Wednesday, January 28, 2026

ပင်လုံမြို့ ဒေသခံများ ညအချိန် လက်နက်ကြီး ပစ်ခတ်သံ စတင်ကြားရ

သျှမ်းပြည် လွိုင်လင်ခရိုင် ပင်လုံမြို့တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်သံကို ညအချိန်၌ စတင်ကြားနေရကြောင်း စုံစမ်းသိရသည်။

ပင်လုံမြို့

ယမန်နေ့ (ဖေဖော်ဝါရီလ ၂၁ ရက်) ညအချိန်က လွိုင်လင်ခရိုင် ပင်လုံမြို့ အနောက်ဘက်တွင် နေထိုင်သည့် ပြည်သူများမှ မိုင်းပွန်မြို့အဝင် တပ်ကုန်းရှိ စစ်ကောင်စီတပ် ခမရ-၅၁၇ က ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးသံများကို စတင်ကြားခဲ့ရကြောင်း ပင်လုံမြို့ ဒေသခံများက ပြောသည်။

“ညဆိုတော့ မိုင်းပွန်ဘက်က လက်နက်ကြီးပစ်တဲ့ ပဲ့တင်သံလား မပြောတတ်ဘူး။ မိုင်းပွန်နဲ့ ပင်လုံကြား မြို့အနောက်ဘက်လောက် ဖြစ်မယ်၊ လက်နက်ကြီးသံ ကြားတာပေါ့။ သေနတ်ပစ်သံတော့ မကြားရဘူး။ မိုင်းပွန်မြို့အဝင် တပ်ကတော့ လက်နက်ကြီး ပစ်တယ်လေ”ဟု ပင်လုံမြို့မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် မိုင်းပွန်တံတားကို စစ်ကောင်စီတပ်က ဆက်လက်ပိတ်ထားဆဲဖြစ်ပြီး ကားများ ပိတ်မိလျက်ရှိကာ နမ့်စန်မြို့မှ လာသော ကားများလည်း လွိုင်လင်မြို့တွင် ပိတ်မိနေသည်ဟု ‌ဒေသခံများက ပြောသည်။

“တိုက်ပွဲအခြေအနေက ဘယ်လိုလာဦးမလဲ မသိသေးဘူး။ မနေ့က စပြီး လွိုင်လင်-မိုင်းပွန်-ဟိုပုန်းလမ်းက ပိတ်ထားပြီ။ ပင်လုံအနီးတဝိုက်မှာ စစ်ရေးလှုပ်ရှားမှုကတော့ မတွေ့ရသေးဘူး။ အခုတော့ သတင်းနားထောင်နေရတာ။ ပင်လုံဘက်မှာတော့ စစ်ကောင်စီနဲ့ SSPP မတိုက်ရင် ဘယ်သူမှတော့ မရှိဘူး”ဟု ပင်လုံမြို့မှ ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာလ ၁၆ ရက်နေ့က ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် PDF တပ်ဖွဲ့များထံ ပို့ဆောင်မည့် အထူးဒေသ တစ်ခုမှ လာသော လက်နက်ခဲယမ်း အမြောက်အများကို ပင်လုံမြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများသို့ ဖြေကြားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...