားတို့သည် မိုးဗြဲမြို့ နှင့် ဖယ်ခုံမြို့ တစ်ကြောကို ပြန်လည်ထိန်းချုပ်နိုင်ရန် ပြီးခဲ့သည့် ယခုနှစ်ဆန်းပိုင်းမှစ၍မြေပြင်ထိုးစစ်ဆင်မှုအပြင် ဝေဟင်လေကြောင်း တိုက်ခိုက်မှု လက်နက်ကြီးရမ်းသက်ပစ်ခတ်မှုအပြင် ပြည်သူ့နေအိမ်ကို မီးရှို့ဖျက်ဆီးခြင်းပြုလုပ်ခဲ့သည်။

တော်လှန်ရေးတပ်ဖွဲ့များ (၁) နှစ်ကျော်ကြာ ထိန်းချုပ်ထားသည့် မိုးဗြဲမြို့ကို ပြန်လည်ရယူရန် စစ်ကောင်စီက ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှစ၍စစ်ကြောင်းများ ထိုးနေသော်လည်း လက်ရှိမချိန်ထိ ပြန်လည်ထိန်းချုပ်နိုင်ခြင်းမရှိပေ။

နှစ်ဘက်တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် ဖယ်ခုံမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာ ၁၃ ရွာမှ ဒေသခံ ၈ ထောင်ကျော်သည် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...