Saturday, May 4, 2024

တပတ်ကြာ ပိတ်မိနေသည့် ကားသမားများ စားဝတ်နေရေးခက်ခဲနေ

Must read

သျှမ်းပြည် တောင်ပိုင်း လမ်းများပိတ်ထားသည့်အတွက်ကြောင့် မိုင်းပွန်မြို့တွင် တပတ်ကျော်ကြာ ပိတ်မိနေသောကားသမားများ စားဝတ်နေရေး အခက်အခဲများကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

သျှမ်းပြည် တောင်ပိုင်း ဟိုပုံး – မိုင်းပွန်ကြား စစ်ကောင်စီ၊ ပြည်သူ့စစ် PNO နှင့် PNLA တို့တိုက်ပွဲများကြောင့် မိုင်းပွန်မြို့တွင် လမ်းများကို ယနေ့ (ဖေဖော်ဝါရီလ ၂၉) ရက်ထိ ပိတ်ထားပြီး၊ တပတ်နီးပါးပိတ်မိနေသော ကားသမားများ စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသခံများက သျှမ်းသံတောင်ဆင့်ကို ပြောသည်။

“တွဲကားသမားတွေကတော့ မိုင်းပွန်မှာ ပိတ်မိနေတုန်းပေါ့။ပိတ်မိတုန်း ၃ ၄ရက်ကတော့ ထမင်းဝေတာတွေ ရှိတာပေါ့။အဲ့ကြောင့် ခုတော့ သူတို့ကတော့ ကိုယ့်ဟာကိုယ် ဝယ်စားနေရတာ။ ပြည်သူတွေကလည်း အခက်အခဲ တွေရှိလာပြီလေ။ သူတို့ကတော့ ကားထဲအိပ်တာရှိတယ် ကားအောက်မှာခင်းပြီး အိပ်တာတွေရှိတယ်။သူတို့လည်း သွားမရတော့ ဝင်ငွေမရှိတော့ ပိုအခက်အခဲဖြစ်တာပေါ့။”ဟု မိုင်းပွန်မြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

သျှမ်းပြည်တောင်ပိုင်း တိုက်ပွဲများကြောင့် ဟိုပုံးနှင့် မိုင်းပွန်မြို့တို့တွင် လမ်းများ ပိတ်ထားပြီး နမ့်စန် မှ ကွန်ဟိန်း၊လွိုင်လင်မှ မိုင်းရှူးမြို့ထိ လမ်တကြော၌ စက်သုံးဆီများ ဈေးတက်နေပြီး အကန့်အသတ်ဖြင့် ရောင်းချပေးခြင်းနှင့် ပန့်ဆီဆိုင်ကြီးများတွင် ဆီများ ပြတ်လပ်နေပြီး အချို့တွင်ပိတ်ထားကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

Leave a Comments

- Advertisement -spot_img

Latest article