နောင်ချို တိုက်ပွဲဖြစ်ပွားမည်ကို ကြံတောင်သူများ စိုးရိမ်

သျှမ်းပြည် နောင်ချိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမည်ကို ကြံတောင်သူများ စိုးရိမ်နေကြပြီး၊ ဆမ္မဆယ် သကြားစက်လည်း ယာယီပိတ်ထားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဖေ‌ဖော်ဝါရီလ တတိယပတ်မှ စတင်ပြီး နောင်ချိုမြို့နယ် သုံးဆယ်နှင့် ဆမ္မဆယ် ကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား စစ်ရေးတင်းမာနေပြီး တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်မှုကြောင့် ကြံတောင်သူများမှာ ကြံတင်ပို့ရာတွင် အခက်အခဲ ကြုံတွေ့နေရကြောင်း နောင်ချိုဒေသခံများက ပြောသည်။

“စစ်ရေးအခြေအနေက မတည်ငြိမ်သေးဘူး။ အခုက တချို့TNLA တပ်သားတွေ တပ်ဆုတ်သွားပေမယ့် ဓနု-PDF လည်း ရွာနားမှာ ရှိသေးတယ်။ ဂိတ်တွေဆောက်ပြီး စောင့်တာ သကြားစက်ရုံရောက်ဖို့ ၃/၄ ဂိတ် ဖြတ်ရတယ်။ စစ်ကောင်စီဂိတ်ဆိုရင်လည်း အစစ်အဆေး ကြမ်းတယ်။ ကားပေါ်ပါလာတဲ့ လူစာရင်းပေးရတယ်၊ လက်မှတ်ထိုးပြီးမှ သွားရတယ်”ဟု နောင်ချိုမြို့မှ ဒေသခံ ကြံတောင်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နောင်ချိုမြို့နယ် သုံးဆယ်နှင့် ဆမ္မဆယ် ကျေးရွာအုပ်စုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ် TNLA နှင့် PDF ပူးပေါင်းတပ်များအပြင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး DPLF တို့လည်း သွားလာလှုပ်ရှားနေကြောင်း နောင်ချိုဒေသခံများထံမှ သိရသည်။

“တိုက်ပွဲဖြစ်လာရင်တော့ ကြံပို့နေတဲ့ လမ်းကြောင်းလည်း ပိတ်သွားနိုင်တယ်။ ပြီးတော့ ကြံကားတွေလည်း သွားလို့မရနိုင်ဘူး။ တိုက်ပွဲဖြစ်မှာ ကြောက်တော့ အခု ကြံတောင်သူတွေကတော့ မြန်မြန်ခုတ်နေရတယ်၊ ကြံကားတွေလည်း စက်ရုံမှာ အရမ်းများပြီး တန်းစီနေရတယ်။ အဲ့တာကြောင့် ဆမ္မဆယ်ဘက်က ကြံတွေကို အင်းဝိုင်းဘက်မှာ သွားချမယ်လို့ ပြောတာ”ဟု နောင်ချို ကြံတောင်သူတစ်ဦးက ပြောသည်။

ထို့အပြင် လက်နက်ကိုင်အဖွဲ့များမှ ထောင်ထားခဲ့သော မြေမြှုပ်မိုင်းနှင့် တိုက်ပွဲပြင်းထန်စဉ်က ကျရောက်ခဲ့ပြီး မပေါက်ကွဲသေးသော လက်နက်ကြီးများမှာ ဆမ္မဆယ် ကျေးရွာအုပ်စုရှိ ကြံခင်းများထဲတွင် အများအပြား ကျန်ရှိနေခြင်းကြောင့် အလုပ်သမားများမှာ စိုးရိမ်ထိတ်လန့်နေရကြောင်း နောင်ချိုဒေသခံများထံမှ သိရသည်။

“ပြီးခဲ့တဲ့လ ၂၅ ရက်က သကြားစက်ပိတ်မယ်လို့ ပြောတာလည်း ကြံတောင်သူတွေ တောင်းဆိုလို့ မပိတ်ဖြစ်လိုက်ဘူး။ ဒီလ ၅ ရက်နေ့ကျတော့လည်း ဆမ္မဆယ်စက်ရုံကို ပိတ်မယ်လို့ ပြောနေတာ၊ ဒါလည်း ကြံတောင်သူတွေက စက်ရုံမပိတ်ဖို့ အသနားခံ ပြောထားတာ။ ၁၅ ရက်နေ့ကျရင် ဆမ္မဆယ်က အမှတ်(၁)စက်ရုံကို ပိတ်ပြီး အင်းဝိုင်းမှာ ရှိတဲ့ အမှတ်(၃) စက်ရုံအသစ်မှာ သွားပို့ရမယ်လို့ ပြောတယ်”ဟု နောင်ချိုမြို့မှ ၎င်းကြံတောင်သူ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လက်ရှိတွင် နောင်ချိုမြို့အခြေစိုက် အမြောက်တပ်အပြင် အုမ္မသီးနှင့် ရွှေညောင်ပင်ကျေးရွာအနီး စခန်းချတပ်စွဲထားသည့် စစ်ကောင်စီတပ်များမှ သုံးဆယ်ကျေးရွာဘက်သို့ နေ့စဉ်နီးပါး လက်နက်ကြီး ရမ်းသမ်းပစ်ခတ်လာခြင်းကြောင့် TNLA နှင့် PDF ပူးပေါင်းတပ်များက ရွာသားများကို ရွှေ့ပြောင်းရန် ပြောဆိုထားကြောင်း နောင်ချိုဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်ကလည်း ကျောက်မဲမြို့နယ်တွင် ကြံခင်းထဲ ကြံတင်ရန်သွားသည့် အရပ်သား ၄ ဦးသည် မပေါက်ကွဲသေးသည့် လက်နက်ကြီးကို ထိခိုက်မိရာ ပေါက်ကွဲမှုဖြစ်ပွားခြင်းကြောင့် လူငယ် ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...