တိုက်ပွဲ
ဟိုပုံး စံဖူးကျေးရွာအနီး PNO အဖွဲ့နှင့် PNLAတို့ တိုက်ပွဲ ပြင်းထန်နေပြီး ဒေသခံများ ပိတ်မိနေ
SHAN -
သျှမ်းပြည် ဟိုပုံးမြို့နယ် စံဖူးကျေးရွာ အနီးတွင် ပအိုဝ်းအမျိုးသားတပ်မတော်/ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် (PNO/PNA) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တို့ အဖွဲ့ တိုက်ပွဲ ပြင်းထန်နေမှုကြောင့် ဒေသခံများ ပိတ်နေကြောင်း သတင်းရရှိသည်။ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသ စံဖူးကျေးရွာအနီးတွင် PNO/PNA နှင့်...
သီပေါမြို့နယ်အတွင်း ပျက်စီးသွားသည့်တံတားများ မပြုပြင်နိုင်သေး
သျှမ်းပြည် သီပေါမြို့နယ်ရှိ “၁၀၂၇ စစ်ဆင်ရေး”အတွင်း ဖျက်ဆီးခံခဲ့ရသည့် တံတားများကို ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ သီပေါမြို့နယ်အတွင်း နိုဝင်ဘာလ ၁၂ ရက်က ဗုံးခွဲဖျက်ဆီးခံခဲ့ရသည့် ကျောက်မဲ-သီပေါအကြားရှိ ကျင်သီတံတားနှင့် ဒီဇင်ဘာလ ၁ ရက်က စစ်ကောင်စီတပ်နှင့် TNLA တပ်ဖွဲ့တို့၏ နှစ်ဘက်တိုက်ပွဲအကြား အလုံးစုံဖျက်စီးခံခဲ့ရသည့် သီပေါ-လားရှိုးအကြားရှိ...
မိုးမိတ်မြို့ရှိ မြို့မစျေးဗုံးကြဲခံရပြီး မီးလောင်နေ
သျှမ်းပြည် မိုးမိတ်မြို့ရှိ မြို့မဈေးသည် ယနေ့ (ဇန်နဝါရီလ ၁၉ ရက်) ညပိုင်း ၈ နာရီဝန်းကျင်က ဗုံးကြဲခံရသောကြောင့် မီးလောင်နေကြောင်း ဒေသခံများ သတင်းပေးပို့ချက်အရသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၉ ရက်) ညပိုင်း ၈ နာရီဝန်းကျင်တွင် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA၊ PDF...
ကရင်နီပြည်သူများ နေရပ်ပြန် ပစ္စည်းယူလိုပါက KSP ထံ ထောက်ခံစာယူရန်လိုအပ်
သျှမ်းပြည်သို့ စစ်ဘေးတိမ်းရှောင်လာသော ကရင်နီပြည်ဒေသခံများ ပစ္စည်းပြန်ယူလိုပါက ကရင်နီပြည်ရဲဌာန KSP ထံထောက်ခံချက်တောင်းရန် လိုအပ်ကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်သို့ “၁၁.၁၁” စစ်ဆင်ရေးကြောင့် စစ်ဘေးတိမ်းရှောင်လာသော ကရင်နီပြည်ဒေသခံများ နေ့ရပ်သို့ ပစ္စည်းများပြန်ယူခြင်း၊စားနပ်ရိက္ခာ ပြန်သယ်ဆောင်သောလူများကို ကရင်နီပြည်ရဲဌာန KSPထံ ထောက်ချက် ယူရန်လိုအပ်ကြောင်း ကရင်နီလူ့အခွင့်အရေး အဖွဲ့ဒါရိုက်တာ ဦးဗညားခွန်အောင် က...
စစ်ကောင်စီတပ်ထံက သိမ်းဆည်းထားသည့် လက်နက်များ စနစ်တကျ ပြန်အသုံးချဖို့ ကိုးကန့်ခေါင်းဆောင် မှာကြား
SHAN -
သျှမ်းပြည် လောက်ကိုင်ဒေသ တိုက်ပွဲများ အတွင်း စစ်ကောင်စီတပ် စခန်းများမှ သိမ်းဆည်း ရမိထားသည့် လက်နက် ခဲယမ်းများကို စနစ်တကျ ပြန်အသုံးချရန် ကိုးကန့် ခေါင်းဆောင် မှာကြားနေသည့် ရုပ်သံကို ယနေ့ (ဇန်နဝါရီ ၁၈ ရက်) တွင်တရုတ် လူမှုကွန်ရက်များတွင် ဖော်ပြထားသည်။ လောက်ကိုင်ဒေသကို စိုးမိုးထားသည့်...
မူဆယ် ၁၀၅ မိုင် စစ်ရှောင်များကို ရက္ခိုင့်တပ်တော် ( AA) ဆန်ဝေ
သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီးရှိ စစ်ဘေးရှောင်များကို ကူညီပံ့ပိုးမှုအဖြစ် ရက္ခိုင့်တပ်တော် AA က ဆန်ဝေငှပေးခဲ့ကြောင်း သတင်းသိရသည်။ ဇန်နဝါရီလ ၁၆ ရက် နေ့လည် (၁)နာရီခွဲခန့်မှ စတင်၍ ညနေ (၆)နာရီခန့်အထိ မူဆယ်မြို့နယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုံ အနီးတဝိုက်ရှိ...
သျှမ်း-ကရင်နီနယ်စပ်တကြောရောက် စစ်ရှောင်များ နေထိုင်ရာအခက်ခဲဖြစ်
သျှမ်း- ကရင်နီပြည် နယ်စပ်တကြောမှ စစ်ဘေးတိမ်းရှောင်လာသူများ တိုးလာပြီး နေရာထိုင်ခင်း နှင့် စားဝတ်နေရေးအတွက်အခက်အခဲများကြုံတွေ့နေကြာင်း စုံစမ်းသိရသည်။ သျှမ်း -ကရင်နီပြည် နယ်စပ်တကြော တိုက်ပွဲများကြောင့် ဆီဆိုင်မြို့နယ် နှင့် ကျေးရွာအချို့တွင် စစ်ရှောင်လာသူ ၃၀၀ ထက်မနည်း တိုးလာပြီး နေရာထိုင်ခင်းနှင့် စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့ နေရကြောင်း...
စံကားအင်း ဒေသခံများကို စစ်ကောင်စီ နှင့် PNA စားသောက်စရာ အတင်းပို့ဆောင်ပေးခိုင်းနေ
သျှမ်းပြည် ညောင်ရွှေမြို့နယ်၊ စံကားအင်းဒေသ၌ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ပအိုဝ်းအမျိုးသားတပ်မတော် (PNA) တို့က ဒေသခံများကို ၎င်းတို့အတွက် စားသောက်စရာများ အတင်းပို့ဆောင်ခိုင်း နေကြောင်း စုံစမ်းသိရသည်။ ယင်းကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့၏ အတင်းခိုင်းစေမှုကြောင့် ဒေသခံများမှ ၎င်းတို့အတွက် စားသောက်စရာများ ပို့ဆောင် ပေးရသော်လည်း လုံခြုံရေး...
နမ့်ဖတ်ကာ တိုက်ပွဲ ၃ ပတ်အတွင်း အရပ်သား ၁၀ ဦးထက်မနည်း သေဆုံး
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတွင် စစ်ကောင်စီနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့၏ နှစ်ဘက်တိုက်ပွဲ ၃ ပတ်ကျော်အတွင်း အရပ်သား ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ နောက်ဆုံးပတ်မှ စတင်ပြီး ယနေ့ (ဇန်နဝါရီလ ၁၈ ရက်)အထိ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာအခြေစိုက် စစ်ကောင်စီတပ်...
မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်ရောက်တိုက်ခိုက်
သျှမ်းပြည် မိုးမိတ်မြို့ရှိ စစ်ကောင်စီ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်ဖွဲ့ ( KIA) နှင့် ပူးပေါင်းတပ်ဖွဲ့တို့ ယနေ့ (ဇန်နဝါရီလ ၁၈ ရက်) နံနက်အစောပိုင်း ၅ နာရီဝန်းကျင်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့၍ တိုက်ပွဲပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၈ ရက်) နံနက်အစောပိုင်း...






