ညောင်ရွှေမြို့နယ်ရောက် စစ်ရှောင် ၁၇၀၀ ကျော် ကျန်းမာရေးအကူအညီလိုအပ်

သျှမ်းပြည် ညောင်ရွှေမြို့နယ်အတွင်း ရောက်ရှိနေသည့် စစ်ဘေးရှောင် (၁၇၀၀) ကျော်အတွက် ကျန်းမာရေး စောင့်ရှောက်မှု အကူအညီများလိုအပ်နေကြောင်း သတင်းရရှိသည်။

ဇွန်လ ပထမပတ်မှစ၍ ဖယ်ခုံမြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သဖြင့် ဒေသခံ (၁၇၀၀)ကျော် သည် ညောင်ရွှေမြို့နယ်သို့ လာရောက်ရှောင်နေရသည်။

ထိုစစ်ဘေးရှောင်ထဲမှ အမျိုးသမီး ၊ကလေးငယ် နှင့် အသက်ကြီးသည့်သူ ဦးရေ ပိုများကြောင်း သိရသည်။

“မိုးရာသီဆိုတော့ တချို့အတွက် နေရာထိုင်ခင်းက အမိုးအကာတွေမပြည့်စုံတော့ လုံခြုံမှုမရှိဘူး။ ခြင်ထောင်တွေ သိပ်မပါလာတော့ ခြင်တွေကလည်းပေါ ကလေးတွေဖျားနာ နေကြတာ၊ ပြီးတော့ အမျိုးသမီးတွေအတွက် လစဉ်သုံးပစ္စည်းတွေလိုအပ်တယ်။နေမကောင်းလည်း ကိုယ့်ဟာကို ဒီတိုင်းဆေးဆိုင်မှာ ဆေးပဲဝယ်သောက်ရတာ ဆရာဝန်တို့ ဆရာမတို့ကလည်းလာ ကြည့်ပေးတာမျိုးမရှိဘူး။”ဟု ဖယ်ခုံမြို့နယ် စစ်ဘေးရှောင်အမျိုးသားတစ်ဦက ပြောသည်။

ထိုအပြင် မှော်ဘီကျေးရွာတွင် ရောက်ရှိနေသည့် စစ်ရှောင်များအတွက် ဆေးရုံ၊ဆေးခန်းများသည် ဝေးနေသည့်အတွက် မွေးလူနာ၊ အရေးပေါ်လူနာများကို ဆေးရုံးသွားရန်လိုအပ်ပါက ညောင်ရွှေမြို့နယ် နမ့်ပန်ကျေးရွာ၊ တောင်ကြီးမြို့ အထိ သွားရသည့်အတွက် အခက်အခဲများကိုလည်း ကြုံတွေ့ ကြရကြောင်း ဖယ်ခုံမြိုနယ် စစ်ဘေးရှောင် အမျိုးသားတစ်ဦးကပြောသည်။

ပုံစာ – ဇူလိုင်လ တတိယပတ် ညောင်ရွှေမြို့နယ်ရောက် ဖယ်ခုံစစ်ဘေးရှောင်ပုံများ (Photo Credit to Owner)

“တချို့ကိုယ်ဝန်းဆောင်တွေအတွက်ကလည်း နမ့်ပန် ဆေးရုံသွား မဟုတ်ရင် တောင်ကြီးသွားဖို့ပဲရှိတာ။ ပြီးတော့ ဂိတ်တွေမှာလည်း စစ်ရှောင်ဆိုရင် အရမ်းစစ်တယ် အဆင်မပြေဘူး။ စိတ်ပူနေရတာ။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ ကျန်းမာရေးချို့တဲ့နေတဲ့လူတွေလည်း များတယ်။ အကူညီတွေကလည်း ဒေသခံဆီကလောက်ပဲရှိတယ်။”ဟု ၎င်းကဆက်ပြောသည်။

ညောင်ရွှေမြို့နယ် မှော်ဘီကျေးရွာလာရောက်စစ်ဘေးရှောင်နေသည့် ဖယ်ခုံစစ်ဘေးရှောင် ၁၇၀၀ ကျော်ရှိနေပြီ နေရာထိုင်ခင်းအတွက် အကူအညီများ၊စားနပ်ရိက္ခာများ နှင့် ကလေး၊အမျိုးသမီးများ အတွက် ကျန်းမာရေး အစောက်ရှောက် အကူအညီများ ဆက်လက်လိုအပ်နေကြောင်း ဖယ်ခုံမြို့နယ် စစ်ဘေးရှောင် အမျိုးသားတစ်ဦးကပြောသည်။

ဖယ်ခုံမြို့နယ် အရှေ့ဘက်ခြမ်းတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေမှုကြောင့် ကျေးရွာ ၁၃ ရွာမှ ဒေသခံ (၈၀၀၀) ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်ကြကြောင်း စစ်ဘေးရှောင်များက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...

ဖယ်ခုံမြို့နယ် ပြည်သူပိုင်ပစ္စည်းများ စစ်ကော်မရှင်တပ် သယ်ယူနေ

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ရွာအတွင်းဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို ကားများဖြင့် သယ်ယူနေကြောင်း သတင်းရရှိသည်။ ယခု ဇွန်လ တတိယပတ် အတွင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များက ရွာအတွင်း ဝင်ရောက်ပြီး ပြည်သူပိုင်...