တိုက်ပွဲ
ဆီဆိုင်မြို့သို့ ပစ္စည်းသယ်ယူသည့် လူငယ် ၄ ဦး ပျောက်ဆုံးနေ
သျှမ်းပြည် ဆီဆိုင်မြို့သို့ ပစ္စည်းပြန်သယ်ယူသည့် လူငယ် ၄ ဦးသည် အဆက်အသွယ် ပြတ်တောက်ပြီး ပျောက်ဆုံးသွားသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။ ဖြစ်စဉ်မှာ ဆီဆိုင်မြို့တိုက်ပွဲကြောင့် ဘန်းယဉ်ကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်လာသည့် လူငယ် ၃ ဦးသည် စောင်နှင့်အဝတ်အထည်များ ပြန်ယူရန် နေအိမ်ရှိ ဆီဆိုင်မြို့သို့ ပြန်နေစဉ် (ဖေဖော်ဝါရီလ ၁၄...
၂မျည်းစောင်း မှတ်ပုံတင် ကိုင်ဆောင်သူများကို စစ်ကောင်စီ စစ်ဆေးမှုတင်းကြပ်
သျှမ်းပြည် ပင်လောင်းမြို့နယ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် ကရင်နီပြည်ဘက်မှ စစ်ရှောင်လာသည့်ပြည်သူများကို စစ်ဆေးမှု တင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ပင်လောင်းမြို့နယ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် ၂ မျဉ်စောင်း နိုင်ငံသားစိစစ်ရေး ကတ်ပြား (ကယားပြည်) ကိုင်ဆောင်သူ ပြည်သူများကို စစ်ဆေးမှု ပိုပြီးတင်းကြပ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့သည့် ကရင်နီဒေသခံအမျိုးသမီး တစ်ဦးက...
ကိုးကန့်ဒေသအတွင်း အလုပ်သမားခေါ်၊ ရန်သူ့သူလျှိုများပါလာရင် အရေးယူမည် MNDAA ထုတ်ပြန်
သျှမ်းပြည် ကိုးကန့် အထူးဒေသ(၁)အတွင်း အလုပ်သမားများပြန်လည်ခေါ်ဆိုနေသော်လည်း ထိုထဲတွင် ရန်သူ့သူလျှိုပါလာလျှင် ကုမ္ပဏီနှင့် အလုပ်ရှင်များကို အရေးယူသွားမည်ဟု MNDAA က ပြောဆိုလိုက်သည်။ စစ်ပွဲငြိမ်းစဲပြီးနောက် ဒေသပြန်လည်တည်ဆောက်ရေးတွင် အလုပ်သမားများနှင့် နည်းပညာရှင် အမြောက်အမြား လိုအပ်ကြောင်း MNDAA က ဖေဖော်ဝါရီ ၁၈ ရက်စွဲဖြင့် ထုတ်ပြန်လာသည်။ ကိုးကန့်တပ် (MNDAA)...
ဒရုန်းဖြင့် ဗုံးကြဲခံခဲ့ရသည့် အရပ်သား အလောင်း (၇) မကယ်ထုတ်နိုင်သေး
SHAN -
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကောင်စီမှ ပစ်လိုက်သည့် ဒရုန်း ဗုံးကြဲမှုကြောင့် အရပ်သား များ သေဆုံးမှုရှိကာ အလောင်းများကို ယနေ့အချိန်ထိ မကယ်ထုတ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့နယ် ဝါးတောရွာအနီး တောင်ယာသွားလမ်းတွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ စကစဖက်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၇...
ဆီဆိုင်မြို့အတွင်း သုံးရက်သာ ပစ္စည်းပြန်ယူခွင့်ပြု သတင်းမှား
တိုက်ပွဲပြင်းထန်နေသည့် ဆီဆိုင်မြို့တွင် ယာယီအပစ်ခတ်ရပ်ပြီး ဒေသခံများကို သုံးရက်သာ ပစ္စည်းပြန်သယ်ယူခွင့်ပြုမည်ဆိုသည့် သတင်းမှားဖြစ်သည်။ ဆီဆိုင်မြို့တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA၊ ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေသော်လည်း နှစ်ဖက်တပ်ဖွဲ့တို့သည် ယာယီအပစ်ခတ်ရပ်ပြီး (ဖေဖော်ဝါရီ ၁၈ ရက်မှ ဇန်နဝါရီ ၂၀ ရက်) အထိ သုံးရက်သာ ဒေသခံများကို ပစ္စည်းပြန်သယ်ယူခွင့်ပြုပေးမည်ဆိုပြီး...
ဆီဆိုင်မြို့နယ် ဒေသခံ ၁၅ ဦးထက်မနည်း လက်နက်ကြီးထိမှန်
သျှမ်းပြည် ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့တို့ ပစ်ခတ်သည့် လက်နက်ကြီး၊ လက်နက်ငယ်များကြောင့် ဒေသခံ ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ယနေ့ (ဖေဖော်ဝါရီ ၁၉ ရက်) နံနက် ၆ နာရီခွဲဝန်းကျင်တွင် စစ်ရှောင်များ ဆီဆိုင်မြို့သို့ နေရပ်ပြန်ပြီး...
“စစ်အာဏာရှင်စနစ်ဆိုးဆိုတဲ့ ရောဂါဆိုးကြီးအတွက်ကို အခုကျနော်တို့ ဆေးကြမ်းကြီး သောက်နေတာ။”
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် စံဖူးကျေးရွာတွင် ဇန်နဝါရီလ ၂၁ ရက်တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA)၏ ယာဉ်ကြောင်းကို ပိတ်ဆို့ ဟန့်တားခြင်းကြောင့် စစ်ကောင်စီ စစ်တပ်နှင့်ပူးပေါင်းထားသော အသွင်ပြောင်းပြည်သူ့စစ် PNO နှင့် PNLA တို့အကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။ ထို့နောက် PNLO ဗဟိုဌာနချုပ်ရှိရာ ဆီဆိုင်မြို့နယ်ထဲသို့ စစ်ကောင်စီက...
PNO အမိန့်အရ ဆိုက်ခေါင်ဒေသခံများ စစ်ဝတ်စုံနှင့် သေနတ်ကိုင်ဆောင်ကင်းလှည့်ပေးနေရ
သျှမ်းပြည်ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ကျေးရွာတွင် ပအိုဝ်းပြည်သူ့စစ် PNOအဖွဲ့၏ အမိန့်အာဏာအရ ဒေသခံများသည် စစ်ဝတ်စုံနှင့်သေနတ်ကိုင်ဆောင်ပြီး လုံခြုံရေးကင်းလှည့်ပေးနေရကြောင်း စုံစမ်းသိရသည်။ ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့ဝင် ဦးခွန်သန်းထိုက်အောင် (ခ) ဦးထိုက်အောင်နှင့် ဦးကောပိတမှ ဦးဆောင်ပြီး တစ်အိမ်လျှင် ၁ ဦး မဖြစ်မနေ ကင်းလှည့်စောင့်ပေးရန် (ဇန်နဝါရီလ ၁၅ ရက်)...
ဆီဆိုင်မြို့နယ် ဘန်းယဉ်ကျေးရွာအုပ်စုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်နေ
သျှမ်းပြည် ဆီဆိုင်မြို့နယ် ဘန်းယဉ်ကျေးရွာအုပ်စုအတွင်း ဖေဖော်ဝါရီလ ၁၇ ရက် ညပိုင်း ၈ နာရီဝန်းကျင်မှစပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။ ယမန် (ဖေဖော်ဝါရီလ ၁၇ ရက်) ညပိုင်း ၈ နာရီဝန်းကျင်မှစပြီး ဘန်းယဉ်ကျေးရွာအခြေစိုက် ခမရ ၄၂၅၊ ၄၂၆...
ဆီဆိုင်မြို့နယ် စစ်ကောင်စီ လက်နက်ကြီးပစ် အရပ်သား ၂ဦးသေ၊ ၇ဦးဒဏ်ရာရ
သျှမ်းပြည် ဆီဆိုင်မြို့နယ် ဘန်းယဉ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီးများကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး၊ ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ဘန်းယဉ်ကျေးရွာ စစ်ကောင်စီ၏ အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၄၂၅ နှင့် ၄၂၆ တပ်ရင်းမှနေ၍ စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့သည် ဘန်းယဉ်ကျေးရွာအရှေ့ဘက်ရှိ...





