တောင်ကြီး – လွိုင်လင်တကြော တိုက်ပွဲပြင်းထန်၊ ကားလမ်းယာယီပိတ်ထား

သျှမ်းပြည် မြို့တော် တောင်ကြီးမြို့လမ်းတကြောဖြစ်သည့် ဟိုပုန်း၊ မိုင်းပွန်၊ လွိုင်လင် အဝင်အထွက် ဂိတ်များ ယာယီပိတ်ထားကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည် မြို့တော် တောင်ကြီးမြို့လမ်းတကြောရှိ ဟိုပုန်း၊မိုင်းပွန်၊လွိုင်လင် ယနေ့ (ဖေဖော်ဝါရီ ၂၂) ရက်အထိ မိုင်းပွန်မြို့ရှိ တံတားတွင် ကားလမ်းများ ယာယီပိတ်ထားပြီး လက်နက်ကြီး သံများလည်း ကြားနေရကြောင်း ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“မိုင်းပွန်တံတားနားက တော့ မဖွင့်သေးဘူး။ လွိုင်လင်ကမနက်ကဖွင့်ပြီးတော့ မိုင်းပွန်မှာလာခံနေတယ်။ ဒီမနက်ထွက်လာတဲ့ကားတွေတော့ တောင်ကြီး ၄ မိုင်ဂိတ်က မနက်က ၅ နာရီလောက်က ပိတ်တယ်။ မိုင်းပွန်မှာ လည်း လက်နတ်ကြီးသံတွေကြားနေတယ်၊ ကျနော်မနေ့ညကတော့ လမ်းမှာ ပဲအိပ်ရတယ်။ ”ဟု‌ ကားသမား တစ်ဦးက ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီလ ၂၁) ရက် ဟိုပုံးမြို့နှင့် မိုင်းပွန်မြို့ကြားရှိ ထမ်စမ်းဂူအနီးတွင် စစ်ကောင်စီ နှင့် PNO ပြည်သူ့ စစ်တို့က ကားလမ်းပိတ်ထားပြီး ဖြတ်သန်းသွား လာခွင့်မပြုသည့် လမ်းတွင်အိပ်ရသူများလည်းရှိနေပြီး၊ လှည့်ပြန်နေသောကားများလည်းရှိကြောင်း ‌ကားသမားများက ပြောသည်။

ဟိုပုံးမြို့နယ်အတွင်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်မှစပြီး စစ်ကောင်စီက လေကြောင်းဖြင့် စတင် ပစ်ခတ်ခဲ့ပြီး PNLAနှင့် စစ်ကောင်စီ၊ PNO ပြည်သူ့စစ်တို့ တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၁ ရက် မိုင်းပွန်မြို့အနီး လွိုင်လင်ဘက်အထွက် ကျေးရွာများတွင် ရှမ်းပြည်တိုး တက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA ဦးဆောင်သော မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ် ပူးပေါင်းတပ်များအကြား တိုက်ပွဲပြင်းထန်နေခဲ့ကြောင်း ခေတ်သစ်မီဒီယာ မှ ရေသားထားသည်။

အဆိုပါ SSPP/SSA က ဦးဆောင်သော မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ် ၊ PNO ပြည်သူ့စစ် ပူးပေါင်းတပ်များအကြား တိုက်ပွဲပြင်းထန်နေသည့် ကိစ္စနှင့်ပတ်သက်ပြီး SSPP ပြောရေးဆိုခွင့်ရှိသူများကို သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းစက်ပိတ်ထားသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ထိန်းချုပ်ထားသည့် ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်က တင့်ကား၊ သံချပ်ကာကားများ အပါအဝင် စစ်အင်အား အလုံးအရင်း အသုံးပြု ထိုးစစ်ဆင်ရန် ပြင်ဆင် နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ယမန်နေ့ (ဖေဖော်ဝါရီ ၂၀ ရက်) မှာ သျှမ်းသံတော်ဆင့်ကို ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...

တောင်ကြီးတွင် အချင်းချင်း စကားများရန် ဖြစ်ရာမှ ဓားဖြင့် ထိုးသတ် အမျိုးသားတစ်ဦး သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး အချင်းချင်းစကားများ ရန်ဖြစ်ရာမှ ဓားဖြင့်ထိုးသတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၉)ရက်နေ့တွင် စိန်ပန်းရပ်ကွက် နှင်းဆီလမ်းထိပ် အရက်ဆိုင်တွင် သက်လတ်ပိုင်းအရွယ် ကိုထွန်းထွန်းနိုင်နှင့် ကိုထက်ပိုင်မှူး တို့ စကားများရန်ဖြစ်ကြပြီး ဓားဖြင့်ထိုးမှုကြောင့် ကိုထက်ပိုင်မှူး...

တောင်ကြီးတွင် Kpay ပြေစာအတုပြပြီး ငွေလိမ်လည်ထုတ်ယူမှုရှိနေ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် Kpay ပြေစာအတုပြပြီး ‌ငွေလိမ်လည်ထုတ်ယူသူ များလာသဖြင့် ဈေးဆိုင်အချို့ အခက်တွေ့နေရကြောင်း သိရသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၇ရက်တွင် တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်မှ ဈေးဆိုင်တွင် လူရှုပ်နေချိန်ကို အခွင့်ကောင်းယူကာ ငွေသွင်းပြေစာအတုများကို ဆိုင်ရှင်အားပြ၍ ငွေကျပ် သိန်း(၃၀) ထုတ်ယူသွားခဲ့ကြောင်းကိုယ်တိုင်ကြုံတွေ့ရသည့် ကုန်စုံဆိုင်ပိုင်ရှင်တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထိုသို့...