ဟိုပုံး-မိုင်းပွန် ကားလမ်းပေါ် အိမ်စီးကား ပစ်ခံရ၊အမျိုးသား၂ဦးထိမှန်

သျှမ်းပြည်တောင်ပိုင်း ဟိုပုံး-မိုင်းပွန် ကားလမ်း‌ပေါ်တွင် အိမ်စီးကားတစ်စီး အပစ်ခံရပြီး အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး မိုင်ပွန်ဒေသခံများ စိုးရိမ်နေကြရကြောင်း စုံစမ်း သိရသည်။

ဟိုပုံးနှင့်မိုင်းပွန်ကြား ထမ်စမ်းဂူအနီးတွင် ယမန်နေ့ (ဖေဖော်ဝါရီ ၂၁ )ရက်တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ဂိတ်တွင် အိမ်စီးကားတစ်စီး အပစ်ခံရပြီး အမျိုးသားနှစ်ဦး အပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း မိုင်းပွန်မြို့‌ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ဟုတ်တယ် အပစ်ခံရတာ။ကားကိုပစ်ပြီး အနောက်ကို ထိတာပေါ့။နှစ်ယောက်တော့ သိသွားတယ်။ မနေ့က ဖြစ်သွားတာ။ပိတ်မိနေတာတွေလည်း အများကြီးပဲ။ ဒီနေ့ကလည်း ဒရုန်းနဲ့ တပ်(ခမရ ၅၁၇)ထဲကို ချသွားတယ်။ တံတားနားမှာလဲ ဗုံးလာချသွားတယ်။တပ်ထဲကတော့ လူထိတယ်လို့တော့ကြားတယ်။”ဟု မိုင်းပွန်မြို့‌ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

တိုက်ပွဲကြောင့် မိုင်းပွန်မြို့ထဲထိ ကားများပိတ်မိနေကြောင်း၊ ကုန်တင်ကားများ၊ကျောက်မီးသွေးတင်ယာဉ်များ နောက်ပြန်လှည့်ရန်ခက်ခဲနေပြီး အိမ်စီကားအများအပြားပိတ်မိကာ ပြည်သူများလည်း စိုးရိမ်ပြီး ထွက်ပြေးတိမ်ရှောင်မှုများလည်းရှိ နေကြောင်း
ဒေသခံ များက သျှမ်းသံတောင့်ကိုပြောသည်။

“တပ်နဲ့နီးတဲ့ တချို့အိမ်တွေကပြေးကုန်ပြီ။ တချို့ကလည်း လွိုင်လင်ကိုပြေးတယ်။ တချို့ကလည်းရွာဖက် ကိုပြေးတာတွေ ရှိတယ်။ မြို့ကလူတွေကတော့ စိုးရိမ်နေရတာပေါ့။ အိမ်တွေဆိုင် တွေပိတ်ထားတာတွေရှိတယ်။ ကားတွေကလည်း တွဲကားကြီးတွေဆိုတော့ ခေါင်းလှည့်ပြန်လို့လည်းမရဘူးလေ။အတန်းကလည် အရှည်ကြီးပဲ။ဟု မိုင်းပွန်မြို့‌ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

သျှမ်းပြည် မြို့တော် တောင်ကြီးမြို့လမ်းတကြောရှိ ဟိုပုန်း၊မိုင်းပွန်၊လွိုင်လင် ယနေ့ (ဖေဖော်ဝါရီ ၂၂) ရက်အထိ မိုင်းပွန်မြို့ရှိ တံတားတွင် ကားလမ်းများ ယာယီပိတ်ထားပြီး လက်နက်ကြီး သံများလည်း ကြားနေရကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ဟိုပုံးမြို့နယ်အတွင်းကို ယမန်နေ့ (ဖေဖော်ဝါရီ ၂၀) ရက်မှစပြီး စစ်ကောင်စီက လေကြောင်းဖြင့် စတင်ပစ်ခတ်ခဲ့ပြီး၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLAနှင့် စစ်ကောင်စီ၊ PNO ပြည်သူ့စစ်တို့ တိုက်ပွဲများပြင်းထန်ကြောနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများဖြစ်ပွား

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ယနေ့ (ဩဂုတ်လ ၁၀ ရက်) နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၉) ရက်နေ့ ညပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ မြို့ပေါ်ရပ်ကွက်အချို့ရှိ...

နှစ်စဉ် ရေကြီး တောင်ပြိုသည့် ဟိုပုံးဒေသ သစ်ပင်စိုက်ရန် စစ်အစိုးရ တပင် ကျပ်လေးရာဖြင့်ရောင်းချနေ

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီး၊ တောင်ပြိုမှုကို ကာကွယ်ရန်အတွက် စစ်အစိုးရ၏ လက်အောက်ခံ သစ်တောဉီးစီးဌာနက သစ်ပင် ပြန်စိုက်ရန် တစ်ပင်လျှင် ကျပ်ငွေလေးရာ(၄၀၀))ဖြင့် ရောင်းချနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၈) ရက်နေ့တွင် သစ်တောဦးစီးဌာနက ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသအတွက် ကော်ဖီပင် ပိုမိုစိုက်ပျိုးနိုင်ရန်နှင့်...