မဘိမ်းမြို့ကို KIA နှင့် မဟာမိတ် ပူးပေါင်းတပ်တို့က ထိန်းချုပ်ထား

သျှမ်းပြည် မဘိမ်းမြို့နယ်ကို ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက် ထိန်းချုပ်ထားကြောင်း စုံစမ်းသိရသည်။

ဇန်နဝါရီလ ၂၁ ရက်တွင် မဘိမ်းမြို့မှ ရဲစခန်းသည် လက်နက်ချ အညံ့ခံလိုက်သလို စစ်ကောင်စီ၏ လက်အောက်ခံ ကင်းတပ်စခန်း နှင့် စခန်းကုန်းကိုလည်း KIA နှင့် မဟာမိတ် ပူးပေါင်း တပ်ဖွဲ့တို့က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒေသအတွင်း သတင်းရင်းမြစ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တိုက်ပွဲဖြစ်တာက မနေ့တစ်နေ့ (ဇန်နဝါရီလ ၂၀) က စတာပေါ့။ KIA နဲ့ မဟာမိတ်တပ်တွေ စပြီး စစ်ကောင်စီ တပ်ကို တိုက်ခိုက်ခဲ့တာ၊ စစ်ကောင်စီကလည်း လေယာဥ်နဲ့ ဗုံးတွေကြဲချတယ်။ မြို့ထဲကနေ လက်နက်ကြီးနဲ့ လှမ်းပစ်တယ်။ ဒါပေမဲ့ မြေပြင်မှာ KIA က အသာစီးရနေတော့ မနေ့ကပွဲ တပ်တွေအကုန်ကျပြီး ရဲစခန်းလည်း လက်နက်ချ အညံ့ခံလိုက်တယ်” ဟု ဒေသအတွင်း သတင်းရင်းမြစ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အာဏာသိမ်း စစ်ကောင်စီ နှင့် KIA မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့၏ မဘိမ်းမြို့နယ်အတွင်း တိုက်ပွဲ ပြင်းထန်မှုကြောင့် အရပ်သားနေအိမ် အဆောက်အအုံများ ထိခိုက်ပျက်စီးမှု ရှိသည့် အပြင် အရပ်သား ထိခိုက်သေဆုံးမှုလည်း ရှိနေကြောင်း သိရသည်။

“စစ်ကောင်စီ ကျဆုံးမှုလည်း များတယ်။ ပြည်သူ ထိခိုက်သေဆုံးမှုလည်း ရှိတယ်။ စစ်ကောင်စီ လေယာဥ်နဲ့ ဗုံးကြဲလို့ နေအိမ် ၂ လုံး ထိတယ်။ ပြီးတော့ ဘယ်အဖွဲ့ကလက်နက်ကြီးလဲ မသိဘူး ၊ နောက်ထပ် အိမ်တစ်လုံးလည်း ပျက်စီးတယ်။ အခုတော့ တိုက်ပွဲငြိမ်ပြီး မြို့ကို KIA က ထိန်းချုပ်ထားတာ” ဟု အထက်ပါ သတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်ကို ဆက်ဆိုသည်။

မဘိမ်းမြို့ကို ကချင်လွတ်လပ်ရေး တပ်မတော် KIA မှ တိုက်ခိုက် သိမ်းပိုက်နိုင်ခြင်း နှင့် ပတ်သက်ပြီး တပ်ဖွဲ့၏ ပြောရေးဆိုခွင့် ဖြစ်သူ ဗိုလ်မှူးကြီး နော်ဘူက “မဘိမ်းမြို့ကို ကျနော်တို့ KIA တို့ AA တို့ PDF ၊ KPDF တွေ အားလုံးဝိုင်းပြီးမှ တိုက်တာ ရဲစခန်းရော နောက် သူတို့ စစ်တပ်စခန်းတွေရော အကုန်လုံး သိမ်းလို့ရပြီတဲ့။ အဲဒီလောက်ပဲကျနော်တို့ ကြားပါတယ်” ဟု မီဒီယာများကို ဖြေကြားထားသည်ကိုလည်း တွေ့ရသည်။

ထို့အပြင် KIA တပ်ဖွဲ့ အနေဖြင့် မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်နေလျက်ရှိသည့် အကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...