Wednesday, January 28, 2026

ပင်လောင်းမြို့နယ် ဆောင်းပြောင်းဂိတ် စစ်ကောင်စီ ငွေအမြောက်အမြား ကောက်နေ

ပင်လောင်းမြို့နယ် ဆောင်းပြောင်းဂိတ်တွင် စစ်ကောင်စီက စစ်ဆေးရေး တင်းကြပ်နေပြီး ငွေကြေး အမြောက်အမြားတောင်းခံနေကြောင်း စုံစမ်းသိရသည်။

ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာစျေး

ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်သည် ဖြတ်သန်းသွားလာသော ပြည်သူများကို ယခုဇန်နဝါရီလ နောက်ဆုံးပတ်အတွင်းတွင် စစ်ဆေးမှုများ တင်ကြပ်နေပြီး၊ ငွေကြေးကောက်ခံ မှုများလည်း ပြုလုပ်နေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ဆောင်းပြောင်းဂိတ်က စစ်ကောင်စီတွေကိုလည်း ပေးရတာပဲ။ လွိုင်ကော်ထိ ပစ္စည်းတွေသွားတင်ရင် ၃ ဂိတ်ရှိတယ်။တစ်ဂိတ်ကို ၅သောင်းပေးရတယ်။”ဟု ကိုယ်တိုင်ကြုံတွေ့ရသည့်အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဆောင်းပြောင်း‌ဂိတ်ကို ည ၆ နာရီထိသာ ဖြတ်သန်းသွားလာခွင့်ပြုပြီး၊ နေ့စဥ်နှင့်အမျှ စစ်ဆေးမှု တင်းကြပ်နေကြောင်း ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

“စစ်တာကတော့ ရှိတယ်။ရှုပ်ရင် စစ်ဆေးတာကြမ်းတယ်။တခါတလေလည်းစစ်တယ် တခါတလေလည်း မစစ်ဘူး။ညတွေပေးမဖြတ်တာက “၁၁.၁၁”စတဲ့ နောက်မှာ ပေးမဖြတ်ဘူး။ပြီးတော့ ပိုပြီး စစ်ဆေးရေးတွေ တင်းကြပ်တယ်။” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ပင်လောင်းမြို့နယ် စစ်ရှောင်စခန်းများတွင် စစ်ရှောင်ဦးရေ ၃ သောင်းခန့်ရှိပြီး အများစုသည် သက်ကြီးရွယ်အို နှင့် ကလေးငယ် အများဆုံးဖြစ်သည်။

သျှမ်း-ကရင်နီတကြော “၁၁.၁၁ စစ်ဆင်ရေး”ကြောင့် ၂၀၂၃ နိုဝင်ဘာလ ၁၅ ရက်မှထွက်ပြေးလာပြီး၊ လက်ရှိတွင် သျှမ်းပြည် တောင်ပိုင်း ပင်လောင်း၊ ညောင်ရွှေ၊ အင်းလေးနှင့် ဆီဆိုင် ဒေသများတွင် ကရင်နီပြည်မှ အရေးပေါ် တိမ်းရှောင်လာပြီး ဘုန်းကြီးကျောင်းများနှင့် ဆွေမျိုးအိမ်များသို့ စစ်ဘေးရှောင်နေကြပြီး စားဝတ်နေရေး နှင့် အနွေးထည်များ လိုအပ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...