ဆီဆိုင်မြို့တိုက်ပွဲကြား ပိတ်မိသူများ လက်နက်ကြီးကြောင့် နေ့စဉ်ထိခိုက်ဒဏ်ရာရနေ 

သျှမ်းပြည် ဆီဆိုင်မြို့သို့ အတွင်း တိုက်ပွဲကြားပိတ်မိနေသည့် အရပ်သားများနေ့စဥ်နှင့် အမျှ ကျည်ထိမှန်ကြောင်း စုံစမ်းသိရသည်။ 

ယနေ့ (ဖေဖော်ဝါရီလ ၂၂ ရက်) နံနက်ပိုင်းမှစပြီး ဆီဆိုင်မြို့မှ ထွက်ပြေးလာကြသော စစ်ဘေးရှောင် ကလေးငယ်အပါအဝင် အမျိုးသား ၂ ဦးစစ်ကောင်စီမှ ပစ်လိုက်သည့် လက်နက်ကြီးထိမှန်ခဲ့သည်။

ထို့ပြင် စစ်ဘေးရှောင် ၂၀ ကျော်သည် ကား၊ ဆိုင်ကယ်မရှိသဖြင့် လမ်းတစ်ဝက်မှာပိတ်မိနေကြောင်း သွားရောက်ကူညီသည့်ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

“အဓိကတော့ လက်နက်ကြီးနဲ့ ဒရုန်းကြောင့် ထိခိုက်ဒဏ်ရာရတာပါ။ ဆီဆိုင်မြို့မှာက အခုဘယ်နားမှာ နေစရာမရှိဘူး။ ဘယ်နားပဲ ဖြစ်ဖြစ် အဲ့လိုမျိုးတွေ ဖြစ်နေတာ။ ကလေ တစ်ယောက်လည်း ပါသေး တယ်။ ပြီးတော့ကားမရှိ၊ ဆိုင်ကယ်မရှိလို့ ထွက်လာလို့မရတဲ့ လူတွေလည်း အခုထိသွားကယ် ထုတ်ဖို့လုပ်နေတယ်” ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။ 

အလားတူ ယမန်နေ့ (ဖေဖော်ဝါရီလ ၂၁ ရက်) တွင် ဆီဆိုင်မြို့မှ ထွက်ပြေးလာသည့် မိသားစု ၅ ဦးသည်လည်း လက်နက်ထိမှန်ပြီး အမျိုသမီး ၂ ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရကာ အမျိုးသား ၃ ဦးသည်လည်း ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိခဲ့ကြောင်း ဆိုသည်။ 

ဇန်နဝါရီလနောက်ဆုံးပတ်မှစပြီး ဆီဆိုင်မြို့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA နှင့် ပူးပေါင်းမဟာမိတ် တော်လှန်ရေး အင်အားစုအဖွဲ့များတို့ ထိန်းချုပ်လာပြီးနောက် စစ်ကောင်စီသည် ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် တန်ပြန်ထိုးစစ်နေခြင်း ဖြစ်သည်။ 

ယင်းကဲ့သို့ ပြန်လည်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းရာမှ စစ်ကောင်စီသည် လက်နက်ကြီး၊ ဒရုန်းဖြင့် ဦးတည်ရာမဲ့ ပစ်ခတ်မှုများကြောင့် ဆီဆိုင်မြို့သို့ ပစ္စည်းပြန်သယ်ယူသည့် စစ်ဘေးရှောင်များ (ဖေဖော်ဝါရီလ ၁၉ ရက်) ၌ လက်နက်ကြီးထိမှန်ပြီး ၇ ဦးသေဆုံးကာ ၆ ဦးပြင်းပြင်းထန်ဒဏ်ရာရှိခဲ့သည်။

အဆိုပါ စစ်ကောင်စီမှ လက်နက်ကြီး၊ လေကြောင်းဖြင့် အရပ်သားကို ပစ်မှတ်တိုက်ခိုက်သည့်အပေါ် ပအိုဝ်းလူငယ်အစည်းအရုံး Pa-o Youth Organization မှ ခွန်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီအပြစ်မဲ့ အရပ်သားပြည်သူတွေကို စစ်ကောင်စီဘက်က ပစ်မှတ်ထားပြီး တိုက်ခိုက်တာ လူသားမဆန်တဲ့ ကိစ္စရပ်တစ်ခုဖြစ်တယ်။ ဒါစစ်ရာဇဝတ်မြောက် သလိုမျိုး၊ ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုလည်း ဖြစ်တယ်။ ဒါတွေကို ဒီတိုင်းထားလို့တော့ မရဘူး။ ဒါကို စေခိုင်းတဲ့သူ၊ ကျူးလွန်တဲ့သူက ပြန်ပြီးတော့မှာဘဲ တာဝန်ခံဖို့လိုအပ်ပါတယ်။ တာဝန်ခံပေးရမှာ ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။ 

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်မှစပြီး သျှမ်းပြည်တောင်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားလာပြီးနောက် ၁ လကြာ တိုက်ပွဲကြား အရပ်သား ၃၀ ကျော်သေဆုံးပြီး ၅၀ ခန့်ထိခိုက်ဒဏ်ရာရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...