နေရပ်ပြန်သည့် ပင်လောင်း/ ဆောင်းပြောင်းဒေသခံများ တိုက်ပွဲသံကြောင့် ထပ်မံတိမ်းရှောင်နေရ

သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ စစ်ရှောင်ရာမှ ပြန်လာသည့် ဒေသခံများ တိုက်ပွဲသံကြောင့် ရွာထဲမနေဝံ့ဘဲ ထပ်မံရှောင်တိမ်းနေကြရသည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။

ယနေ့ (ဇွန်လ ၂၀ ရက်) တွင် ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာတွင် စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ် ပူးပေါင်းတပ်နှင့် တော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲဖြစ်ပွားနေကြောင်း၊ နန်းနိမ့် ကျေးရွာနှင့် ဆောင်းပြောင်းရွာသည် ၅ မိုင်ခန့်သာ ကွာဝေးသောကြောင့် နေရပ်သို့ ပြန်လာသည့် စစ်ရှောင်များ ထပ်မံရှောင်တိမ်းနေကြသည်ဟု နေရပ်ပြန် အမျိုးသားတစ်ဦးက ပြောသည်။

“ဒီလတော့ စစ်ရှောင်တွေ ပြန်ကြတယ်၊ မီးမလောင်တဲ့ အိမ်တွေတော့ ပစ္စည်းတွေပြန်ယူပြီးတော့ ထပ်ပြီး စစ်ရှောင်ကုန်ကြပြီ။ တချို့ကလည်း ရွာမှာနေကြတာ။ နန်းနိမ့်နဲ့ တောင်မဲသင်းဘက်မှာ တိုက်ပွဲဖြစ်တော့ ဒီဘက်လည်း ဖြစ်မှာကြောက်လို့ ထပ်ရှောင်ကြတာ။ နေရပ်ပြန်တယ် ဆိုပေမယ့် ပစ္စည်း ပြန်သယ်ကြတာ၊ ရှိတာလေး အကုန်ပါသွားမှာစိုးလို့” ဟု နေရပ်ပြန် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ရှောင်များ နေရပ်ပြန်သွားကြသော်လည်း PNO ပြည်သူ့စစ်မှ စိုက်ပျိုးရေးလုပ်ခွင့်မပေးဘဲ နေအိမ်တွင်သာ နေထိုင်ခိုင်းကြောင်း၊ အခြားရပ်ရွာဒေသတွင် စစ်ရှောင်ရသည်မှာလည်း ရေရှည်တွင် နေထိုင်စားသောက်ရေး အဆင်မပြေသောကြောင့် ပြန်လာကြခြင်းဖြစ်ကြောင်း စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

ဆောင်းပြောင်းကျေးရွာတွင် အိမ်ခြေ (၆၀၀)ကျော်၊ လူဉီးရေ (၂၀၀၀) ကျော်ရှိပြီး အများစုမှာ နီးစပ်ရာ တောတောင်တွင် တဲထိုးကာ ပုန်းခိုနေထိုင်နေကြသည်။ ထို့အပြင် စံကား၊ မှော်ဘီ၊ ပင်ခွန်၊ နန်းထာ၊ ဝါးလီး ကျေးရွာဘက်တွင် တိမ်းရှောင်သူများရှိသကဲ့သို့ ပင်လောင်းမြို့နှင့် တောင်ကြီးမြို့ပေါ်လည်း တိမ်းရှောင်ကြသည်။

ပစ္စည်း ပြန်သယ်သည့် ဒေသခံများနေအိမ်တွင် စားနပ်ရိက္ခာနှင့် တန်ဖိုးကြီး ပစ္စည်းများ မတွေ့တော့ဘဲ ကျန်ရှိသည့် ပစ္စည်များကိုသာ ထုတ်ပိုးသယ်လာရသည်ဟု ၎င်းအမျိုးသမီးက ဆက်ပြောသည်။

“သူများဒေသမှာ စစ်ရှောင်ရတော့ နေဖို့ စားဖို့ အရမ်းခက်တာ။ ရေရှည်ဆိုတော့ ဘယ်သူမှ မနေချင်ကြဘူးလေ၊ ကိုယ့်ရပ် ကိုယ့်ရွာပဲ ပြန်ချင်ကြတာ။ တချို့ကတော့ ရွာပြန်ကြပြီ၊ ဒါပေမယ့် ဘာစိုက်ပျိုးရေးမှ မလုပ်ခိုင်းဘူး။ အများစု ပြန်တာကတော့ အမျိုးသားတွေပဲ ပြန်တာ၊ တချို့ အမျိုးသမီးတွေက မလုံခြုံလို့ မပြန်ဘူး” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

ထို့အပြင် ဆောင်းပြောင်းရွာထဲ၌ စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်တို့ တပ်စွဲထားပြီး နေရပ်ပြန်လာသည့် ဆောင်းပြောင်းရွာသား အချို့ကို လက်နက်ပေး၍ ကင်းစောင့်ခိုင်းထားကြောင်း အဆိုပါ အမျိုးသမီးက ဆက်ပြောသည်။

ပြီးခဲ့သည့် မေလ (၁၇)ရက်နေ့မှ စ၍ ဆောင်းပြောင်းကျေးရွာတွင် စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ် ပူးပေါင်းတပ်နှင့် တော်လှန်ရေး တပ်ပေါင်းစု PDF တို့ တစ်လခန့်ကြာ တိုက်ပွဲဖြစ်ပွား နေသည်။
အဆိုပါ တိုက်ပွဲကြောင့် ဆောင်းပြောင်းကျေးရွာအတွင်း နေအိမ် (၂၀၀) ကျော် ထိခိုက်ပျက်စီးခဲ့ပြီး PNO ပြည်သူ့စစ်များက ပြည်သူပိုင်ပစ္စည်းဖြစ်သည့် လယ်ထွန်စက်၊ ဆိုင်ကယ် စသည့် ပစ္စည်းများကို ယူဆောင်သွားပြီး မြို့ပေါ်တွင် ပြန်လည်ရောင်းချနေသည်ဟု ဒေသခံများထံမှ သိရသည်။

ဆောင်းပြောင်းကျေးရွာသည် သျှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့ အနောက်ဘက် (၁၁) မိုင်အကွာတွင် တည်ရှိပြီး စံကားအင်း၏ တောင်ဘက်တွင် ရှိသည့် ရွာကြီးတစ်ရွာ ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင်လည်း စစ်ကောင်စီ၊ PNO ပြည်သူ့စစ် နှင့် KNDF တော်လှန်ရေး တပ်ပေါင်းစုအကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် နောင်ဝိုး၊ လွယ်ကျိုင်း၊ ဟိုဝိုး၊ ဆောင်းပြောင်း၊ ဆော်လန်၊ နမ့်ဖာမူနှင့် ဝမ်မိုင်ကျေးရွာမှ ပြည်သူများ စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်း ခရမ်းချဉ်သီးစိုက်သူ အရှုံးပေါ်

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း ကျဆင်းမှုကြောင့် အရင်းအနှီးပြန်မရသည့်အထိ ဆုံးရှုံးမှုများ နေကြောင်း စုံစမ်းသိရသသည်။ မြန်မာနိုင်ငံအတွင်း နေ့စဉ်နှင့်အမျှ ကုန်ဈေးနှုန်းများ မြှင့်တက်လာသည့်အလျောက် ပင်လောင်းမြို့နယ်တွင် ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်မှ စပြီး ခရမ်းချဉ်သီးဈေးနှုန်း ဆက်တိုက်ကျဆင်းနေကြောင်း စိုက်ပျိုးရေးသမား ကိုချမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ပြီးခဲ့တဲ့ပတ်က တစ်ပိဿကို...

ပင်လောင်းဒေသခံများ PNO အတွက် နေ့စဉ်ထမင်းထုပ်ပို့နေရ

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ ကျေးရွာများတွင် ပအိုဝ်းပြည်သူ့စစ် PNO က ကျေးရွာများအတွက် လုံခြုံရေးယူပေးနေသည်ဟုဆိုကာ ဒေသခံများကို နေ့စဉ် ထမင်းထုပ်ပို့ဆောင်ခိုင်းကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ပင်လောင်းမြို့နယ် လုံးပျဉ်းကျေးရွာ၊ တောင်မဲသင်းကျေးရွာ နှင့် မြောက်စလုံးကျေးရွာတို့တွင် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က ကျေးရွာလုံခြုံရေးယူပေးနေသည်ဟုဆိုကာ...

ပင်လောင်းတွင် တောင်ကျရေ ရုတ်တရက်စီးဆင်းမှုကြောင့် စိုက်ခင်းများ ပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးကုန်ကြောင်း သတင်းရရှိသည်။ ယမန်နေ့ မေလ (၂၁)ရက်တွင် ပင်လောင်းမြို့နယ် အပါအဝင် သျှမ်းတောင်တွင် မိုးများရွာသွန်းခဲ့ပြီးနောက် နောင်ပီကျေးရွာတွင် တောင်ကျရေများ ရုတ်တရက်ကျဆင်းကာ ကော်ဖီထုတ်စိုက်ခင်း၊ ပြောင်းစိုက်ခင်းနှင့် ခရမ်းချဉ်စိုက်ခင်းများသို့ ရေဝင်လာသဖြင့် သီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံး သွားခဲ့ရသည်။ ထိုသို့ သဘာဝဘေးကြုံတွေ့မှုကြောင့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ဆောင်းပြောင်းတွင် လက်နက်ကြီးသံများကြောင့် ဒေသခံများ တိုက်ပွဲထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ နေ့စဉ်နီးပါး ကြားရသောကြောင့် ဒေသခံများ တိုက်ပွဲ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ဆောင်းပြောင်းကျေးရွာဘက်သို့ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တပ်သားများ အင်းအား ၃၀၀ ဝန်းကျင်ထပ်မံ ဖြည့်တင်းခဲ့ပြီးနောက်...