Wednesday, May 22, 2024

တိုက်ပွဲကြား မိုင်းပွန်တံတား ပြန်ဖွင့်

Must read

သျှမ်းပြည် တစ်ပတ်ကျော်ကြာ ပိတ်ထားသော မိုင်းပွန် တံတားကို ယနေ့ (မတ်လ ၁) ရက် နံနက်ပိုင်းတွင် ပြန်ဖွင့် လိုက်ကြောင်း သတင်းရရှိသည်။

မိုင်းပွန်မြို့နှင့် ဟိုပုံးမြို့ကြားတွင် တိုက်ပွဲများဖြစ်ပွားနေသော်လည်း လမ်းကို ပြန်လည်ဖွင့်လစ် လိုက်သည့်အတွက် ဒေသခံနှင့် ကားသမားများအတွက်တော့ စိုးရိမ်နေရကြောင်း သိရသည်။

” လက်ရှိမှာ တိုက်ပွဲက ဖြစ်နေဆဲပါ။ ဒီမနက်ထိ လက်နက်ကြီးသံတွေကြားနေရတုန်းပါ။ မိုင်းပွန်တံတားပြန်ဖွင့်ပေမယ့် စိုးရိမ်ရတယ်လေ။ ဒီမှာပိတ်နေတာ တပတ်ကြာပြီဆိုတော့ ပြန်ဖွင့်တာလည်းကောင်းပါတယ်” ဟု ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီ (၂၁ ) တွင်လည်း ထမ်းစမ်းဂူအနီးတွင် စစ်ကောင်စီ၊ PNA ပူးပေါင်းနှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကားသမား ၂ဦး လက်နက်ကြီးထိမှန်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ပွဲများကြောင့် ဖေဖော်ဝါရီ ၂၁ရက်မှ စတင်ကာ မိုင်းပွန်တံတားကို စတင်ပိတ်ခဲ့သည်။ ထို့ လမ်းကြောင်းပိတ်မှုကြောင့် ပင်လုံ- ဟိုပုံ လမ်းကြောဖြစ်သည့် ကျောက်တန်းလမ်းကို ကားသမားက အသုံးပြုခဲ့ရာ ကားအစီး(၁၅)စီးအထက် တိမ်းမှောက်ကာ သေဆုံးမှုလည်းရှိခဲ့သည်။

ထို့ပြင် တိုက်ပွဲကြောင့် မိုင်းပွန်နှင့် အနီးတဝှိက်ပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်ခဲ့သည်။

ဆက်လက်ပြီး ယမန်နေ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဥက္ကဌ ဗိုလ်ချုပ်ခွန်သူရိန် မှ “စစ်အာဏာရှင်စနစ် အမြစ်ပြတ် မကျဆုံးသရွေ့ တိုက်ပွဲတွေလည်း ပြီးဆုံးမည်မဟုတ်ကြောင်း ” ယမန်နေ့ (ဖေဖော်ဝါရီ ၂၉)ရက်တွင် ပြောဆိုခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article